
ထိုက်စံ (NP News) - နိုဝင်ဘာလ ၁၉
ဧရာဝတီတိုင်းဒေသကြီးရှိ ဖျာပုံ-ကျုံ ကဒွန်း-ဒေါ်ညိမ်း-အမာလမ်းပိုင်းကို အပြည့်အဝ ကောင်းမွန်အောင် ပြုပြင်ရန်အတွက် ကန့်သတ်ချက် များရှိနေသည့်အပေါ် စိတ်သွားတိုင်းကိုယ်မပါဖြစ် နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ ဖျာပုံ-ကျုံကဒွန်း-ဒေါ်ညိမ်း-အမာလမ်းပိုင်းသည် (၅၁)မိုင်ခန့်ရှိပြီး လက်ရှိတွင် အချို့နေရာများ၌ လမ်းများ ပျက်စီးနေသဖြင့် ယင်း လမ်းကို အသုံးပြုသွားလာသူများ ခက်ခဲသည့် အခြေအနေများရှိနေကြောင်း သိရသည်။
]"ဖျာပုံကနေ အမာထိဆိုရင်(၅၁)မိုင် ရှိတယ်။ အဓိက ဆိုးဆိုးရွားရွားပျက်နေတာက (၂၇)မိုင်၊ (၂၈)မိုင်ပေါ့။ ဒေါ်ညိမ်းလောက်အထိက ဆိုးဆိုးရွား ရွားလမ်းနည်းနည်းပျက်တဲ့ အပိုင်းတွေရှိတာပေါ့။ ဒေါ်ညိမ်းကနေ အမာအထိကတော့ ကောင်းပါတယ်။ အဲဒီမှာ ကွန်ကရစ်လမ်းတွေလည်းရှိတယ်။ ကတ္တရာ လမ်းတွေလည်းရှိတာပေါ့။ ရှိတဲ့အခါကျတော့ အဲဒီဟာတွေလည်း ပျက်တယ်ပေါ့" ဟု အထက်ပါ တာဝန်ရှိသူက NP News သို့ ပြော သည်။
ယင်းလမ်းသည် အဓိကအားဖြင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေအတွက် အရေးပါသော လမ်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
"အမာရောက်ပြီး ဟိုဘက်က ပင်လယ်ပဲရှိ တော့တာပေါ့။ အမာရဲ့ အဓိက ဖျာပုံကိုလာတဲ့ထွက် ပေါက်ပေါ့။ ပညာရေး၊ ကျန်းမာရေးပေါ့။ အဓိက ကတော့ ဒေသခံတွေရဲ့ ကျန်းမာရေးပေါ့။ ဖျာပုံကို သွားနိုင်တာ ဒီလမ်းပဲရှိတာပေါ့။ အဲဒါကြောင့်မို့ ဒီ လမ်းက အရေးပါတာပေါ့။ ရေလမ်းကနေသွားရ ရင်ခက်တာပေါ့။ နေ့၊ညအချိန်မီလည်းသွားလို့မရဘူး။ ကုန်လမ်းကတော့ နေ့၊ညအချိန်မီသွားလို့ရတာပေါ့။ ဒီလမ်းကတော့ အရေးပါတယ်။ သဘာဝဘေး နာဂစ် တို့ဖြစ်တဲ့အချိန်မှာ အမာဘက်မှာ လူတွေအများကြီး ပျက်ဆီးဆုံးရှုံးကြတယ်ဆိုတာလည်း ဒီလိုလမ်းတွေ မရှိလို့ပေါ့။ အဲဒါကြောင့်မို့ အဲဒီခတ်က အကြီးအကဲ တွေကလည်း ဒီလမ်းတွေ လုပ်ပေးခဲ့တာပေါ့။ ဒီလမ်း က ပြည်သူတွေအတွက် အထောက်အကူဖြစ်ပါ တယ်"ဟု ၎င်းကပြောသည်။
