နေပြည်တော် နိုဝင်ဘာ ၁၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Daihei Mochizuki အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် IOM အဖွဲ့တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ခုခံကျ/ ကာလသားရောဂါ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နှစ်ဦးနှစ်ဖက် အပြန်အလှန်နားလည်မှုဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်မှုပေးရေး နှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ IOM ရုံးမှကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်