နိုဝင်ဘာ ၁၉
နယူးဇီလန်နိုင်ငံ မြောက်ပိုင်းရှိ Ninety Mile ကမ်းခြေတွင် Sperm ဝေလငါး ၁၉ ကောင် သောင်တင်သေဆုံးခဲ့ပြီး ကျန်ငါးကောင်မှာ အသက်ရှင်နေသော်လည်း ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း နယူးဇီလန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (DOC) က ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနှင့် ဒေသခံ မော်ရီတိုင်းရင်းသား အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အသက်ရှင်ကျန်ရှိနေသည့် ဝေလငါးများ၏ အသက်အန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းကျိုးချမ်းသာရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း သိရသည်။
နယူးဇီလန်နိုင်ငံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနသည် ပင်လယ်နို့တိုက်သတ္တဝါဆိုင်ရာ ကျွမ်းကျင်သူများနှင့်ပူးပေါင်းကာ ထိုဝေလငါးများအတွက် အသင့်တော်ဆုံး ကယ်ဆယ်ရေးနှင့် ကိုင်တွယ်ဆောင်ရွက်ရေး နည်းလမ်းများကို ဆုံးဖြတ်လျက်ရှိကြောင်း Radio New Zealand သတင်းဌာနက ဖော်ပြသည်။
ယခုဖြစ်စဉ်မတိုင်မီ တစ်လကျော်ခန့်ကလည်း Ninety Mile ကမ်းခြေ၏ တောင်ဘက်ပိုင်းရှိ ဟူကာတာရီ အနီးတွင် ရှားပါးမျိုးစိတ်ဖြစ်သော Pygmy Killer Whales ၁၅ ကောင်ခန့် သောင်တင်ခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ဝေလငါးအများစု သေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို