Myanmar National Post

ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့ တွေ့ဆုံ






နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် APEC စီးပွားရေး ခေါင်းဆောင်များအလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန် တရုတ် နိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့ ရှင်းကျန့် မြို့တွင် တွေ့ဆုံ ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီမှုများကို ထိရောက်စွာ လက်တွေ့ အကောင်အထည် ဖော်ဆောင် နိုင်‌ရေး သေချာစေရန် အတွက် နှစ်နိုင်ငံ အစိုးရများ၊ ဥပဒေပြုရေး အဖွဲ့အစည်းများ၊ တပ်မတော်များနှင့် ပါတီများ အကြား ကူးလူးဖလှယ်ရေး ယန္တရားများ၏ အခန်းကဏ္ဍကို ကောင်းစွာအသုံးချသင့်ကြောင်း၊ တရုတ် နိုင်ငံသည် ရုရှား အပါအဝင် အာရှနှင့် ပစိဖိတ် မိသားစုကြီးနှင့် အတူ အာရှ-ပစိဖိတ် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အတူတကွ ဆွေးနွေးညှိနှိုင်းပြီး အာရှ- ပစိဖိတ် အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။


ပူတင်ကလည်း ရုရှား နိုင်ငံသည် တရုတ် နိုင်ငံနှင့် အတူ အာရှနှင့် ပစိဖိတ် ဒေသ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ကမ္ဘာ့ဗဟုဝင်ရိုးစနစ်သို့ အသွင် ကူးပြောင်းလာခြင်း ဖြစ်စဉ်ကို တွန်းအားပေးရန်၊ ပိုမို တရားမျှတသော ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲရေး စနစ်ကို တည်ဆောက်ရန်နှင့် နိုင်ငံတကာ ဆက်ဆံမှု တည်ငြိမ်ရေးကို ထိန်းသိမ်း ကာကွယ်ရန် အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။ 


Ref - CGTN

#Myanmar #News

မူရင်းသတင်း — Myanmar National Post