Xinhua Myanmar

“၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” က တရုတ်နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလောကသို့ ပေးအပ်သည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဖိတ်ခေါ်မှုဖြစ်ဟု ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ချန်ဟိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် တက်ရောက်ကာ “ယုံကြည်မှုခိုင်မာ၊ ရဲရင့်စွာ ရှေ့သို့ချီ၊ အာရှ-ပစိဖိတ်၏ တောက်ပသော အနာဂတ်ဆီ အတူဖန်တီးမည်” ဟူသော ခေါင်းစဉ်ဖြင့် အဓိကမိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ဆန်းကျန့်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီအီးအို ထိပ်သီး‌အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ အဓိကမိန့်ခွန်းကို ပြောကြားခဲ့သည်။

မိန့်ခွန်းတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” သည် တရုတ်နိုင်ငံကိုယ်တိုင်၏ ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်မျှော်မှန်းချက်အစီအစဉ် ဖြစ်သည့်အပြင် အာရှ-ပစိဖိတ်ဒေသမှသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအတွက် အခွင့်အလမ်းစာရင်းကို ပေးအပ်သည့်အရာလည်း ဖြစ်ပြီး တရုတ်နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ စက်မှုစီးပွားရေးလောကသို့ ပေးအပ်သည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဖိတ်ခေါ်မှုဖြစ်ကြောင်း ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍအတွက် အလွန်ကြီးမားသော တံခါးဖွင့်လှစ်မှုရှိသည့်စျေးကွက်ကို ပံ့ပိုးပေးမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ကမ္ဘာပေါ်တွင် ပမာဏအကြီးမားဆုံးသော အလယ်အလတ်ဝင်ငွေရှိသူ လူအုပ်စုရှိပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှု အလားအလာမှာ အလွန်ကြီးမားသည်။ စွမ်းအင်စစ်သုံးမော်တော်ကားများမှ အိမ်တွင်းစမတ်ပစ္စည်းများအထိ၊ သက်ကြီးရွယ်အိုကဏ္ဍစီးပွားရေးဖြစ်သည့် ငွေရောင်စီးပွားရေးမှ ရေခဲဆီးနှင်းခရီးသွားလုပ်ငန်းအထိ လမ်းကြောင်းအသစ်တစ်ခုစီတိုင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီလုပ်ငန်းများအတွက် အခွင့်အလမ်းအသစ်များကို ယူဆောင်လာသည်။ တရုတ်နိုင်ငံသည် တံခါးဖွင့်လှစ်မှုရှိသော စျေးကွက်ကြီးကို အရှိန်မြှင့်တည်ဆောက်လျက်ရှိပြီး အရည်အသွေးမြင့်ထုတ်ကုန်နှင့် ဝန်ဆောင်မှု တင်သွင်းမှုကို တိုးချဲ့ကာ အမျိုးစုံလင်သော ဝယ်လိုအားသစ်များကို စဉ်ဆက်မပြတ် ဖြစ်ပေါ်စေမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍအတွက် အလားအလာကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်ရေးအလားအလာများကို ပံ့ပိုးပေးမည်ဖြစ်သည်။ ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်ခြင်း၊ အစိမ်းရောင် အသွင်ကူးပြောင်းမှုတို့သည် တရုတ်စီးပွားရေး၏ အဓိကသော့ချက်စကားလုံးများဖြစ်သည်။ တရုတ်နိုင်ငံသည် ခေတ်မီအသွင်ပြောင်း စက်မှုလုပ်ငန်းစနစ်ကို အရှိန်မြှင့် တည်ဆောက်မည်ဖြစ်ပြီး သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုတို့ကို နက်ရှိုင်းစွာပေါင်းစပ်ကာ ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီလုပ်ငန်းများ၏ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ကြီးထွားမှုအတွက် အားကောင်းသော စွမ်းအားကို ပံ့ပိုးပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍအတွက် အပြန်အလှန်တွန်းအားပေး၍ အတူတကွတိုးတက်သော ပူးပေါင်းဆောင်ရွက်ရေး ပတ်ဝန်းကျင်ကို ပံ့ပိုးပေးမည်ဖြစ်သည်။ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၏ ရိုက်ခတ်မှုကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အစဉ်အမြဲ ကျင့်သုံးလျက်ရှိပြီး နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ခိုင်မာစွာ ထိန်းသိမ်းထားသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများကို ထိန်းသိမ်းထားပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံတကာကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တည်ငြိမ်မှုနှင့် သေချာမှုကို စဉ်ဆက်မပြတ်ဖြည့်တင်းပေးမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် စည်းကြပ်ခွန်လျှော့ချခြင်း၊ ဝင်ရောက်ခွင့် တိုးချဲ့ခြင်းမှစ၍ စည်းမျဉ်း၊ စီမံခန့်ခွဲမှု၊ စံနှုန်းများစသည့် နက်ရှိုင်းသော နယ်ပယ်များအထိ ပြုပြင်ပြောင်းလဲရေးကို စူးစမ်းရှာဖွေကာ ထုတ်လုပ်မှုလုပ်ငန်းတွင် ဝင်ရောက်ခွင့်နှင့် လုပ်ကိုင်ခွင့် နှစ်မျိုးလုံးကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ တံခါးဖွင့်လှစ်မှုကို တည်ငြိမ်စွာ တိုးချဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် ပိုမိုတည်ငြိမ်ပြီး ပိုမိုကြိုတင်မှန်းဆနိုင်သော အရည်အသွေးမြင့် ပတ်ဝန်းကျင်ကို ပံ့ပိုးပေးမည်ဖြစ်သည်။ (Xinhua)

............................

(Chinese Version)

聚焦APEC|习近平:“十五五”规划是中国面向全球工商界发出的合作邀约

新华社深圳11月18日电(记者潘洁、肖思思)11月18日上午,国家主席习近平在深圳出席2026年亚太经合组织工商领导人峰会开幕式并发表主旨演讲。  

习近平指出,中国“十五五”规划既是自身的发展蓝图,也为亚太乃至全球经济增长提供机遇清单,是中国面向全球工商界发出的合作邀约。  

中国将为全球工商界提供超大规模的开放市场。中国拥有全球规模最大的中等收入群体,投资和消费潜力巨大。从新能源汽车到智能家居,从银发经济到冰雪旅游,每一个新赛道都为全球企业带来新机遇。中国正在加快建设开放大市场,扩大优质产品和服务进口,将不断催生多样化新需求。  

中国将为全球工商界提供前景广阔的发展空间。创新驱动、绿色转型是中国经济的关键词。中国将加快构建现代化产业体系,推动科技创新和产业创新深度融合,为全球企业技术创新和发展壮大提供强劲动能。  

中国将为全球工商界提供互促共进的合作环境。面对单边主义、保护主义冲击,中国始终践行真正的多边主义,坚定维护多边贸易体制,维护世贸组织规则,推动世界贸易组织改革,不断为世界经济增长和国际经贸合作注入稳定性和确定性。中方将从降低关税、扩大准入,到探索规则、管理、标准等深水区改革,全面落实制造业准入又准营,稳步扩大服务业领域开放,为全球企业来华投资兴业提供更稳定、更可预期的优质环境。(完)

图说:11月18日上午,国家主席习近平在深圳前海国际会议中心出席2026年亚太经合组织工商领导人峰会开幕式,并发表题为《坚定信心,勇毅前行 共创亚太光明未来》的主旨演讲。 新华社记者 李响 摄

မူရင်းသတင်း — Xinhua Myanmar