ထို့ပြင် ကုန်စည်စီးဆင်းရာတွင်လည်း အရေးပါသော လမ်းဖြစ်ပြီး ဝန်ထမ်းများအတွက်လည်း အရေးပါကြောင်း သိရသည်။
"ပုံမှန် ကုန်စည်စီးဆင်းမှုကလည်း အမာ ဘက်ကထွက်တဲ့ ရေထွက်ကုန်တွေ၊ ဒေါ်ညိမ်းဘက် ကထွက်တဲ့ရေထွက်ကုန်တွေ ဒါတွေကလည်း ဖျာပုံတို့၊ ဘာတို့ သွားမယ်ဆိုလည်း ဒီလမ်းက အရေး ပါတယ်။ နောက်ပြီး ဒေသခံတွေရဲ့ ကျန်းမာရေး ကိစ္စတွေ နောက် ကျန်းမာရေးဆရာ၊ ဆရာမတွေ ဆိုရင် လစာတို့ဘာတို့ အဲဒီဘက်ဒေါ်ညိမ်းတို့က ဆရာမတွေဆိုလည်း ဖျာပုံကို တက်ထုတ်ရတာတွေ အဲဒီလိုရှိတာပေါ့။ ဒီလမ်းက ပြည်သူတွေအတွက်ပဲ မဟုတ်ဘူး။ ဝန်ထမ်းတွေအတွက်ရော အားလုံး အတွက် တော်တော်အရေးပါတဲ့လမ်းဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။ ထိုသို့ ပျက်စီးမှုကြောင့် လမ်းပိုင်းအား ပြုပြင်ဆောင်ရွက်မှုများရှိသော်လည်း အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
"ပျက်တဲ့အခါကျတော့ ထိန်းတယ်။ ပြင်ကြတယ်ပေါ့နော်။ဘတ်ဂျက်အနေအထားအရ တော့ ပြီးခဲ့တဲ့ နှစ်တုန်းက ကန့်သတ်ချက်တွေရှိတော့ ပျက်ပေမယ့်လည်း မပြင်နိုင်တဲ့ အပိုင်းတွေရှိတာပေါ့။ ဒီနှစ်မှာတော့ လမ်းဦးစီးဌာနရုံးချုပ်ကလည်း ပြင်ဖို့ဆင်ဖို့ ဘတ်ဂျက်လည်း တတ်နိုင်သမျှ ချပေးတဲ့ အပေါ်မှာ အခုပြင်တာကတော့ ကျုံကဒွန်း လောက် အထိတော့ ချောသွားပြီလို့သိရတယ်။ ကျုံးကဒွန်း ဆိုတော့ (၁၅)မိုင်လောက်ရှိမှာပေါ့။ သမိန်ထောက (၇)မိုင်လောက်ရှိမယ်။ အရင်ကထက်စာရင်ချော သွားပြီပေါ့။ အရမ်းကြီး ကတ္တရာလမ်းလို ကောင်း တာမျိုး မဟုတ်ပေမယ့်လည်း တော်တော်လေးချော သွားပြီလို့ သိရတယ်။ ကျုံးကဒွန်းကနေ ဒေါ်ညိမ်းအ ပိုင်းလည်း အခုဆက်ပြီး တော့ ပြင်နေတာတွေရှိ တယ်"ဟု ၎င်းကပြောသည်။
