
တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ မူလတန်းနဲ့ အလယ်တန်း ကျောင်းသား သန်း ၂၀၀ နီးပါးကို ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုတတ်အောင် သင်ကြားပေးဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာလည်း ကျောင်းတွေမှာ AI သင်ခန်းစာတွေ၊ ကုဒ်ရေးသားခြင်း (coding) အတန်းတွေနဲ့ စက်ရုပ်တီထွင်မှု ပရောဂျက်တွေကို စတင်မိတ်ဆက်နေပြီ ဖြစ်ပါတယ်။ ရှန်ဟိုင်းမြို့မှာဆိုရင် ကျောင်းသားတွေဟာ တစ်နှစ်ကို အတန်းတစ်တန်းအတွက် AI သင်ခန်းစာ အနည်းဆုံး နာရီ ၃၀ သင်ယူရမှာဖြစ်ပြီး ပေကျင်းမြို့မှာလည်း ပညာရေးမှာ AI ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ပြသဖို့ စံပြကျောင်း ၁၀၀ တည်ထောင်ဖို့ စီစဉ်နေပါတယ်။

အဲဒီအစီအစဉ်တွေကြောင့် ကျောင်းသားတွေဟာ စက်ရုပ်တွေကို ပရိုဂရမ်ရေးဆွဲတာနဲ့ ကိုယ်ပိုင်အက်ပလီကေးရှင်းတွေ တည်ဆောက်တာကို သင်ယူနေကြပါတယ်။ ကျောင်းတစ်ကျောင်းမှာဆိုရင် အသက် ၁၃ နှစ်အရွယ် Peng Gaodi ဆိုတဲ့ ကျောင်းသားတစ်ဦးဟာ AI ကို အသုံးပြုပြီး အက်ပလီကေးရှင်းပေါင်း ၂၀၀ ကျော်ကို ဖန်တီးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ကွန်ပျူတာတွေ၊ စာသင်ခန်းသုံး ပစ္စည်းတွေ၊ အွန်လိုင်းသင်ယူရေး ကိရိယာတွေနဲ့ ဆရာ၊ ဆရာမတွေ လေ့ကျင့်သင်ကြားရေးအတွက် ဒေါ်လာသန်းနဲ့ချီ သုံးစွဲနေပြီး ပြီးခဲ့တဲ့တစ်နှစ်အတွင်း အစိုးရရဲ့ အသုံးစရိတ် ကတိကဝတ်ဟာ အနည်းဆုံး ဒေါ်လာ ၃၁ သန်း ရှိတယ်လို့ Reuters ရဲ့ စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။ အဲဒီလို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ တက္ကသိုလ်တက်ချိန် ဒါမှမဟုတ် အလုပ်ဝင်ချိန်အထိ မစောင့်ဘဲ ငယ်ရွယ်စဉ်ကတည်းက AI ကို နားလည်အသုံးပြုတတ်စေဖို့ ဖြစ်ပါတယ်။
Ref : Technology Innovation