Kanbawza Tai News

ယနနေ့ညတွင် မီးပုံးပျံ ၉ လုံး လွှတ်တင်ယှဉ်ပြိုင်မည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ စတုတ္ထညဖြစ်သော ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၉ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက် ညပိုင်းတွင် ညမီးကြီးမီးပုံးပျံများဖြစ်သော စန်းသျှီ၊ တိမ်လွှာ၊ ရုပ်ဆိုး၊ ရွှေဘုံ၊ စကြာ၊ နောင်မွန် (ပရိဘောဂ) မီးပုံးပျံအဖွဲ့များ၊ စိန်နားပန်မီးပုံးပျံများဖြစ်သော နေကြာစေ့၊ ကျော်ကြား Car Show Room ၊ New Light Private Shcool မီးပုံးပျံအဖွဲ့များ လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ နေ့လယ်ပိုင်းတွင်လည်း နေ့လွှတ် ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အုပ်စုမီးပုံးပျံပြိုင်ပွဲဝင်အဖွဲ့များလည်း လွှတ်တင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News