Xinhua Myanmar

တရုတ်နိုင်ငံ၏ APEC ဖြတ်သန်းမှုခရီးက ကမ္ဘာကြီးနှင့်အတူ ဘုံသာယာဝပြောရေး ဖော်ဆောင်ရန် ရာစုနှစ် လေးပုံတစ်ပုံကြာ ကြိုးပမ်းမှုကို သက်သေထူလျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ဆန်းကျန့် ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ APEC အထိမ်းအမှတ် ဒစ်ဂျစ်တယ်ပိုစတာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ ဆန်းကျန့်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည့် ခရီးသွားဧည့်သည်များအား "ဆန်းကျန့်တွင် စုဝေး၍ အံ့ဖွယ်များကို မျက်ဝါးထင်ထင် ကြည့်ရှုကြပါစို့" ဟူသော ဖန်သားပြင်များပေါ်မှ စာတန်းက ကြိုဆိုလျက်ရှိသည်။

အဆိုပါ ခရီးသွားဧည့်သည်များအနက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အခမ်းအနားများ တက်ရောက်ရန် ရောက်ရှိလာကြသည့် ခေါင်းဆောင်များနှင့် စီးပွားရေးနယ်ပယ်မှ အမှုဆောင်အရာရှိများလည်း ပါဝင်ကြသည်။ ကာလရှည် နေထိုင်ခဲ့သူအတော်များများအတွက် စပါးခင်းများနှင့် ကမာကောင်မွေးမြူရေးကန်များအကြား တိတ်ဆိတ်ငြိမ်သက်နေသည့် မြို့ငယ်လေးတစ်မြို့အဖြစ်သာ မှတ်မိနေကြဆဲဖြစ်သည့် ဤခေတ်မီမြို့ကြီးတွင် စုဝေးရောက်ရှိနေကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးခဲ့ပြီးနောက် ရာစုနှစ်ဝက်နီးပါးအကြာတွင် အဆိုပါ အပြောင်းအလဲများက ကမ္ဘာပေါ်တွင် အံ့အားသင့်ဖွယ်အကောင်းဆုံး စီးပွားရေးအောင်မြင်မှု ဖြစ်စဉ်တစ်ခုကို ဖန်တီးပေးခဲ့သည်။ ဆန်းကျန့်မြို့သည် ထိုဖြစ်စဉ်၏ အထင်ရှားဆုံး စာမျက်နှာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ဆန်းကျန့်မြို့နှင့် တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ အဆိုပါ အံ့မခန်းဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကြီးမှာ ယခုအချိန်ထိလည်း ဆက်လက်ဖြစ်ထွန်းနေဆဲဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261117/c7d93c9f88204a96939e71769461fcb9/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ ယန်ထျန်ဆိပ်ကမ်းသို့ ခုတ်မောင်းလာသည့် ကုန်တင်သင်္ဘောတစ်စင်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

Xinhua Headlines: China's APEC journey witnesses quarter-century pursuit of shared prosperity with wider world

SHENZHEN, Nov. 17 (Xinhua) -- Travelers arriving at Shenzhen's international airport this week are greeted by a message on screens: "Gather in Shenzhen. Witness the wonders."

Among the visitors are leaders and business executives attending Asia-Pacific Economic Cooperation (APEC) events. They are gathering in a metropolis that many longtime residents still remember as little more than a sleepy town amid rice paddies and oyster beds.

Nearly half a century after China launched reform and opening up, the changes set in motion have produced one of the world's most remarkable economic stories. Shenzhen is among its most striking chapters. And the miracle -- in the city and across China -- is still unfolding.

https://english.news.cn/20261117/c7d93c9f88204a96939e71769461fcb9/c.html

Photo caption 1: This photo taken on Oct. 30, 2026 shows an APEC-themed digital poster at Shenzhen Bao'an International Airport in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)

Photo caption 2: An aerial drone photo taken on Oct. 20, 2026 shows a cargo ship sailing toward Yantian Port in Shenzhen, south China's Guangdong Province. (Xinhua)

မူရင်းသတင်း — Xinhua Myanmar