လက်ရှိတွင် အဆိုပါလမ်းပိုင်းများကို အ ဆင့်မြင့်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ခွင့်ပြုရန်ပုံငွေများကို ပြည်ထောင်စုရုံးချုပ်သို့ တင်ပြ ထားကြောင်း ၎င်းကဆိုသည်။
"ထပ်ပြီးတော့မှ လိုအပ်တဲ့ ခွင့်ပြုရန်ပုံငွေ ကိုလည်း ပြည်ထောင်စုရုံးချုပ်ကို တင်ပြပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်။ လမ်းဦးစီးဌာနအနေနဲ့က လည်း လမ်းတွေပျက်နေတာသိတယ်။ နောက်ပြီး ဒေသခံတွေ ခက်ခက်ခဲခဲသွားနေရတာလည်း သိ တယ်။ ဘတ်ဂျက်အနေအထားအရ လုပ်တဲ့ အခါမှာ တချို့ကန့်သတ်ချက်လေးတွေရှိတာကြောင့် လမ်းပြင် တာက ကြာနေတာပါလို့။ ပြီးရင် အခုလည်း ပြင်နေပါ တယ်။ ရှေ့နှစ်မှာလည်း ဒီထက်ပိုပြီးလမ်းကို အဆင့် မြင့်နိုင်ဖို့အတွက်တော့ တင်ပြထားတာတွေရှိပါတယ်။ တင်ပြထားတဲ့ဟာမှာ ခွင့်ပြုချက်ရရင် ဒါအဆင့်မြင့် တင်သွားမှာပေါ့။ ကွန်ကရစ်လမ်းတွေ ခင်းသွားမှာ ပေါ့"ဟု ၎င်းကပြောသည်။
ထို့ပြင် လာမည့်နှစ်တွင် ယင်းလမ်းကို ပို မိုကောင်းမွန်အောင်ပြုပြင်နိုင်ရန်အတွက်လည်း စီမံဆောင်ရွက်ထားခြင်းများရှိကြာင်း သိရသည်။
"ကျွန်တော်တို့လည်း ပျက်နေတဲ့ ကာလတွေတုန်းကလည်း ပြောရရင် လမ်းသုံးတဲ့ ပြည်သူတွေကို လမ်းဦးစီးဌာနအနေနဲ့ တော်တော်အား နာတယ်။ မျက်နှာပူတယ်ပေါ့။ ကိုယ်တွေလည်း ဘတ်ဂျက်နဲ့လုပ်ရတဲ့အခါမှာ ဘတ်ဂျက်အခြေအ နေအရ ကန့်သတ်ချက်တွေရှိတဲ့အပေါ်မှာ စိတ်သွားတိုင်းမလုပ်ပေးနိုင်တာကို တော်တော်လေး အားနား တယ်ပေါ့။ ဒါကြောင့် လူကြီးတွေကို တင်ပြထားပြီး တော့ အရင်နှစ်တွေထက်စာရင် ပိုပြီး ပြင်နိုင်အောင်လို့ စီမံဆောင်ရွက်ထားပါတယ်။ ရှေ့နှစ်မှာတော့ ပိုပြီး တော့ လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ အခုက ဖျာပုံနဲ့ကျုံးကဒွန်းကြားတော့ ကောင်းကောင်းမွန်မွန်ပြီးပြီလို့ပြောတယ်။ ဖျာပုံနဲ့ ကျုံးကဒွန်းကို အရင်က (၁)နာရီလောက်မောင်းရတယ် ပြောတယ်။ အခုတော့ (၄၅)မိနစ်လောက်နဲ့ ရောက်တယ်လို့ ပြောတယ်"ဟု ၎င်းကပြောသည်။

zawgyi version
