Xinhua Myanmar

WTT ဟောင်ကောင် ဗိုလ်လုပွဲ ကျား/မနှစ်ယောက်တွဲပြိုင်ပွဲသို့ ဝမ်နှင့်ဆွန် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်တွင် ကျင်းပသည့် ၂၀၂၅ WTT Finals ပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ဝမ်ချူချင်း (ဝဲ) နှင့် စွန်းရင်ဆားတို့ ဟောင်ကောင် (တရုတ်) မှ ဟွမ်ကျန့်ထျင် နှင့် သုခိုင်ချင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ၂၀၂၄ အိုလံပစ် ကျား/မ နှစ်ဦးတွဲချန်ပီယံများဖြစ်ကြသည့် ဝမ်ချူချင်းနှင့် စွန်းရင်ဆားတို့အတွဲအဖက်အား ဟောင်ကောင်တွင် ကျင်းပမည့် ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲစဉ်များသို့ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ရန်  အထူးဖိတ်ခေါ်မှု (wild card) ပေးအပ်လိုက်ကြောင်း ကမ္ဘာ့စားပွဲတင်တင်းနစ်အဖွဲ့ချုပ်က နိုဝင်ဘာလ ၁၈ ရက်တွင် ကြေညာခဲ့သည်။

အထူးဖိတ်ခေါ်မှုရရှိခဲ့သည့်အတွက် ဝမ်နှင့်စွန်းတို့သည် ရာသီပိတ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၂ မျိုးစီ ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး ၎င်းတို့သည် အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီး တစ်ဦးချင်းစီပြိုင်ပွဲများတွင်လည်း ယှဉ်ပြိုင်ခွင့်ရရှိထားပြီး ဖြစ်သည်။

၂၀၂၆ ခုနှစ် WTT နောက်ဆုံးဗိုလ်လုပွဲစဉ်များပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ Kai Tak အားကစားရုံကြီးတွင် ကျင်းပသွားမည်ဖြစ်သည်။ ဤပြိုင်ပွဲတွင် ရာသီတစ်လျှောက် စုဆောင်းရရှိထားသော ITTF ကမ္ဘာ့အဆင့်ရမှတ်များအပေါ် အခြေခံ၍ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးချင်းအတွက် ထိပ်ဆုံး ၁၆ ဦးစီနှင့် ကျား/မ အတွဲလိုက် ထိပ်ဆုံး ၇ သင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ကာ ပြိုင်ပွဲယှဉ်ပြိုင်မည့် အသင်းစာရင်းပြည့်စုံစေရန်အတွက် ကျား/မ နှစ်ယောက်တွဲအသင်းတစ်သင်းကို အထူးဖိတ်ခေါ်၍ ထည့်သွင်းသွားမည်ဖြစ်သည်။

ကမ္ဘာ့အဆင့် ၄ နေရာတွင် ရပ်တည်နေသည့် အသက် ၂၆ နှစ်အရွယ် ဝမ်သည် WTT Finals ပြိုင်ပွဲတွင် ၅ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ ချန်ပီယံဆုကို ၃ ကြိမ် ရရှိထားသည်။

အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မည့်သူစာရင်းတွင် ကမ္ဘာ့အဆင့် ၁ ဆိုရာ မတ်ဆူရှီးမား၊ ပြင်သစ်ကစားသမား ဖီးလစ်လီဘရွန်နှင့် လက်ရှိချန်ပီယံ တိုမိုကာဇူ ဟာရီမိုတိုတို့ ပါဝင်နေသည်။

အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ဝမ်မန့်ယွိနှင့် စွန်း၊ ဂျပန်နိုင်ငံမှ မီဝါဟာရီမိုတိုနှင့် တရုတ်(မကာအို)မှ ကျူးယွီလျင် တို့ ပါဝင်နေပြီး ပြိုင်ပွဲဝင်လူစာရင်း၌ နေရာ ၂ နေရာသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။ (Xinhua)

………………………………………………..

(English version)

Wang/Sun get mixed doubles wildcard berth at WTT Finals Hong Kong

HONG KONG, Nov. 18 (Xinhua) -- World Table Tennis announced Wednesday that China's 2024 Olympic mixed doubles champions Wang Chuqin and Sun Yingsha have been granted a wildcard entry to compete at the 2026 WTT Finals in Hong Kong.

With the wildcard berth, both Wang and Sun will play two events at the season-ending tournament, having already qualified for the men's and women's singles events respectively.

The 2026 WTT Finals will take place from December 9 to 13 at Kai Tak Arena. The event is open only to the top 16 players in men's singles and women's singles, and seven mixed doubles teams, based on the ITTF world ranking points they accumulate over the season, while one mixed doubles team will enter as a wildcard to complete the lineup.

Wang, 26, ranked fourth in the world, has competed in the WTT Finals five times and claimed the men's singles title on three occasions.

The men's singles roster includes world No. 1 Sora Matsushima, France's Felix Lebrun and defending champion Tomokazu Harimoto.

The women's singles lineup has just two spots remaining, featuring China's Wang Manyu and Sun, Japan's Miwa Harimoto, and Zhu Yuling of Macao, China.  ■

Photo caption: China's Wang Chuqin (L) and Sun Yingsha in action during the mixed doubles group match against Wong Chun Ting and Doo Hoi Kem of Hong Kong, China at the 2025 WTT Finals in Hong Kong, south China, Dec. 12, 2025. (Xinhua/Chen Duo)

မူရင်းသတင်း — Xinhua Myanmar