Xinhua Myanmar

တရုတ်-အမေရိကန် ဆက်ဆံရေး ယေဘုယျအားဖြင့် တည်ငြိမ်၍ အပြုသဘောဆောင်ဟု သမ္မတရှီ ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ ဆန်းကျန့် ပေါင်အန်း အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ကြိုဆိုနေပုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်၍ အပြုသဘောဆောင်သည့် လမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိနေပြီး ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ဖြည့်တင်းပေးလျက်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

ဆန်းကျန့်မြို့၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် သမ္မတရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိနှင့် သမ္မတ ထရမ့်တို့သည် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် မှန်ကန်သော လမ်းကြောင်းကို အတူတကွ ရှာဖွေဖော်ထုတ်ခဲ့ကာ မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် အပြုသဘောဆောင်သော တရုတ်-အမေရိကန် ဆက်ဆံရေး ပုံစံသစ်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ပြီး အပြန်အလှန်လေးစားမှု၊ တရားမျှတမှုနှင့် အပြန်အလှန် အကျိုးပြုမှုတို့အပေါ် အခြေခံ၍ ယင်းဆက်ဆံရေးကို အဓိပ္ပာယ်သစ် ဖွင့်ဆိုပေးခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။

အဆိုပါ ဆက်ဆံရေး ပုံစံသစ်ကို တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံပြည်သူများသာမက နိုင်ငံတကာ အသိုက်အဝန်းကပါ ကြိုဆိုခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိ၍ အပြုသဘောဆောင်သည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်ခြင်းမှာ ယခင်က မကြုံဖူးသေးသည့် ရှေ့ဆောင်လမ်းပြ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ရှီက အလေးပေးပြောကြားခဲ့ပြီး လက်ရှိ အပြုသဘောဆောင်သည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အဓိကသော့ချက်မှာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရရှိထားသည့် ဘုံသဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံဘက်က မှန်ကန်သော လုပ်ရပ်ကို လုပ်ဆောင်သင့်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ကြီးမားစွာ ထိခိုက်ပျက်ပြားစေမည့် လုပ်ရပ်များကို ရှောင်ကြဉ်သင့်ကြောင်း ရှီက ပြောကြားခဲ့သည်။

သမ္မတ ထရမ့်ကလည်း မိမိနှင့် သမ္မတရှီတို့သည် အမေရိကန်-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ပဲ့ကိုင်လမ်းညွှန်ခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်ကောင်းမွန်နေသည့် အပြုသဘော အရှိန်အဟုန်ကို နှစ်ဖက်စလုံးက ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် "ထိုင်ဝမ် သီးခြားခွဲထွက်ရေး" ကို ထောက်ခံအားပေးခြင်းမရှိကြောင်းလည်း  ထရမ့်က ပြောကြားခဲ့သည်။ (Xinhua)

..................................

(English Version)

Xi says China-U.S. relations generally stable, positive

SHENZHEN, Nov. 19 (Xinhua) -- Chinese President Xi Jinping on Thursday said that China-U.S. relations have generally maintained a stable and positive trajectory, injecting stability and certainty into the world.

Xi made the remarks when meeting with U.S. President Donald Trump in Shenzhen.

Xi said that he and Trump had jointly explored the right way for China and the United States, as two major countries, to get along, established a new positioning of a constructive China-U.S. relationship of strategic stability and given it new meaning based on respect, fairness and reciprocity.

The new positioning has been welcomed by the people of both China and the United States, as well as by the international community, he added.

Xi stressed that building a constructive China-U.S. relationship of strategic stability is an unprecedented and pioneering endeavor, adding that the key to sustaining the current positive momentum lies in taking concrete action to implement the consensus reached by the two heads of state.

On the Taiwan question, the U.S. side should do the right thing and avoid major disruptions to China-U.S. relations, Xi said.

Trump said he and Xi have jointly guided the development of U.S.-China relations, and both sides should maintain the positive momentum of the stable development in bilateral relations. The United States does not support "Taiwan independence," Trump said. Enditem

Photo caption: Chinese President Xi Jinping welcomes U.S. President Donald Trump at Shenzhen Bao'an International Airport in Shenzhen, south China's Guangdong Province, Nov. 18, 2026.  (Xinhua/Yin Bogu)

မူရင်းသတင်း — Xinhua Myanmar