ဖ်ာပုံ - အမာလမ္းပိုင္း ျပဳျပင္ရန္အတြက္ စိတ္သြားတိုင္း ကိုယ္မပါျဖစ္ေနဟု ဆို
ထိုက္စံ (NP News) - ႏိုဝင္ဘာလ ၁၉
ဧရာဝတီတိုင္းေဒသႀကီးရွိ ဖ်ာပုံ-က်ဳံ ကဒြန္း-ေဒၚညိမ္း-အမာလမ္းပိုင္းကို အျပည့္အဝ ေကာင္းမြန္ေအာင္ ျပဳျပင္ရန္အတြက္ ကန႔္သတ္ခ်က္ မ်ားရွိေနသည့္အေပၚ စိတ္သြားတိုင္းကိုယ္မပါျဖစ္ ေနေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ တာဝန္ ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ ဖ်ာပုံ-က်ဳံကဒြန္း-ေဒၚညိမ္း-အမာလမ္းပိုင္းသည္ (၅၁)မိုင္ခန႔္ရွိၿပီး လက္ရွိတြင္ အခ်ိဳ႕ေနရာမ်ား၌ လမ္းမ်ား ပ်က္စီးေနသျဖင့္ ယင္း လမ္းကို အသုံးျပဳသြားလာသူမ်ား ခက္ခဲသည့္ အေျခအေနမ်ားရွိေနေၾကာင္း သိရသည္။
]"ဖ်ာပုံကေန အမာထိဆိုရင္(၅၁)မိုင္ ရွိတယ္။ အဓိက ဆိုးဆိုး႐ြား႐ြားပ်က္ေနတာက (၂၇)မိုင္၊ (၂၈)မိုင္ေပါ့။ ေဒၚညိမ္းေလာက္အထိက ဆိုးဆိုး႐ြား ႐ြားလမ္းနည္းနည္းပ်က္တဲ့ အပိုင္းေတြရွိတာေပါ့။ ေဒၚညိမ္းကေန အမာအထိကေတာ့ ေကာင္းပါတယ္။ အဲဒီမွာ ကြန္ကရစ္လမ္းေတြလည္းရွိတယ္။ ကတၱရာ လမ္းေတြလည္းရွိတာေပါ့။ ရွိတဲ့အခါက်ေတာ့ အဲဒီဟာေတြလည္း ပ်က္တယ္ေပါ့" ဟု အထက္ပါ တာဝန္ရွိသူက NP News သို႔ ေျပာ သည္။
ယင္းလမ္းသည္ အဓိကအားျဖင့္ ေဒသခံ ျပည္သူမ်ား၏ က်န္းမာေရအတြက္ အေရးပါေသာ လမ္းျဖစ္ေၾကာင္း ၎က ဆိုသည္။
"အမာေရာက္ၿပီး ဟိုဘက္က ပင္လယ္ပဲရွိ ေတာ့တာေပါ့။ အမာရဲ႕ အဓိက ဖ်ာပုံကိုလာတဲ့ထြက္ ေပါက္ေပါ့။ ပညာေရး၊ က်န္းမာေရးေပါ့။ အဓိက ကေတာ့ ေဒသခံေတြရဲ႕ က်န္းမာေရးေပါ့။ ဖ်ာပုံကို သြားႏိုင္တာ ဒီလမ္းပဲရွိတာေပါ့။ အဲဒါေၾကာင့္မို႔ ဒီ လမ္းက အေရးပါတာေပါ့။ ေရလမ္းကေနသြားရ ရင္ခက္တာေပါ့။ ေန႔၊ညအခ်ိန္မီလည္းသြားလို႔မရဘူး။ ကုန္လမ္းကေတာ့ ေန႔၊ညအခ်ိန္မီသြားလို႔ရတာေပါ့။ ဒီလမ္းကေတာ့ အေရးပါတယ္။ သဘာဝေဘး နာဂစ္ တို႔ျဖစ္တဲ့အခ်ိန္မွာ အမာဘက္မွာ လူေတြအမ်ားႀကီး ပ်က္ဆီးဆုံးရႈံးၾကတယ္ဆိုတာလည္း ဒီလိုလမ္းေတြ မရွိလို႔ေပါ့။ အဲဒါေၾကာင့္မို႔ အဲဒီခတ္က အႀကီးအကဲ ေတြကလည္း ဒီလမ္းေတြ လုပ္ေပးခဲ့တာေပါ့။ ဒီလမ္း က ျပည္သူေတြအတြက္ အေထာက္အကူျဖစ္ပါ တယ္"ဟု ၎ကေျပာသည္။
