Xinhua Myanmar

အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရာတွင် ဆန်းသစ်တီထွင်မှုနှင့် ပတ်သက်၍ သမ္မတရှီ အလေးပေးပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပကာ "အာရှ-ပစိဖိတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ကာ အာရှ-ပစိဖိတ်၏ အံ့ဖွယ် စာမျက်နှာသစ် ဖွင့်လှစ်မည်" ဟူသော ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားနေပုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရာတွင် ဆန်းသစ်တီထွင်မှု၏ အရေးပါပုံကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၁၉ ရက်၌ အလေးပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးတွင် သမ္မတ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် အပြန်အလှန် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးမြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှု ရလဒ်များ လက်တွေ့အသုံးချမှု လွယ်ကူချောမွေ့စေရန်၊ ပွင့်လင်းမြင်သာမှုရှိ၍ မျှတသော၊ သမာသမတ်ကျ၍ ခွဲခြားဆက်ဆံမှုမရှိသော ပူးပေါင်းဆောင်ရွက်မှု ဝန်းကျင်တစ်ခုကို ဖန်တီးပျိုးထောင်ရန် မဖြစ်မနေလိုအပ်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးမတိုင်မီ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်နေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Xi stresses innovation in building Asia-Pacific community

SHENZHEN, Nov. 19 (Xinhua) -- Chinese President Xi Jinping on Thursday emphasized the importance of innovation in building an Asia-Pacific community.

Xi made the remarks at the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting held in Shenzhen, south China's Guangdong Province.

It is imperative to encourage exchanges and cooperation on the sci-tech front, facilitate the utilization of innovation outcomes, and foster a cooperation environment that is open, fair, just and non-discriminatory, Xi said.

Photo caption 1: Chinese President Xi Jinping chairs the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting and delivers important remarks titled "Building an Asia-Pacific Community and Writing a New Chapter of the Asia-Pacific Miracle" in Shenzhen, south China's Guangdong Province, Nov. 19, 2026. (Xinhua/Yin Bogu)

Photo caption 2: Chinese President Xi Jinping poses for a group photo with leaders and representatives from other economies before the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting in Shenzhen, south China's Guangdong Province, Nov. 19, 2026. (Xinhua/Yao Dawei)

မူရင်းသတင်း — Xinhua Myanmar