
ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ဆန်းကျန့်မြို့၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က လက်ရှိတွင် ကမ္ဘာ့ရာစုနှစ် အပြောင်းအလဲသည် အရှိန်အဟုန်ဖြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိပြီး သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုတို့သည် တိုးတက်ထွန်းကားလာလျက်ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။ အခွင့်အလမ်းနှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရာတွင် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးသည် အခြေအနေအသစ်နှင့် လိုက်လျောညီထွေပြောင်းလဲကာ ခြေလှမ်းအသစ်များ လျှောက်လှမ်း၍ အခင်းအကျင်းအသစ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ စိန်ခေါ်မှုများကို စိတ်တူကိုယ်တူ ကျော်လွှားသော၊ တံခါးဖွင့်လှစ်၍ ပေါင်းစည်းပါဝင်မှုရှိသော၊ ဆန်းသစ်တီထွင်မှု ချဲ့ထွင်သော၊ အားလုံးပါဝင်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသော အာရှ-ပစိဖိတ် အသိုက်အဝန်းကို တည်ဆောက်ရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ် အသိုက်အဝန်းကို တည်ဆောက်ရာတွင် စိန်ခေါ်မှုများကို စိတ်တူကိုယ်တူ ကျော်လွှားခြင်းကို လက်ကိုင်ထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ကျယ်ပြောလှသော ပစိဖိတ်သမုဒ္ဒရာသည် ရွက်သင်္ဘောထောင်သောင်းများစွာကို လက်ခံထားနိုင်ပြီး သက်ရှိသက်မဲ့ အရာခပ်သိမ်းကို ပျိုးထောင်ပေးကာ အာရှ-ပစိဖိတ်ဒေသ၏ မတူညီမှုများကို လက်ခံပေါင်းစည်းခြင်း၊ ငြိမ်းချမ်းစွာ အတူတကွ ရှင်သန်ခြင်းဟူသော ကြီးကျယ်ခမ်းနားသည့် အခြေအနေကို ဖန်တီးပေးခဲ့ကြောင်း၊ အာရှ-ပစိဖိတ် မိသားစုဝင်များသည် တစ်လှေတည်းပေါ်တွင် အတူတကွ ရှိနေကြသည်ဖြစ်ရာ ပစိဖိတ်သမုဒ္ဒရာ၏ လှိုင်းတံပိုးများကို ခံနိုင်ရည်ရှိရန်အတွက် တစ်စိတ်တစ်ဝမ်းတည်း၊ တစ်စည်းတစ်လုံးတည်း ဖေးမကူညီကြပြီး ဘုံအကျိုးစီးပွား ချိတ်ဆက်မှုများကို ခိုင်မာစွာ ချည်နှောင်ကာ ဘုံအသိုက်အဝန်းဆိုင်ရာ အသိအမြင်ကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ် အသိုက်အဝန်းကို တည်ဆောက်ရာတွင် တံခါးဖွင့်လှစ်၍ ပေါင်းစည်းပါဝင်မှုကို လက်ကိုင်ထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တံခါးဖွင့်လှစ်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုသည် အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်အားကောင်းရေးအတွက် မဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းဖြစ်ကြောင်း၊ တံခါးဖွင့်လှစ်မှုရှိသော ဒေသတွင်းဝါဒကို လက်ကိုင်ထားပြီး စီးပွားရေး တစ်သားတည်းပေါင်းစည်းရေးလုပ်ငန်းစဉ်ကို တည်ငြိမ်စွာ တွန်းအားပေးကာ တံခါးဖွင့်လှစ်မှုရှိ၍ အခြားသူများကို ဖယ်ကြဉ်ခြင်းမပြုသော၊ ပေါင်းစည်းပါဝင်မှုရှိ၍ ခွဲခြားခြင်းမပြုသော ပူးပေါင်းဆောင်ရွက်ရေး အခင်းအကျင်းကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ လွတ်လပ်၍ တံခါးဖွင့်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ထောက်ခံအားပေးပြီး