ထို႔ျပင္ ကုန္စည္စီးဆင္းရာတြင္လည္း အေရးပါေသာ လမ္းျဖစ္ၿပီး ဝန္ထမ္းမ်ားအတြက္လည္း အေရးပါေၾကာင္း သိရသည္။
"ပုံမွန္ ကုန္စည္စီးဆင္းမႈကလည္း အမာ ဘက္ကထြက္တဲ့ ေရထြက္ကုန္ေတြ၊ ေဒၚညိမ္းဘက္ ကထြက္တဲ့ေရထြက္ကုန္ေတြ ဒါေတြကလည္း ဖ်ာပုံတို႔၊ ဘာတို႔ သြားမယ္ဆိုလည္း ဒီလမ္းက အေရး ပါတယ္။ ေနာက္ၿပီး ေဒသခံေတြရဲ႕ က်န္းမာေရး ကိစၥေတြ ေနာက္ က်န္းမာေရးဆရာ၊ ဆရာမေတြ ဆိုရင္ လစာတို႔ဘာတို႔ အဲဒီဘက္ေဒၚညိမ္းတို႔က ဆရာမေတြဆိုလည္း ဖ်ာပုံကို တက္ထုတ္ရတာေတြ အဲဒီလိုရွိတာေပါ့။ ဒီလမ္းက ျပည္သူေတြအတြက္ပဲ မဟုတ္ဘူး။ ဝန္ထမ္းေတြအတြက္ေရာ အားလုံး အတြက္ ေတာ္ေတာ္အေရးပါတဲ့လမ္းျဖစ္ပါတယ္"ဟု ၎ကေျပာသည္။ ထိုသို႔ ပ်က္စီးမႈေၾကာင့္ လမ္းပိုင္းအား ျပဳျပင္ေဆာင္႐ြက္မႈမ်ားရွိေသာ္လည္း အျပည့္အဝေဆာင္႐ြက္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။
"ပ်က္တဲ့အခါက်ေတာ့ ထိန္းတယ္။ ျပင္ၾကတယ္ေပါ့ေနာ္။ဘတ္ဂ်က္အေနအထားအရ ေတာ့ ၿပီးခဲ့တဲ့ ႏွစ္တုန္းက ကန႔္သတ္ခ်က္ေတြရွိေတာ့ ပ်က္ေပမယ့္လည္း မျပင္ႏိုင္တဲ့ အပိုင္းေတြရွိတာေပါ့။ ဒီႏွစ္မွာေတာ့ လမ္းဦးစီးဌာန႐ုံးခ်ဳပ္ကလည္း ျပင္ဖို႔ဆင္ဖို႔ ဘတ္ဂ်က္လည္း တတ္ႏိုင္သမွ် ခ်ေပးတဲ့ အေပၚမွာ အခုျပင္တာကေတာ့ က်ဳံကဒြန္း ေလာက္ အထိေတာ့ ေခ်ာသြားၿပီလို႔သိရတယ္။ က်ဳံးကဒြန္း ဆိုေတာ့ (၁၅)မိုင္ေလာက္ရွိမွာေပါ့။ သမိန္ေထာက (၇)မိုင္ေလာက္ရွိမယ္။ အရင္ကထက္စာရင္ေခ်ာ သြားၿပီေပါ့။ အရမ္းႀကီး ကတၱရာလမ္းလို ေကာင္း တာမ်ိဳး မဟုတ္ေပမယ့္လည္း ေတာ္ေတာ္ေလးေခ်ာ သြားၿပီလို႔ သိရတယ္။ က်ဳံးကဒြန္းကေန ေဒၚညိမ္းအ ပိုင္းလည္း အခုဆက္ၿပီး ေတာ့ ျပင္ေနတာေတြရွိ တယ္"ဟု ၎ကေျပာသည္။
