Xinhua Myanmar

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ အရှိန်မြင့်တက်လာသည့်တိုင် APEC အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်နိုင်ဟု ဩစတြေးလျပညာရှင် ပြောကြား

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ဟွမ်ကန်နယ်စပ်ဂိတ် ရင်ပြင်၌ APEC အထိမ်းအမှတ် ပန်းအလှဆင်မှုတစ်ခုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ အရှိန်မြင့်တက်လာသည့်တိုင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်အနေဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဖြစ်ကာ ယခုနှစ် အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကလည်း အဖွဲ့ဝင်များအကြား ဘုံသဘောတူညီချက် ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဩစတြေးလျ ကုန်သွယ်ရေးဝန်ကြီးဟောင်း ခရိတ် အီမာဆန်က ပြောကြားခဲ့သည်။

၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ ဆင်ဟွာသတင်းဌာနနှင့် မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် ဩစတြေးလျ APEC လေ့လာရေးစင်တာ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ အီမာဆန်က ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဉာဏ်ရည်တု (AI) အသုံးပြုခြင်းမှသည် စာရွက်စာတမ်းမဲ့ ကုန်သွယ်မှုအထိ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အလေးပေး ပြောကြားခဲ့သည်။

"သဘောတူညီချက် ရရှိနိုင်မယ့် နယ်ပယ်တွေကို ရှာဖွေဖို့ တရုတ်နိုင်ငံ တာဝန်ရှိသူတွေက အပြင်းအထန် ကြိုးပမ်းနေကြပြီး ဒါဟာ သူတို့ရဲ့ ကြီးမားတဲ့ ဂုဏ်ယူဖွယ် စွမ်းဆောင်ချက်ပါပဲ" ဟု ၎င်းက ဆိုသည်။ ဓာတ်မှန်ကဲ့သို့သော ဆေးဘက်ဆိုင်ရာ ပုံရိပ်များကို ဖတ်ရှုအဓိပ္ပာယ်ဖော်ရာတွင် AI နည်းပညာအသုံးပြုခြင်းကို အလားအလာရှိသော နယ်ပယ်တစ်ခုအဖြစ် ၎င်းက ထောက်ပြခဲ့ပြီး အဆိုပါနည်းပညာနှင့် လူသားကျွမ်းကျင်မှုတို့ ပေါင်းစပ်ခြင်းဖြင့် တိကျမှန်ကန်မှုကို မြှင့်တင်နိုင်မည်ဟုလည်း ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261117/95d8012b036947228427c049fe3c8204/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ ကန်ရှ မြောက်ပိုင်း မြေအောက်ဘူတာရုံရှိ APEC အထိမ်းအမှတ် နောက်ခံအပြင်အဆင်တစ်ခုအနီးမှ ဖြတ်သန်းသွားလာနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

(English Version)

APEC can keep cooperation moving despite rising protectionism, says Australian expert

MELBOURNE, Nov. 17 (Xinhua) -- The Asia-Pacific Economic Cooperation (APEC) forum can advance practical cooperation even as protectionism rises, with China working to find common ground among its members as this year's host, former Australian Trade Minister Craig Emerson has said.

In a recent interview with Xinhua ahead of the 33rd APEC Economic Leaders' Meeting, Emerson, executive chair of the Australian APEC Study Center, highlighted opportunities ranging from artificial intelligence (AI) in healthcare to paperless trade.

"The Chinese officials are working hard to find areas where agreement can be reached, and that's to their great credit," he said. He pointed to the use of AI to interpret medical images such as X-rays as one promising area. He said combining the technology with human expertise could improve accuracy.

https://english.news.cn/20261117/95d8012b036947228427c049fe3c8204/c.html

Photo caption 1: This photo taken on Nov. 5, 2026 shows an APEC-themed floral installation at the square of Huanggang Port in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)

Photo caption 2: People walk past an APEC-themed installation at Gangxia North Metro Station in Shenzhen, south China's Guangdong Province, Oct. 25, 2026. (Xinhua/Mao Siqian)

မူရင်းသတင်း — Xinhua Myanmar