
ကျိုချွမ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၂၄ လူလိုက်ပါသည့်အာကာသယာဉ်ကို မကြာမီ သင့်လျော်သည့်အချိန်တွင် လွှတ်တင်ရန် စီစဉ်ထားပြီး အာကာသယာဉ်နှင့် ဒုံးပျံ ပူးတွဲအပိုင်းကို နိုဝင်ဘာ ၁၇ ရက်တွင် လွှတ်တင်ရေးဇုန်သို့ ရွှေ့ပြောင်းပို့ဆောင်ထားခဲ့သည်။
ရှန်ကျိုး-၂၄ လူလိုက်ပါသည့်အာကာသယာဉ်နှင့် Long March-2F Y24 သယ်ဆောင်ရေးဒုံးပျံ ပူးတွဲအပိုင်းကို လွှတ်တင်ရေးဇုန်သို့ နိုဝင်ဘာ ၁၇ ရက်တွင် ရွှေ့ပြောင်းပို့ဆောင်ထားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) က မိတ်ဆက်ပြောကြားခဲ့သည်။ လက်ရှိတွင် လွှတ်တင်ရေးကွင်း၏ အဆောက်အအုံနှင့် စက်ကိရိယာများ၏ အခြေအနေမှာ ကောင်းမွန်နေပြီး နောက်ပိုင်းတွင် စီစဉ်ထားသည့်အတိုင်း လုပ်ငန်းဆောင်တာ အသီးသီးအား စစ်ဆေးခြင်း၊ ပူးတွဲစမ်းသပ်ခြင်းစသည့် လုပ်ငန်းများကို လွှတ်တင်မှုမတိုင်မီ ဆောင်ရွက်မည်ဖြစ်ပြီး မကြာမီရက်အတွင်း သင့်လျော်သည့်အချိန်၌ လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
........................
(Chinese Version)
神舟二十四号|神舟二十四号计划近日择机实施发射 船箭组合体转运至发射区
新华社酒泉11月17日电 神舟二十四号计划近日择机实施发射,船箭组合体17日转运至发射区。
据中国载人航天工程办公室介绍,17日,神舟二十四号载人飞船与长征二号F遥二十四运载火箭组合体已转运至发射区。目前,发射场设施设备状态良好,后续将按计划开展发射前的各项功能检查、联合测试等工作,计划近日择机实施发射。(完)
图说:11月17日,神舟二十四号载人飞船与长征二号F遥二十四运载火箭组合体向发射区转运。 新华社发(葛利鑫 摄)




