
အမေရိကန်၏ ထိပ်သီး ကားလေလံပွဲကြီးတစ်ခုတွင် အမေရိကန်ထုတ် Ram ပစ်ကပ်ကား ၂ စင်းသည် ကမ္ဘာ့လူကြိုက်အများဆုံး ပြိုင်ကားအချို့ပင် ဖြတ်ကျော်ကာ လူအများ၏ အာရုံစိုက်မှုခံခဲ့ရသည်။
ထိုကား ၂ စင်းကို လေလံအောင်သွားသူမှာ UFC ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဒါနာ ဝှိုက်ဖြစ်သည်။
ဒါနာဝှိုက်က ထိုပစ်ကပ် ၂ စင်းအတွက် ဒေါ်လာ သန်းဂဏန်းအထိ သုံးစွဲသွားခဲ့သည်။
Barrett-Jackson လေလံကုမ္ပဏီ၏ ၂၀၂၆ နှစ် လပ်ဗီးဂတ်စ်လေလံပွဲတွင် ထိုပစ်ကပ်နှစ်စီးမှာ ပရဟိတ လေလံ lot အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
လေလံအောင်သွားသည့်ဈေးနှုန်းမှာ ဒေါ်လာ ၉၆၈,၀၀၀ တန်ကြေးရှိ Ford GT ကားကိုပင် ကျော်ဖြတ်သွားခဲ့သည်။

(ဓာတ်ပုံ Barrett-Jackson)
အဆိုပါ ကားလေလံပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ လာ့စ်ဗီးဂတ် ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့ပြီး တန်ဖိုးကြီး မော်တော်ကား ရာပေါင်းများစွာ လေလံတင်ခဲ့ကြသည်။
ထိုနေ့က special-edition Ram ပစ်ကပ် ၂ စင်းကို lot အဖြစ် လေလံတင်ခဲ့မှုတွင် လူအများ အထူးအာရုံစိုက်ခြင်းခံခဲ့ရသည်။
ပထမကားမှာ ၂၀၂၇ မော်ဒယ် Ram 1500 Rumble Bee SRT ဖြစ်ပြီး Ram၊ UFC နှင့် RealTruck တို့ ပူးပေါင်းဖန်တီးထားသော ကားဖြစ်သည်။

(ဓာတ်ပုံ Credit- Stellantis)
အခြားတစ်စင်းမှာ စိတ်ကြိုက်ထုတ်လုပ်ထားသည့် ၂၀၀၅ မော်ဒယ် Dodge Ram 1500 SRT-10 ဖြစ်သည်။
ဒါနာဂှိုက်က ဒေါ်လာ ၁.၅ သန်းဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။
လေလံတင် ရောင်းချမှုမှ ရရှိသောငွေအားလုံးကို ပရဟိတအတွက် လှူဒါန်းမည် ဖြစ်သည်။
2,590 သိန်း
810 သိန်း
1,680 သိန်း
1,580 သိန်း
556 သိန်း
3,200 သိန်း
1,380 သိန်း
1,350 သိန်း
Call for Price
3,200 သိန်း
လေလံတင် ရောင်းချရငွေများကို Folds of Honor ဖောင်ဒေးရှင်းနှင့် UFC ဖောင်ဒေးရှင်းတို့အကြား အညီအမျှ ခွဲဝေလှူဒါန်းခဲ့သည်။
Folds of Honor Foundation သည် ကျဆုံးစစ်သည်များ၊ မသန်စွမ်းဖြစ်သွားသော စစ်မှုထမ်းဟောင်းများ၏ မိသားစုဝင်များကို ထောက်ပံ့နေသည့် အဖွဲ့အစည်းဖြစ်သည်။

(ဓာတ်ပုံ Credit-Stellantis)
ထိုလေလံပွဲတွင် တစ်စင်းချင်းအလိုက် ဈေးအမြင့်ဆုံး ရရှိသွားသည်မှာ ၂၀၁၉ မော်ဒယ် Ford GT Lightweight Carbon Series ဖြစ်ပြီး ဒေါ်လာ ၉၆၈၀၀၀ ရရှိခဲ့သည်။

(ဓာတ်ပုံ Credit-Barrett-Jackson)
လေလံပွဲတွင် အထင်ကြီးလောက်စရာ ကားများ ရှိနေသော်လည်း ဒါနာဝှိုက် ပေးခဲ့သည့် လေလံဈေးနီးပါးသို့ မရောက်ခဲ့ချေ။
Ram ပစ်ကပ် နှစ်စီးပေါင်း ဈေးနှုန်းမှာ Ford GT နှင့် Porsche နှစ်စီးပေါင်း (ဒေါ်လာ ၁ ဒသမ ၄၆၃ သန်း) ထက် ပိုများနေသည်။

(ဓာတ်ပုံ Credit-Barrett-Jackson)
သုံးရက်တာ ကျင်းပသည့် လေလံပွဲတွင် ဒေါ်လာ ၃၆ သန်းနီးပါး ရရှိခဲ့သည်။
Barrett-Jackson မှတဆင့် ပရဟိတအတွက် ရန်ပုံငွေ ရှာဖွေပေးနိုင်ခဲ့သည့် စုစုပေါင်း ငွေပမာဏမှာ ဒေါ်လာ ၁၇၃ သန်းကျော် ရှိပြီ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Dana White paid $1.5M for a Ram pickup lot at Barrett-Jackson Las Vegas auction that outsold every single supercar (supercarblondie)