Myanmar Digital News

ကန်ကြီးထောင့်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေး

ကန်ကြီးထောင့် နိုဝင်ဘာ ၁၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူကိုယ်တိုင်ပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျုံပဒုတ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာသုံးရွာမှ အသင်းသားများအား ချေးငွေထုတ်ချေးပေးခြင်းအခမ်းအနားကို ယနေ့တွင် ကုန်းစွန်းကျေးရွာဓမ္မာရုံ၌ ပြုလုပ်သည်။

 

အဆိုပါအခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာညွန့်က အမှာစကားပြောကြားသည်။

 

ထို့နောက် ကျုံပဒုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျုံပဒုတ်၊ တာပိကုန်းစွန်းနှင့် ထန်းကုန်းကျေးရွာတို့မှ စီမံကိန်းအသင်းသား ၁၅၀ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြစိမ်းရောင်စီမံကိန်းချေးငွေကျပ် ၆၁၅ သိန်းကို တာဝန်ရှိသူများက အသင်းသားများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News