
ကိုလံဘို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံရှိ အစိုးရဆေးရုံများတွင် ဆေးဘက်ဆိုင်ရာအရာရှိ ၇,၀၀၀ ခန့် လိုအပ်နေသည်ဟု ကျန်းမာရေးနှင့် လူထုဆက်သွယ်ရေးဝန်ကြီး နာလင်ဒါဂျယာတီဆာက နိုဝင်ဘာ ၁၇ ရက်တွင် လွှတ်တော်၌ ပြောကြားခဲ့သည်။
ယင်းကဲ့သို့လစ်လပ်နေသည့်နေရာ ၇,၀၀၀ ကို ဖြည့်ဆည်းနိုင်ရန် အစိုးရက ဆေးဘက်ဆိုင်ရာအရာရှိများအား ၂၀၂၇ ခုနှစ်မှ ၂၀၂၉ ခုနှစ်ကာလအတွင်း အဆင့်ဆင့်ခန့်အပ်သွားရန် စီစဉ်ထားသည်ဟု ဂျယာတီဆာက ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းလိုအပ်ချက်များရှိနေစဉ် သက်ကြီးရွယ်အိုစောင့်ရှောက်မှု၊ နာတာရှည်ရောဂါကုသမှုများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက် မြင့်တက်လာခြင်းများကိုပါ ကြိုးပမ်းဖြေရှင်းနေရသည်။
သီရိလင်္ကာအစိုးရဆေးဘက်ဆိုင်ရာအရာရှိများအသင်း မီဒီယာပြောရေးဆိုခွင့်ရှိသူ လာစီသာကန်နန်ဂါရာက နိုင်ငံတကာစံနှုန်းများအရ နိုင်ငံတစ်နိုင်ငံ၌ လူဦးရေ ၁,၀၀၀ ဦးလျှင် ဆရာဝန် ၁.၄ ဦးနှုန်းရှိသင့်သည်ဟု ပြောကြားခဲ့ကြောင်း အောက်တိုဘာလက ထုတ်ဝေခဲ့သည့် သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။ (Xinhua)
...............................................
(English version)
Sri Lanka faces shortage of 7,000 medical officers
COLOMBO, Nov. 17 (Xinhua)
Sri Lanka faces a shortage of about 7,000 medical officers across government hospitals, Minister of Health and Mass Media Nalinda Jayatissa told Parliament on Tuesday.
Jayatissa said the government plans to recruit medical officers in phases between 2027 and 2029 to fill the 7,000 vacancies.
Sri Lanka is grappling with rising healthcare demand, including elderly care and chronic disease treatment, amid the medical staff shortage.
In an analytical piece published in October, Lasitha Kannangara, media spokesperson for Sri Lanka's Government Medical Officers' Association, said that the ideal number of doctors in the country based on international standards should be 1.4 per 1,000 people. ■
Photo caption: A medical worker attends to the recipient of a kidney transplant in an ICU of the China-Sri Lanka Friendship National Nephrology Hospital in Polonnaruwa, Sri Lanka, March 17, 2022. (Shaanxi Construction Engineering Group Co., Ltd./Handout via Xinhua)