Xinhua Myanmar

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုများက ဒေသတွင်းကို ပိုမိုကျယ်ပြန့်သော အကျိုးကျေးဇူးများ ရရှိစေဟု ဩစတြေးလျဝန်ကြီးချုပ် ပြော

ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်ခဲ့ခြင်း၊ ပြည်သူများကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေခဲ့ခြင်း၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်းနှင့် စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေခြင်းတို့သည် တရုတ်နိုင်ငံအတွက်သာမက ဒေသတွင်းတစ်ခုလုံးအတွက်ပါ အကျိုးရှိစေသည့်အောင်မြင်မှုတစ်ခုဖြစ်သောကြောင့် ဂုဏ်ပြုသင့်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနိစ်က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ဒေသတွင်းတစ်ခုလုံး အကျိုးခံစားခွင့်ရရှိစေရေးအတွက် အာရှ-ပစိဖိတ်ဒေသတွင် APEC အနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

………………………………………………..

(English version)

Australian PM says China's economic gains benefit wider region

Australian Prime Minister Anthony Albanese said Wednesday that China's success in lifting its economic growth, lifting people out of poverty, and providing opportunity, productivity and economic growth not just for China, but for the entire region is worth celebrating. He added that APEC has an important role to play across the Asia-Pacific to ensure the whole region can benefit.

မူရင်းသတင်း — Xinhua Myanmar