Kanbawza Tai News

ရှမ်းလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပြုလုပ်မည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို လာမည့် ဒီဇင်ဘာလ ၁၀ ရက်တွင် စတင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ရုံးက ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာချက်အမှတ် (၆/၂၀၂၆) ဖြင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပရန် ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် ပုံမှန်အစည်းအဝေး ၄ ကြိမ် ကျင်းပနိုင်ခဲ့ပြီး စတုတ္ထပုံမှန်အစည်းအဝေး ကို အောက်တိုဘာလ ၅ ရက်မှ ၉ ရက် အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ကို နိုဝင်ဘာ ၂ ရက်နှင့် ၁၃ ရက်တို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးရှိသည့်အနက် ပြည်ခိုင်ဖြိုး ပါတီမှ ၅၉ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ ၂ဝ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ ( PNO) မှ ၁၁ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ၃ ဦး၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီမှ ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦး၊ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးတို့ အသီးသီး ပါဝင်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News