Myanmar Digital News

ပေါ်တူဂီက ဝေးလ်ကိုနိုင်ပြီး အုပ်စုပထမဖြင့် နေးရှင်းလိဂ်ကွာတားဖိုင်နယ် တက်ရောက်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှ ဝေးလ်နှင့် ပေါ်တူဂီအသင်းပွဲစဉ်ကို ကာဒစ်ဖ်စီးတီးကွင်း၌ နိုဝင်ဘာ ၁၈ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တူဂီအသင်းက အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ အုပ်စုပထမဖြင့် ကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့သည်။

 

ပေါ်တူဂီအသင်းသည် အသင်းအဓိက ကစားသမား စီရော်နယ်ဒို အနားယူပြီးနောက် ယှဉ်ပြိုင်ကစားသည့် ဒုတိယမြောက်ပွဲစဉ်တွင် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ဝေးလ်အသင်းသည် ပေါ်တူဂီအသင်းကို ပွဲချိန်အများစု ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း အသင်းကစားသမားများ၏ အဆုံးသတ်ပိုင်းအားနည်းမှုနှင့် ပြိုင်ဘက်ဂိုးသမား ကော့စတာ၏ လက်စွမ်းပြကာကွယ်မှုများကြောင့် ရှုံးပွဲကြုံတွေ့ခဲ့သည်။

 

ပေါ်တူဂီအသင်းသည် ပွဲချိန် ၇၄ မိနစ်တွင် အသင်းကစားသမား ပက်ဒရိုနီတို အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့်အတွက် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရသည်။ ပေါ်တူဂီအသင်းသည် နေးရှင်းလိဂ်ခြောက်ပွဲတွင် ငါးပွဲအထိ နိုင်ပွဲရရှကာ ရမှတ် ၁၅ မှတ်ဖြင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။

 

အခြားပွဲစဉ်ရလဒ်တွင် နော်ဝေကဒိန်းမတ်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် နော်ဝေအသင်းသည် အသင်းအဓိက တိုက်စစ်ကစားသမား ဟာလန်း၏ နောက်ကျပယ်နယ်တီသွင်းဂိုးကြောင့် နိုင်ပွဲရရှိကာ အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည်။

 

အောင်ဇော်

မူရင်းသတင်း — Myanmar Digital News