
မက်ဒရစ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် ယူအီးအက်ဖ်အေနေးရှင်းစ်လိဂ် အုပ်စုပွဲစဉ်တွင် စပိန်အသင်းသည် အင်္ဂလန်အသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် စပိန်အသင်း၏ ၄၃ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် အဆုံးသတ်သွားခဲ့ရုံသာမက မတ်လပြိုင်ပွဲများပြန်လည်စတင်ချိန်၌ စပိန်နည်းပြလူးဝစ်စ်ဒယ်လာဖွန်တေး၏အသင်းအတွက် ခက်ခဲသောစိန်ခေါ်မှုတစ်ရပ်နှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
အင်္ဂလန်နှင့် စပိန်နှစ်သင်းစလုံးသည် နိုဝင်ဘာ ၁၅ ရက် ပွဲစဉ်မတိုင်မီပင် ကွာတားဖိုင်နယ်တက်ရောက်ရန် သေချာနေပြီးဖြစ်သော်လည်း အင်္ဂလန်၏အနိုင်ရလဒ်ကြောင့် စပိန်ကိုကျော်တက်ကာ အုပ်စု A3 ၏ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး စပိန်အသင်းမှာ ဒုတိယနေရာ၌ ရပ်တည်ခဲ့ရသည်။
ယင်းအခြေအနေကြောင့် သီအိုရီအရ အင်္ဂလန်အသင်းသည် ကွာတားဖိုင်နယ်တွင် ပိုမိုလွယ်ကူသောပြိုင်ဘက်နှင့် တွေ့ဆုံရန်အလားအလာရှိနေပြီး စပိန်အသင်းမှာမူ နောက်ဆုံးလေးသင်းအဆင့် (ဆီမီးဖိုင်နယ်) သို့ တက်လှမ်းနိုင်ရန် ပိုမိုခက်ခဲသော စိန်ခေါ်မှုနှင့်ရင်ဆိုင်ရဖွယ် ရှိသည်။
ဂျာမနီအသင်းသည် နယ်သာလန်အသင်းကို ၅-၀ ဂိုးဖြင့် နိုဝင်ဘာ ၁၆ ရက်ညက အံ့အားသင့်ဖွယ်အနိုင်ရရှိခဲ့ခြင်းကြောင့် နည်းပြ ယာဂင် ကလော့ပ်၏အသင်းသည် အုပ်စု A2 တွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့သလို ဇီနီဒင်းဇီဒန်းကိုင်တွယ်နေသည့် ပြင်သစ်အသင်းသည် အုပ်စု A1 တွင်ထိပ်ဆုံးမှ ရပ်တည်နေသည့်အတွက် စပိန်ဘောလုံးလောကနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားနည်းပြတစ်ဦးအပြင် ကစားသမားအများအပြားနှင့် ပြန်လည်ဆုံတွေ့ရမည့် အလားအလာများ ရှိနေသည်။
စပိန်အသင်း၏ အခြားဖြစ်နိုင်ဖွယ်ကွာတားဖိုင်နယ်ပြိုင်ဘက်မှာ အုပ်စု A4 မှ အသင်းတစ်သင်း ဖြစ်လာမည်ဖြစ်သည်။ ထိုအုပ်စုတွင် ပေါ်တူဂီအသင်းသည် နောက်တစ်ဆင့်တက်ရောက်ရန် သေချာနေပြီဖြစ်ကာ ဒိန်းမတ်နှင့် နော်ဝေတို့က ကျန်ရှိသော ကွာတားဖိုင်နယ်တစ်နေရာအတွက် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိသည်။ ပေါ်တူဂီအသင်းသည် နိုဝင်ဘာ ၁၇ ရက်တွင် ဝေးလ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဒိန်းမတ်အသင်းက နော်ဝေအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ အုပ်စုနောက်ဆုံးရပ်တည်မှုများကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
ယခုနှစ်နွေရာသီက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်းဗိုလ်စွဲခဲ့ခြင်းသည် နည်းပြဒယ်လာဖွန်တေးအတွက် အကောင်းမြင်စရာ အကြောင်းရင်းများ ဖြစ်စေခဲ့သည်။ စပိန်အသင်းသည် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် ပြင်သစ်အသင်းကို ၂-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ရရှိခဲ့သလို ၁၆ သင်းအဆင့်ပွဲစဉ်တွင် မီကယ်မာရီနို၏ နောက်ကျဂိုးကြောင့် ပေါ်တူဂီအသင်းကိုဖြုတ်ချနိုင်ခဲ့သည်။
သို့သော်လည်း အင်္ဂလန်အသင်းတွေ့ဆုံရနိုင်သည့် ဘယ်လ်ဂျီယံ၊ နယ်သာလန် သို့မဟုတ် အုပ်စု A4 ဒုတိယနေရာရအသင်းတို့နှင့် နှိုင်းယှဉ်ပါက စပိန်အသင်းရင်ဆိုင်ရနိုင်သည့် ပြင်သစ်၊ ဂျာမနီ သို့မဟုတ် အုပ်စု A4 ပထမနေရာရ အသင်းတို့မှာ ပိုမိုခက်ခဲကြမ်းတမ်းသည့် အခြေအနေဖြစ်သည်။
အင်္ဂလန်အသင်းနှင့်ပွဲစဉ်တွင် ရိုဒရီဟာနန်ဒက်ဇ် မပါဝင်နိုင်ခြင်းကြောင့် အကြီးအကျယ်အားနည်းခဲ့ရသည့်အတွက် မတ်လရောက်ရှိချိန်တွင် အဓိကကစားသမားများ အကောင်းဆုံးခြေစွမ်းပြနိုင်သည့် အခြေအနေတွင်ရှိနေကြရန်လည်း ဒယ်လာဖွန်တေးက မျှော်လင့်နေမည်ဖြစ်သည်။
