
၂၀၂၆ ခုနှစ် ကွမ်ကျိုး နိုင်ငံတကာ ကားပြပွဲကြီး (Auto Guangzhou) ကို လာမည့် နိုဝင်ဘာ ၂၇ ရက်တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။
ကွမ်ကျိုး ကား ပြပွဲကြီးတွင် စုစုပေါင်း ကား ၁,၁၀၆ စင်း ပါဝင်ပြသမည်ဖြစ်ပြီး ယင်းအနက် ၆၀ ရာနှုန်းကျော်မှာ စွမ်းအင်သစ်သုံး ယာဉ်များ (NEVs) ဖြစ်သည်။
ကွမ်ကျိုး ကားပြပွဲကြီးကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် ၂၄ ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ကျင်းပမည့်နေရာမှာ ကွမ်ကျိုးမြို့ရှိ Canton Fair Complex တွင်ဖြစ်ပြီး နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၆ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်သည်။
စတင်ကျင်းပမည့် နိုဝင်ဘာလ ၂၇ ရက်ကို မီဒီယာနေ့အဖြစ် သတ်မှတ်ထားကြောင်း ပြပွဲကြီးမှူးကျင်းပသူ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြပွဲကျင်းပမည့်နေရာ၏ ဧရိယာအကျယ်အဝန်းမှာ စတုရန်းမီတာ ၂၂၀,၀၀၀ ရှိသည်။
ယခုနှစ် ကားပြပွဲကြီးတွင် ပါဝင်ပြသမည့် ယာဉ် ၁,၁၀၆ စီးတွင် စွမ်းအင်သစ်သုံး ယာဉ် (NEV) ၇၀၇ စင်းနှင့် ပွဲဦးထွက် စတင်မိတ်ဆက်မည့် မော်ဒယ်သစ် ၁၁၅ စင်းတို့ ပါဝင်မည်ဖြစ်သည်။
ယခုနှစ်တွင် စွမ်းအင်သစ်သုံး ယာဉ်များမှာ စုစုပေါင်းပြသသည့်ယာဉ် ပမာဏ၏ ၆၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ပါဝင်လာခဲ့ပြီး ယခင်နှစ် ကွမ်ကျိုး ကားပြပွဲကြီး (GIAE 2025) ထက် ပိုမိုတိုးတက်လာသည်ကို တွေ့ရပါသည်။
((မှတ်ချက်။ GIAE 2025 အကြောင်းကို အောက်ဖော်ပြပါ လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
https://www.CarsDB.com/my/news/1366 )
2,590 သိန်း
810 သိန်း
1,680 သိန်း
1,580 သိန်း
556 သိန်း
3,200 သိန်း
1,380 သိန်း
1,350 သိန်း
Call for Price
3,200 သိန်း
၂၀၂၅ ခုနှစ် ကွမ်ကျိုး ကားပြပွဲကြီး ကျင်းပခဲ့စဉ်က စုစုပေါင်း ၁,၀၈၅ စင်း ပါဝင်ပြသခဲ့ပြီး ယင်းအနက် စွမ်းအင်သစ်သုံး ယာဉ်မှာ ၆၂၉ စင်းဖြစ်ရာ စုစုပေါင်း ယာဉ်ပမာဏ၏ ၅၈ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။
ယခုနှစ် ကွမ်ကျိုး ကားပြပွဲကြီးတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ အထင်ကရ ကားကုမ္ပဏီများနှင့် နည်းပညာကုမ္ပဏီကြီးများ ပါဝင်ပြသကြမည်ဖြစ်ရာ BYD နှင့် ၎င်း၏ အမှတ်တံဆိပ်ခွဲများဖြစ်သော Denza၊ Yangwang နှင့် Fang Cheng Bao ၊ Geely Auto ၊ GWM ၊ Chery နှင့် Changan Automobile တို့ ပါဝင်မည် ဖြစ်သည်။
ထွန်းသစ်စ EV ထုတ်လုပ်သူများနှင့် smart EV အမှတ်တံဆိပ်များကို ကြည့်လျှင် Nio Inc. ၏ Nio၊ Onvo နှင့် Firefly အမှတ်တံဆိပ်များ၊ Xpeng ၊ Xiaomi Auto ၊ Li Auto၊ Leapmotor၊ Zeekr နှင့် Avatr တို့ ပါဝင်မည် ဖြစ်သည်။
ထို့ပြင် Huawei ဦးဆောင်သည့် HIMA (Harmony Intelligent Mobility Alliance)၊ Huawei Qiankun နှင့် ဘက်ထရီ ထိပ်သီး CATL တို့လည်း ပါဝင်ပြသမည်ဖြစ်သည်။
နိုင်ငံတကာ brand များကို ကြည့်မည်ဆိုလျှင် BMW၊ Mercedes-Benz၊ Volkswagen၊ Audi၊ Porsche၊ Ford၊ General Motors၊ Toyota၊ Honda၊ Nissan နှင့် Hyundai အစရှိသည့် ကုမ္ပဏီတို့က ၎င်းတို့၏ နောက်ဆုံးပေါ် ထုတ်ကုန်များကို ပါဝင်ပြသမည် ဖြစ်သည်။
Chery နှင့် Jaguar Land Rover တို့ ပူးပေါင်းထုတ်လုပ်သော Freelander အမှတ်တံဆိပ်လည်း ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
BYD သည် ပြပွဲ ပထမရက်တွင် ၎င်း၏ next-generation Han စီးရီး ဆီဒင်ကို ပွဲထုတ် မိတ်ဆက်ရန် စီစဉ်ထားသည်။ ထို့အပြင် BYD ၏ Altior flagship ဆီဒင်ကိုလည်း တရုတ်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ပြသမည် ဖြစ်ပါသည်။
ကွမ်ကျိုး ကားပြပွဲကြီးကို ၂၀ဝ၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်စဉ် နိုဝင်ဘာလရောက်တိုင်း ကျင်းပသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 2026 Guangzhou Auto Show to kick off on November 27 with 1,106 vehicles on display (cnevpost)