
ဘစ်ရှ်ကက်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးတို့အတွက် အရေးပါသော အခွင့်အလမ်းတစ်ရပ် ဖြစ်လာမည်ဟု ကာဂျစ္စတန် စီးပွားရေးပညာရှင် အစ္စကန်ဒါ ရှာရှီးဗ်က အစည်းအဝေးမတိုင်မီ ဆင်ဟွာသတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ ကမ်းရိုးတန်းဒေသ စီးပွားရေးဗဟိုချက်ဖြစ်သော ဆန်းကျန့်မြို့၌ နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပရန် စီစဉ်ထားသည့် ယခုအကြိမ်အစည်းအဝေး အပါအဝင် APEC အစည်းအဝေးများ၏ အိမ်ရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ လွန်ခဲ့သောနှစ်များအတွင်း သိသိသာသာ မြင့်မားလာခဲ့သည်ဟု ရှာရှီးဗ်က ဆိုသည်။
"၂၀၀၁ ခုနှစ်က ရှန်ဟိုင်းမြို့မှာ APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ရာကနေ ၂၀၁၄ ခုနှစ်ကလည်း ပေကျင်းမြို့မှာ ဒုတိယအကြိမ် ကျင်းပနိုင်ခဲ့ပြီး အခုတစ်ကြိမ် ဆန်းကျန့်မြို့မှာ ကျင်းပမယ့် အစည်းအဝေးအတွက် ပြင်ဆင်နေချိန်အထိ တရုတ်နိုင်ငံဟာ တာဝန်သိ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ APEC ယန္တရား ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုတွေ မြှင့်တင်ရာမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သလို APEC အဖွဲ့ ထိထိရောက်ရောက် လည်ပတ်နိုင်ဖို့အတွက်လည်း အထောက်အကူပြုခဲ့တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261117/aa2d81306383419ca479a532ecb8689f/c.html

..................................
(English Version)
APEC gathering vital for regional cooperation, development -- Kyrgyz economist
BISHKEK, Nov. 17 (Xinhua) -- The 33rd APEC Economic Leaders' Meeting will be an important opportunity for strengthening regional cooperation and promoting economic development, Kyrgyz economist Iskender Sharsheev told Xinhua in an interview ahead of the meeting.
China's role has grown significantly over the years as host of APEC meetings, with the latest one scheduled for Wednesday and Thursday in the city of Shenzhen, a coastal economic hub in south China, said Sharsheev.
"From hosting the APEC Economic Leaders' Meeting for the first time in Shanghai in 2001 to holding it for the second time in Beijing in 2014, and now preparing to host the upcoming meeting in Shenzhen, China has played an active role in developing the APEC mechanism, promoting trade and investment liberalization, and contributed to its effective functioning, as a responsible participant," he said.
https://english.news.cn/20261117/aa2d81306383419ca479a532ecb8689f/c.html
Photo caption 1: An APEC-themed installation is seen on Xiangmihu road in Shenzhen, south China's Guangdong Province, Nov. 15, 2026. (Xinhua/Jin Liwang)
Photo caption 2: An APEC-themed decoration is seen on Xiangmihu road in Shenzhen, south China's Guangdong Province, Nov. 15, 2026. (Xinhua/Deng Hua)