မော်လမြိုင် နိုဝင်ဘာ ၁၈
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် အသက် ၉ လမှ ၅၉ လအတွင်းရှိ ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်များ၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ဖားအောက် ကျေးလက်ကျန်းမာရေးဌာနအပိုင် မေဓာရာမကျောင်းတိုက်၊ မုပွန်ဒေသန္တရကျန်းမာရေးဌာနအပိုင် မုပွန် ဓမ္မာရုံကျောင်းနှင့် မြိုင်သာယာဒေသန္တရ ကျန်းမာရေးဌာနအပိုင် သီရိမင်္ဂလာ ဓမ္မာရုံစသည့် ကာကွယ်ဆေးထိုးစုရပ်များ၌ ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းအပြင် ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်တွယ်ခြင်း၊ လက်မောင်းလုံးပတ် တိုင်းတာခြင်း၊ သန်ချဆေး တိုက်ကျွေးခြင်း၊ အိမ်သုံးဆားများတွင် အိုင်အိုဒင်းပါဝင်မှု ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဗဟိုတိုးချဲ့ကာကွယ် ဆေးထိုးဌာနခွဲမှ တာဝန်ရှိသူများ၊ ဗဟိုကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ တာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့မှ တာဝန်ရှိသူများက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)