Eleven Media Group

မိမိ၏အနာဂတ်မှာ မော်ရင်ဟို၏လက်ထဲတွင် ရှိနေသည်ဟု အန်းဒရစ် ပြောကြား

Photo: X

ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်က မိမိ၏အနာဂတ်မှာ နည်းပြမော်ရင်ဟို၏လက်ထဲတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။
အန်းဒရစ်သည် ရီးယဲလ်အသင်းတွင် ပုံမှန်နေရာ ရယူနိုင်ခြင်းမရှိသေးဘဲ ပြီးခဲ့သည့် ရာသီက လိုင်ယွန်အသင်းထံ အငှားချခံခဲ့ရသလို၊ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင်လည်း အငှားချခံရဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
အန်းဒရစ်ကို ခေါ်ယူရန် အေစီမီလန်နှင့် ရိုးမားအသင်းအပါအဝင် ကလပ်အသင်းများစွာက ပစ်မှတ်ထားနေကြပြီး အေစီမီလန်အသင်းက အပြီးသတ်ခေါ်ယူရန်ပင် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
အေစီမီလန်အသင်းက အန်းဒရစ်ကို ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀) + Add-ons ကြေး ယူရို(၁၀)သန်းဖြင့် ကမ်းလှမ်းထားကြောင်းလည်း ဘရာဇီးလ်မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
ထို့ပြင် ရီးယဲလ်အသင်းက အန်းဒရစ်ကို အပြီးသတ်ရောင်းထုတ်ခဲ့ပါက ၎င်းတို့အလိုရှိချိန်တွင် ပြန်လည်ခေါ်ယူနိုင်မည့် သဘောတူညီချက် ထည့်သွင်းချုပ်ဆိုဖွယ်ရှိကြောင်းလည်း ဖော်ပြခဲ့သည်။
ယင်းအခြေအနေတွင် အန်းဒရစ်က ရီးယဲလ်အသင်းတွင် ဆက်ရှိလိုသော်လည်း အဆုံးအဖြတ်မှာ နည်းပြမော်ရင်ဟိုအပေါ် မူတည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''အဆုံးအဖြတ်က မော်ရင်ဟိုဆီမှာပါ။ ကျွန်တော်ကတော့ ရီးယဲလ်အသင်းကို ကူညီပေးဖို့ အမြဲအသင့်ရှိချင်ပါတယ်။ ကျွန်တော့်ဘဝကို ရီးယဲလ်အသင်းနဲ့ အသင်းဖော်တွေကို ကူညီရင်း ကုန်ဆုံးသွားရဖို့ မျှော်လင့်ပါတယ်'' ဟု အန်းဒရစ်က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group