Myanmar Digital News

အာဆီယံကလပ်ချန်ပီယံရှစ် အုပ်စု (B) အဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားကလပ်နှင့် ရှမ်းယူနိုက်တက် ယှဉ်ပြိုင်မည်

ရန်ကုန် နိုဝင်ဘာ ၁၈

 

အာဆီယံကလပ်ချန်ပီယံရှစ် ACC Shopee Cup 2026-2027 ပြိုင်ပွဲ၏ အုပ်စု (B) အဖွင့်ပွဲစဉ်အဖြစ် မြန်မာကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းသည် နိုဝင်ဘာ ၁၉ ရက် ညနေ ၆ နာရီခွဲတွင် အင်ဒိုနီးရှားကလပ် Persib Bandung အသင်းနှင့် အဝေးကွင်းဖြစ်သည့် Gelora Bandung Lautan Api ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

လာအိုကလပ် Ezra အသင်းကို Play-off တွင် ပယ်နယ်တီဖြင့် အနိုင်ယူတက်ရောက်လာသည့် ရှမ်းယူနိုက်တက်သည် အုပ်စု (B) ၌ မလေးရှားကလပ် Johor Darul Ta'zim ၊ အင်ဒိုနီးရှားကလပ် Persib Bandung ၊ ဗီယက်နမ်ကလပ် Cong An Ha Noi ၊ စင်ကာပူကလပ် Lion City Sailors ၊ ထိုင်းကလပ် Port နှင့် ကမ္ဘောဒီးယားကလပ် PKR Svay Rieng တို့နှင့် ကျရောက်နေသည်။

 

ယခုပွဲစဉ်သည် ရှမ်းယူနိုက်တက်အတွက် အုပ်စုပထမပွဲဖြစ်ပြီး ပြိုင်ဘက် Persib Bandung သည် အဖွင့်ပွဲတွင် ထိုင်းကလပ် Port ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။ ACC Shopee Cup 2026-2027 အုပ်စုအဆင့်ကို အသင်းခုနစ်သင်းစီပါဝင်သည့် အုပ်စုနှစ်စုခွဲ၍ ကျင်းပနေခြင်းဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးလေးသင်းစီသည် ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

 

နေမျိုး၊ ဓာတ်ပုံ-SUFC

မူရင်းသတင်း — Myanmar Digital News