Eleven Media Group

■ တတိယသုံးလပတ်တွင် Nvidia ကုမ္ပဏီ၏ဝင်ငွေ ဒေါ်လာ ၁၁၅ ဘီလျံရှိခဲ့သောကြောင့် မျှော်မှန်းထားသည်ထက် ဝင်ငွေနှစ်ဆရှိနေ

အမေရိကန် ချစ်ပ်ကုမ္ပဏီကြီး Nvidia က နိုဝင်ဘာ ၁၇ ရက်တွင် ကုမ္ပဏီ၏တတိယသုံးလပတ်ဝင်ငွေစာရင်း ကို ထုတ်ပြန်ခဲ့ရာ ဝင်ငွေ ဒေါ်လာ ၁၁၅ ဘီလျံရှိခဲ့သော ကြောင့် မျှော်မှန်းထားသည်ထက်ပိုများသည်ဟု ဆိုသည်။

ကုမ္ပဏီ၏အမှုဆောင်ချုပ် ဂျန်ဆန်ဝှမ်ကို ထုတ်ပယ်ရသည်အထိဖြစ်စေခဲ့သောမကောင်းသတင်းများ ထွက်ပေါ်နေချိန်အတွင်း Nvidia က ကုမ္ပဏီ၏ဝင်ငွေစာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဝင်ငွေပမာဏသည် လေ့လာဆန်းစစ်သူများ၏ခန့်မှန်းချက်များထက် ပိုများနေခဲ့သည်။ ကယ်လိုဖိုးနီးယားပြည်နယ် ဆန်တာကလာရာ အခြေစိုက် Nvidia ကုမ္ပဏီက ဂျန်ဆန်ဝှမ် အကြီးအကဲအဖြစ် တာဝန်မယူတော့ချိန် သုံးလပတ်ဝင်ငွေစာရင်းထုတ်ပြန်မှုသည် ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ယခုတုန်းက ကုမ္ပဏီ၏ဝင်ငွေစာရင်းကို ဂျန်ဆန်ဝှမ်က ကြေညာပေးခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တင်မူ ကုမ္ပဏီ၏ဘဏ္ဍာရေးအမှုဆောင်ချုပ် ကော်လတ်ခရက်စ်က ကြေညာခဲ့ခြင်းဖြစ်သည်။ သူသည် နိုဝင်ဘာ ၁၂ ရက်တွင် ဂျန်ဆန်ဝှမ် နုတ်ထွက်သွားပြီးနောက် Nvidia ၏ယာယီအမှုဆောင်ချုပ် အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။

ခေါင်းဆောင်အပြောင်းအလဲဖြစ်သွားသော်လည်း ကုမ္ပဏီသည် တည်တည်ငြိမ်ငြိမ်ရှိနေသည်ဟု ခရက်စ်က ရင်းနှီးမြှုပ်နှံသူများနှင့် ဖောက်သည်များ စိတ်ချလက်ချရှိစေရန် ပြောကြားခဲ့သည်။

Nvidia သည် ပုံမှန်အတိုင်းရှိနေသည်ဟု ဆိုခဲ့သည်။ဝင်ငွေအပြင် အသားတင်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၃ ဘီလျံရှိခဲ့သောကြောင့် မျှော်မှန်းထားသည်ထက် ကျော်လွန်ခဲ့သည်ဟု ဆိုသည်။

လာမည့်နှစ်၏ဝင်ငွေသည် ၇၅ ရာခိုင်နှုန်းရှိ လာမည်ဟု ခန့်မှန်းကြောင်း ခရက်စ်က ပြောကြားခဲ့ပြီး ထိုပမာဏသည် ၇၀ ရာခိုင်နှုန်းမှ မြင့်တက်လာမည့်အနေအထားဖြစ်သည်ဟု ဆိုသည်။

Ref:AFP
#Nvidia ကုမ္ပဏီ၏ဝင်ငွေ #ဒေါ်လာ ၁၁၅ ဘီလျံရှိ #မျှော်မှန်းထားသည်ထက် ဝင်ငွေနှစ်ဆရှိနေ
#elevennews

မူရင်းသတင်း — Eleven Media Group