Xinhua Myanmar

ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုများနှင့် ပို့ကုန်ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှု ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်းခံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ပြင်ရှိ Purbachal ဒေသတွင်ကျင်းပသည့် ဒါကာနိုင်ငံတကာ ကုန်စည်ပြပွဲ ပြခန်းတစ်ခု၌ ကုန်ပစ္စည်းလေ့လာကြည့်ရှုနေကြသူများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ ရုန်းထွက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သို့တက်လှမ်းတော့မည့်အချိန်တွင် ကုန်သွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပို့ကုန်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်ထံမှ မူဝါဒနှင့်နည်းပညာဆိုင်ရာအကူအညီများ တောင်းခံခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီး Khandaker Abdul Muktadir သည် နိုဝင်ဘာ ၁၇ ရက်၌ ဒါကာမြိုတွင် ဘင်္ဂလားဒေ့ရှ်နှင့်ဘူတန်နိုင်ငံဆိုင်ရာ ဌာနခွဲညွှန်ကြားရေးမှူး Jean Pesme ဦးဆောင်သည့် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ယင်းသို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ လွတ်မြောက်မည့်အချိန်မတိုင်မီ သုံးနှစ်တာလုပ်ငန်းစီမံချက်တစ်ရပ်ကို ရေးဆွဲလျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပါဝင်မှုကို တိုးမြှင့်နိုင်ရန်အတွက် စီးပွားရေးမိတ်ဖက်ဆက်ဆံရေးများနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) ဆိုင်ရာဆွေးနွေးမှုများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

.တစ်ချိန်တည်းမှာပင် Jean Pesme က  ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ အမျိုးသားအဆင့်တစ်နေရာတည်း ဝန်ဆောင်မှုပေးသည့်စနစ် အကောင်အထည်ဖော်ရေး၊ ပို့ကုန်ကဏ္ဍအသီးသီးတွင် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် FTA ဆိုင်ရာသုတေသနလုပ်ငန်းများနှင့်သက်ဆိုင်သည့် မူဝါဒနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများ ပေးအပ်သွားမည်ဟု ကတိပြုခဲ့သည်။

စီးပွားရေးဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုများနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ LDC အဆင့်မှလွတ်မြောက်မှုမတိုင်မီ စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများနှင့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန် ဘဏ္ဍာရေးဆိုင်ရာနှင့် နည်းပညာစွမ်းဆောင်ရည်မြှင့်တင်ပေးရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံသည် ယခင်လက ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုချမှတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအား LDC အဆင့်မှလွတ်မြောက်ရန်  ပြင်ဆင်ချိန်အဖြစ် ၂၀၂၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့အထိ သုံးနှစ်ထပ်မံပေးအပ်ခဲ့သည်။ စီးပွားရေးမရေရာမှုများ၊ ပြင်ပရိုက်ခတ်မှုများနှင့် ဆက်လက်တည်ရှိနေသည့်အားနည်းချက်များကို ထည့်သွင်းစဉ်းစား၍ ယခုကဲ့သို့ အချိန်တိုးပေးခဲ့ခြင်းဖြစ်သည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်သည် ဥရောပဈေးကွက်သို့ အကောက်ခွန်ကင်းလွတ်ခွင့်နှင့် ပို့ကုန်ပမာဏကန့်သတ်ချက်မရှိဘဲ ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိခံစားနေရသော်လည်း LDC အဆင့်မှလွတ်မြောက်ပြီးနောက်ပိုင်းတွင် အဆိုပါအခွင့်အရေးများဆုံးရှုံးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Bangladesh seeks World Bank support for trade reforms, export diversification ahead of LDC graduation

DHAKA, Nov. 18 (Xinhua) -- Bangladesh has requested policy and technical support from the World Bank for trade reforms and export diversification ahead of its LDC (Least Developed Country) graduation.

Bangladesh's Commerce Minister Khandaker Abdul Muktadir sought such support on Tuesday during a meeting in Dhaka with a World Bank delegation led by Jean Pesme, division director for Bangladesh and Bhutan.

The minister said a specific three-year action plan is being drawn up ahead of Bangladesh's graduation from the LDC category.

In addition, the minister said talks on economic partnerships and free trade agreements (FTAs) are moving forward to expand Bangladesh's participation in global trade.

Meanwhile, Jean Pesme pledged policy and technical support for trade facilitation, the implementation of the National Single Window, skills development across various export sectors, and FTA-related research.

Alongside structural economic reforms, he stressed the need for financing and technical capacity building to support agro-processing and high-value-added manufacturing in Bangladesh ahead of its LDC graduation.

The United Nations General Assembly last month adopted a resolution granting Bangladesh an additional three years, until Nov. 24, 2029, to prepare for graduation from the LDC category, recognizing economic uncertainties, external shocks and persistent vulnerabilities.

As an LDC, Bangladesh enjoys duty-free and quota-free access to the European market, which it would lose after graduating from LDC status.

Photo caption: Visitors look at products at a stand during the Dhaka International Trade Fair in Purbachal on the outskirts of Dhaka, Bangladesh, on Jan. 2, 2022. (Xinhua)

မူရင်းသတင်း — Xinhua Myanmar