
၁၃ နှစ်ကြာမှ ထွက်ရှိလာမယ့် Grand Theft Auto VI (GTA VI) ဂိမ်းကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး ဂိမ်းကစားဖို့အတွက် ကမ္ဘာတစ်ဝန်းက အလုပ်သမားတွေဟာ အလုပ်ကနေ ခွင့်ယူတာ ဒါမှမဟုတ် ဖျားနာခွင့်ယူတာတွေ လုပ်ဆောင်နိုင်ခြေရှိပါတယ်။ ဒီလို အစုလိုက်အပြုံလိုက် ခွင့်ယူကြမယ့် အခြေအနေကို "GTA Flu" လို့ တင်စားခေါ်ဝေါ်နေကြပြီး ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ခန့်မှန်းချက်တွေအရ ဂိမ်းထွက်ရှိပြီး ပထမသုံးလအတွင်း ကော်ပီသန်း ၄၀ ရောင်းချရနိုင်ပြီး အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ ဝင်ငွေရရှိနိုင်ပါတယ်။ ဗြိတိန်နိုင်ငံမှာဆိုရင် အလုပ်သမား ၂ ဒသမ ၅ သန်းလောက်အထိ ခွင့်ယူနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြပြီး အမေရိကန် စီးပွားရေးကိုလည်း ဒေါ်လာ ၁ ဘီလီယံလောက်အထိ ထိခိုက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ဒီလို သတင်းတွေရဲ့ နောက်ကွယ်မှာ အမှန်တကယ် ဖြစ်ပွားနေတဲ့ အလုပ်သမားရေးရာ ပြဿနာတစ်ခုကိုတော့ လူတွေ သတိမထားမိကြပါဘူး။ ဂိမ်းထုတ်လုပ်သူ Rockstar Games ဟာ အောက်တိုဘာလတုန်းက သမဂ္ဂအဖွဲ့ဝင် ဝန်ထမ်း ၃၄ ဦးကို လျှို့ဝှက်ချက်တွေ ပေါက်ကြားစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဂလပ်စဂိုး အလုပ်သမားခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ဂိမ်းမထွက်ခင် ရက်ပိုင်းအလိုမှာ ချမှတ်သွားဖို့ ရှိနေပါတယ်။
Ref : theguardian