ရန်ကုန် နိုဝင်ဘာ ၁၇
၂၀၂၆ - ၂၀၂၇ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်(၂)ကို နိုဝင်ဘာ ၁၈၊ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အဝေးကွင်းပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စုပွဲများကို အောက်တိုဘာလကတည်းက ကျင်းပနေသော်လည်း ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပထမပွဲကို ပွဲစဉ်(၂)မှသာ စတင်ကစားရခြင်းဖြစ်သည်။ ပြိုင်ပွဲကို ခုနစ်သင်း နှစ်အုပ်စုခွဲ ကျင်းပနေပြီး အုပ်စု(A)တွင် ဘူရီရမ် ယူနိုက်တက်(ထိုင်း)၊ ရတ်ချာဘူရီ(ထိုင်း)၊ ဟိုချီမင်းစီးတီး(ဗီယက်နမ်)၊ ကူချင်းစီးတီး(မလေးရှား)၊ တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ဘော်နီယို(အင်ဒိုနီးရှား)၊ မနီလာဒီဂါ(ဖိလစ်ပိုင်)၊ အုပ်စု(B)တွင် Port(ထိုင်း)၊ ပါဆစ်(အင်ဒိုနီးရှား)၊ ဂျိုဟိုးဒါရူးလ်(မလေးရှား)၊ ကောင်အန်ဟနွိုင်း (ဗီယက်နမ်)၊ Lion City (စင်ကာပူ)၊ PKR Svay Rieng (ကမ္ဘောဒီးယား)တို့ ပါဝင်နေသည်။ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပထမပွဲအဖြစ် နိုဝင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အင်ဒိုနီးရှားကလပ် ပါဆစ်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ အုပ်စုပွဲများကို တစ်ကျော့တည်းသာ ကျင်းပမည်ဖြစ်ပြီး အုပ်စုခြောက်ပွဲကို အိမ်ကွင်းသုံးပွဲ၊ အဝေးကွင်းသုံးပွဲ ကစားရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပါဆစ်အသင်းနှင့် အုပ်စုပထမပွဲ ကစားပြီးပါက ကျန်အုပ်စု ငါးပွဲကို ဒီဇင်ဘာလတွင် နှစ်ပွဲ၊ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ပွဲ၊ မတ်လတွင် တစ်ပွဲ၊ ဧပြီလတွင် တစ်ပွဲ ထပ်မံကစားရမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - စိုးညွန့်သော်