Myanmar Digital News

ပျော်ဘွယ်မြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ပျော်ဘွယ် နိုဝင်ဘာ ၁၉

 

ပျော်ဘွယ်မြို့နယ်ဥပဒေရုံးမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးများနှင့် ဥပဒေဆိုင်ရာ အကာအကွယ်ပေးထားမှုတို့ကို ငယ်ရွယ်စဉ်မှပင် လွယ်ကူရှင်းလင်းစွာ နားလည်စေရန်အတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းကို နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပသည်။

 

ဆင့်ပွားသင်တန်းတွင် မြို့နယ်ဒုတိယဥပဒေအရာရှိ ဦး‌ဝေလင်းကိုက ကလေးငယ်တိုင်း မွေးစာရင်းရရှိပိုင်ခွင့်၊ အခမဲ့ မသင်မနေရ ပညာသင်ယူခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်တို့အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းမှ ကင်းဝေးစေရန် တားမြစ်ထားသည့် ဥပဒေအကြောင်းအရာများ၊ အသက် ၁၄ နှစ်မပြည့်ဘဲ အလုပ်လုပ်ကိုင်ရခြင်းနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ခိုင်းစေခံရခြင်းများသည် ဥပဒေနှင့် ငြိစွန်းကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများ နားလည်မှုလွယ်ကူစေရန် ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

 

မင်းမင်းထွေး(ပျော်ဘွယ်)

မူရင်းသတင်း — Myanmar Digital News