လက္ရွိတြင္ အဆိုပါလမ္းပိုင္းမ်ားကို အ ဆင့္ျမင့္ေဆာင္႐ြက္ႏိုင္ရန္အတြက္ လိုအပ္သည့္ ခြင့္ျပဳရန္ပုံေငြမ်ားကို ျပည္ေထာင္စု႐ုံးခ်ဳပ္သို႔ တင္ျပ ထားေၾကာင္း ၎ကဆိုသည္။
"ထပ္ၿပီးေတာ့မွ လိုအပ္တဲ့ ခြင့္ျပဳရန္ပုံေငြ ကိုလည္း ျပည္ေထာင္စု႐ုံးခ်ဳပ္ကို တင္ျပၿပီးေတာ့ ေဆာင္႐ြက္ဖို႔ရွိပါတယ္။ လမ္းဦးစီးဌာနအေနနဲ႔က လည္း လမ္းေတြပ်က္ေနတာသိတယ္။ ေနာက္ၿပီး ေဒသခံေတြ ခက္ခက္ခဲခဲသြားေနရတာလည္း သိ တယ္။ ဘတ္ဂ်က္အေနအထားအရ လုပ္တဲ့ အခါမွာ တခ်ိဳ႕ကန႔္သတ္ခ်က္ေလးေတြရွိတာေၾကာင့္ လမ္းျပင္ တာက ၾကာေနတာပါလို႔။ ၿပီးရင္ အခုလည္း ျပင္ေနပါ တယ္။ ေရွ႕ႏွစ္မွာလည္း ဒီထက္ပိုၿပီးလမ္းကို အဆင့္ ျမင့္ႏိုင္ဖို႔အတြက္ေတာ့ တင္ျပထားတာေတြရွိပါတယ္။ တင္ျပထားတဲ့ဟာမွာ ခြင့္ျပဳခ်က္ရရင္ ဒါအဆင့္ျမင့္ တင္သြားမွာေပါ့။ ကြန္ကရစ္လမ္းေတြ ခင္းသြားမွာ ေပါ့"ဟု ၎ကေျပာသည္။
ထို႔ျပင္ လာမည့္ႏွစ္တြင္ ယင္းလမ္းကို ပို မိုေကာင္းမြန္ေအာင္ျပဳျပင္ႏိုင္ရန္အတြက္လည္း စီမံေဆာင္႐ြက္ထားျခင္းမ်ားရွိၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔လည္း ပ်က္ေနတဲ့ ကာလေတြတုန္းကလည္း ေျပာရရင္ လမ္းသုံးတဲ့ ျပည္သူေတြကို လမ္းဦးစီးဌာနအေနနဲ႔ ေတာ္ေတာ္အား နာတယ္။ မ်က္ႏွာပူတယ္ေပါ့။ ကိုယ္ေတြလည္း ဘတ္ဂ်က္နဲ႔လုပ္ရတဲ့အခါမွာ ဘတ္ဂ်က္အေျခအ ေနအရ ကန႔္သတ္ခ်က္ေတြရွိတဲ့အေပၚမွာ စိတ္သြားတိုင္းမလုပ္ေပးႏိုင္တာကို ေတာ္ေတာ္ေလး အားနား တယ္ေပါ့။ ဒါေၾကာင့္ လူႀကီးေတြကို တင္ျပထားၿပီး ေတာ့ အရင္ႏွစ္ေတြထက္စာရင္ ပိုၿပီး ျပင္ႏိုင္ေအာင္လို႔ စီမံေဆာင္႐ြက္ထားပါတယ္။ ေရွ႕ႏွစ္မွာေတာ့ ပိုၿပီး ေတာ့ လုပ္ႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ အခုက ဖ်ာပုံနဲ႔က်ဳံးကဒြန္းၾကားေတာ့ ေကာင္းေကာင္းမြန္မြန္ၿပီးၿပီလို႔ေျပာတယ္။ ဖ်ာပုံနဲ႔ က်ဳံးကဒြန္းကို အရင္က (၁)နာရီေလာက္ေမာင္းရတယ္ ေျပာတယ္။ အခုေတာ့ (၄၅)မိနစ္ေလာက္နဲ႔ ေရာက္တယ္လို႔ ေျပာတယ္"ဟု ၎ကေျပာသည္။