အာရှ-ပစိဖိတ် စီးပွားရေးတိုးတက်မှုအတွက် ပိုမိုကျယ်ပြန့်သော အလားအလာကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ် အသိုက်အဝန်းကို တည်ဆောက်ရာတွင် ဆန်းသစ်တီထွင်မှု ချဲ့ထွင်ဆောင်ရွက်ရေးကို လက်ကိုင်ထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ဆန်းသစ်တီထွင်မှုသည် ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်သည့် ပထမဆုံး မောင်းနှင်စွမ်းအားဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို အားပေးကာ ဆန်းသစ်တီထွင်မှု ရလဒ်များ အသွင်ကူးပြောင်းမှုကို တွန်းအားပေးပြီး တံခါးဖွင့်လှစ်သော၊ တရားမျှတသော၊ သမာသမတ်ကျသော၊ ခွဲခြားဆက်ဆံမှုမရှိသော ပူးပေါင်းဆောင်ရွက်ရေး ပတ်ဝန်းကျင်ကို ဖန်တီးရမည်ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပျိုးထောင်ပေးသည့် အခန်းကဏ္ဍကို ချဲ့ထွင်ပြီး ယန္တရားနှင့် အယူအဆ ဆန်းသစ်တီထွင်မှုနှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးကာ အာရှ-ပစိဖိတ် စီးပွားရေး၏ ရှင်သန်စွမ်းအားနှင့် အလားအလာကို စဉ်ဆက်မပြတ် ထုတ်လွှတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ် အသိုက်အဝန်းကို တည်ဆောက်ရာတွင် အားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှုကို လက်ကိုင်ထားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ အာရှ-ပစိဖိတ် စီးပွားရေးအစုအဖွဲ့များ၏ ကွဲပြားစုံလင်မှုသည် ထင်ရှားပြီး ဖွံ့ဖြိုးတိုးတက်ရေး တောင်းဆိုချက်များမှာလည်း မတူညီကြကြောင်း၊ သို့ရာတွင် အခြေအနေနှင့် လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များဖြင့် အားလုံးပါဝင်မျှဝေခံစားနိုင်စေပြီး ပြည်သူများ၏ စိတ်ကျေနပ်မှုခံစားချက်ကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဘက်အသီးသီး၏ သင့်လျော်သည့်လက်ခံနိုင်မှုကို ထည့်သွင်းစဉ်းစား၍ အာရှ-ပစိဖိတ် အသိုက်အဝန်း ရည်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် အခွင့်သာသည့်အခြေအနေများကို စုစည်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………
(Chinese Version)
聚焦APEC|习近平谈建设亚太共同体
新华社深圳11月19日电(记者马卓言、钟焯)11月19日上午,国家主席习近平在深圳主持亚太经合组织第三十三次领导人非正式会议并发表重要讲话。
习近平指出,当前,世界百年变局加速演进,科技创新和产业创新方兴未艾。面对新的机遇和挑战,亚太合作必须适应新形势、迈出新步伐、开创新局面,推动建设和衷共济、开放融通、开拓创新、包容发展的亚太共同体。
建设亚太共同体,要坚持和衷共济。浩瀚的太平洋承载千帆、滋养万物,造就了亚太地区兼收并蓄、和合共生的磅礴气象。亚太大家庭的成员同在一条船上,要经受住太平洋的风浪,就应当勠力同心、守望相助,拉紧共同利益纽带,持续培育共同体意识。
建设亚太共同体,要坚持开放融通。开放合作是亚太发展振兴的必由之路。要秉持开放的区域主义,稳步推进经济一体化进程,构建开放而不排他、融合而不分割的合作格局。倡导自由开放的贸易和投资,为亚太经济增长开拓更广阔空间。
建设亚太共同体,要坚持开拓创新。创新是引领发展的第一动力。要鼓励科技交流合作,促进创新成果转化,营造开放、公平、公正、非歧视的合作环境。放大亚太经合组织孵化器作用,推动机制理念创新和结构性改革,不断释放亚太经济的活力和潜力。
建设亚太共同体,要坚持包容发展。亚太经济体多样性突出,发展诉求各异。要因势利导推进合作,让发展成果普惠共享,增加民众获得感,照顾各方舒适度,为实现亚太共同体目标积累有利条件。(完)
图说:11月19日上午,国家主席习近平在深圳国际交流中心主持亚太经合组织第三十三次领导人非正式会议,并发表题为《建设亚太共同体,续写“亚太奇迹”新篇章》的重要讲话。 新华社记者 殷博古 摄