
ဆန်းကျန့်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အာရှ-ပစိဖိတ်ဒေသ အတူတကွသာယာဝပြောရေးအတွက် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်သော တံတားတစ်စင်း တည်ဆောက်ကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၁၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ၂၀၂၆ ခုနှစ် APEC စီအီးအို ထိပ်သီးအစည်းအဝေး အရေးကြီးမိန့်ခွန်း၌ ရှီက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသအနေဖြင့် တံခါးဖွင့်လှစ်၍ ပွင့်လင်းသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ထောက်ခံအားပေးသင့်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်ချောမွေ့စေရေးကိုလည်း ထိန်းသိမ်းရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
ထို့အပြင် အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးလုပ်ငန်းစဉ်ကိုလည်း ပုံမှန်တိုးတက်မှုရှိရေး ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Xi calls for openness, cooperation for Asia-Pacific to prosper together
SHENZHEN, Nov. 18 (Xinhua) -- Chinese President Xi Jinping on Wednesday called for building a bridge of openness and cooperation for the Asia-Pacific to prosper together.
Xi made the remarks while delivering a keynote speech at the APEC CEO Summit 2026 in Shenzhen, south China's Guangdong Province.
The Asia-Pacific should support free and open trade and investment while keeping the global industrial and supply chains stable and smooth, Xi said.
He also called for efforts to steadily advance the process of the Free Trade Area of the Asia-Pacific.
Photo caption: This photo taken on Nov. 18, 2026 shows an exterior view of the Qianhai International Convention Center, the venue for the opening ceremony of the Asia-Pacific Economic Cooperation (APEC) CEO Summit 2026 in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)