ကလော နိုဝင်ဘာ ၁၈
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဖွင့်လှစ်သည့် ပျားဘုရင်မမွေးမြူရေး အမှတ်စဉ်(၁၈) သင်တန်းကို နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံး၌ ဖွင့်လှစ်သည်။
ဦးစွာ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမောင်တင့်က ပျားဘုရင်မမွေးမြူရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်သူက ပျားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပျားဘုရင်မ မွေးမြူရေးအတွက် ရရှိလာမည့်အကျိုးကျေးဇူးအကြောင်းတို့ကို ပြောကြားသည်။
အဆိုပါသင်တန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်ပျားမွေးမြူရေး ဌာနခွဲအသီးသီးမှ သင်တန်းသား ၂၀ အား နိုဝင်ဘာ ၁၆ ရက်မှ ၂၀ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် စိုက်ပျိုးရေးတောင်သူများအနေဖြင့် ရာသီဥတုအလိုက် စိုက်ပျိုးမည့် နေကြာ၊ ပြောင်း၊ ပန်းနှမ်းစိုက်ခင်းများတွင် ဝတ်မှုန်များ ကူးပေးခြင်းဖြင့် စိုက်ပျိုးလုပ်ကိုင်သူများ သီးနှံများ အောင်မြင်ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)