မည်သည့်ရလဒ်ထွက်ပေါ်သည်ဖြစ်စေ ပရိသတ်များအနေဖြင့် အဆင့်အတန်းအမြင့်ဆုံး ပွဲစဉ်နှစ်ပွဲကို ကြည့်ရှုခံစားရမည်မှာ သေချာသလောက်ရှိနေပြီး စပိန်အသင်းအတွက် နိုဝင်ဘာ ၁၅ ရက်က ရှုံးပွဲသည် ၎င်းတို့၏ လတ်တလောအောင်မြင်မှုအရှိန်အဟုန်အတွင်း ခဏတာချွတ်ချော်တိမ်းစောင်းခြင်းသာ ဖြစ်ကြောင်း သက်သေပြရန် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ (Xinhua)
…………….
(English Version)
England defeat set up tough quarter-finals for world champion Spain in Nations League
MADRID, Nov. 17 (Xinhua) -- Spain's 3-2 defeat to England in Sunday's UEFA Nations League group match not only ended its remarkable 43-match unbeaten run but also presented a potentially difficult challenge for Luis de la Fuente's side when the competition resumes in March.
Although both England and Spain had already secured places in the quarter-finals ahead of Sunday's clash, England's victory saw it leapfrog Spain to finish top of Group A3, leaving the Spanish in second place.
That means England is theoretically in line for an easier quarter-final opponent, while Spain faces the prospect of a tougher challenge to reach the final four.
Germany's stunning 5-0 win over the Netherlands on Monday night took Jurgen Klopp's side to the top of Group A2, while France, now coached by Zinedine Zidane, tops Group A1, setting up the possibility of a meeting with a coach and several players well known in Spain.
Spain's other possible quarter-final opponent will come from Group A4, where Portugal have already secured qualification, while Denmark and Norway are competing for the remaining quarter-final spot. Portugal will face Wales on Tuesday, while Denmark takes on Norway, with the final standings still to be decided.
Spain's triumph at the World Cup this summer gives De la Fuente reasons for optimism. His side comfortably beat France 2-0 in the World Cup semi-finals, while a late goal from Mikel Merino eliminated Portugal in the round of 16.
However, a possible encounter with France, Germany or the winner of Group A4 looks tougher than England's potential opponents, who include Belgium, the Netherlands or the runner-up in Group A4.
De la Fuente will also hope that his key players are in their best form when March comes around, with Rodri Hernandez sorely missed against England.
Whatever happens, fans look certain to enjoy two games of the highest level, which will give Spain the opportunity to show that Sunday's defeat was merely a blip in its magnificent recent trajectory.
Photo caption: Bart Verbruggen (1st L) of the Netherlands fails to save the goal of Brajan Gruda (2nd L) of Germany during the UEFA Nations League 2026/27 League A Group A2 match between Germany and the Netherlands in Berlin, Germany, Nov. 16, 2026. (Photo by Ulrich Hufnagel/Xinhua)