NP News

ကျိန်စာသင့်ပြီး တစ္ဆေမြို့ဖြစ်သွားခဲ့ရတဲ့ ပစ်ချာ (နိုင်ငံတကာ ဗဟုသုတ)

Pika (NP News)
ပစ်ချာမြို့သည် အမေရိကန်နိုင်ငံ အိုကလာဟိုး မားပြည်နယ်အရှေ့မြောက်ပိုင်း အော့တာဝါ ကောင် တီတွင်တည်ရှိခဲ့သော မြို့ဟောင်းတစ်ခုဖြစ်ပြီး လူသားများ၏လုပ်ရပ်ကြောင့် ကျိန်စာသင့်သွားခဲ့ ရသည့် လူသူကင်းမဲ့နေသောတစ္ဆေမြို့တစ်မြို့ဖြစ်သည်။ ပစ်ချာမြို့သည် Tri-State Mining District (ပြည်နယ်သုံးခုပါဝင်သော သတ္တုတူးဖော်ရေးဒေသ) ၏အလယ်ဗဟိုတွင်တည်ရှိပြီး နှစ်ပေါင်း (၁၀ဝ) ကျော်ကြာ ခဲနှင့်သွပ်သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် နိုင်ငံအဆင့်အဓိကဗဟိုချက်တစ်ခုဖြစ်ခဲ့ သည်။ ဆယ်စုနှစ်များစွာကြာအောင် မြေအောက်ထဲသို့ စည်းမဲ့ကမ်းမဲ့တူးဖော်ခဲ့မှုများကြောင့် ပစ်ချာ မြို့ ရှိအဆောက်အအုံများမှာ အန္တရာယ်ရှိလာသည်အထိ အခြေခံအုတ်မြစ်များ ယိုယွင်းပျက်စီးလာခဲ့ကာ အဆိပ်သင့်သတ္တုများပါဝင်နေသည့် စွန့်ပစ်ပစ္စည်းများမှာ မြို့နေရာအနှံ့တွင် တောင်လိုစုပုံလာခဲ့သည်။ နောက်ပိုင်းတွင် အဆိပ်သင့် သတ္တုမှုန်များကြောင့် လေထုလည်းညစ်ညမ်း ကာအဆိပ်သင့်လာခဲ့ပြီး မြေ အောက်ရေများကို လည်းအဆိပ်သင့်စေခဲ့ခြင်းကြောင့် လူများတဖြည်းဖြည်းစွန့်ခွာလာရာမှ လူသူကင်းမဲ့ သည့်မြို့ကြီးအဖြစ်သာကျန်ရှိနေခဲ့သည်။ မြေပြိုကျနိုင်မှုများ၊ မြေအောက်ရေညစ်ညမ်းမှုများနှင့် လေထု အဆိပ်သင့်လာခြင်းတို့ကြောင့်ဖြစ်ပေါ်လာသည့် ကျန်းမာရေး ဆိုင်ရာထိခိုက်မှုများကိုတွေ့ရှိလာရပြီး နောက် (၁၉၈၃) ခုနှစ်တွင် အမေရိကန် ပတ်ဝန်းကျင်ထိန်း သိမ်းရေးအေဂျင်စီက ပစ်ချာမြို့ကို ဘေး အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ခဲ့သည်။
ထို့နောက် အိုကလာဟိုးမားပြည်နယ်အစိုးရက ထိခိုက်မှုလျှော့ချရေးနှင့် ပြန်လည်ကုစားရေးလုပ် ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း (၁၉၉၄)ခုနှစ်တွင်လုပ်ဆောင်ခဲ့သော လေ့လာမှု တစ်ခု အရ ပစ်ချာမြို့ရှိကလေးငယ်များ၏ (၃၄)ရာ ခိုင်နှုန်းခန့်မှာ ပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှု များကြောင့် ခဲဆိပ်သင့်ခြင်းကို ခံစားနေရ ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ခဲဆိပ်သင့်ခြင်းက တသက်တာ လုံးအတွက် အာရုံကြောဆိုင်ရာပြဿနာများကိုဖြစ်ပေါ်စေနိုင်ခြင်းကြောင့် နောက်ဆုံးတွင် အမေရိကန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီနှင့် ပြည်နယ်အစိုးရတို့က မြို့နေလူထုကို မြို့တွင်းမှ မဖြစ်မနေ ပြောင်းရွှေ့ရန်နှင့် မြို့တစ်ခုလုံးရှိပိုင် ဆိုင်မှုများအားလုံးကို အစိုးရက ဝယ်ယူသိမ်းဆည်းရန် သဘောတူ ညီခဲ့ကြသည်။ (၂၀ဝ၆)ခုနှစ်တွင် အမေရိကန်စစ်တပ်အင်ဂျင်နီယာတပ်ဖွဲ့၏ လေ့လာမှုတစ်ခုအရ ပစ်ချာ မြို့ရှိ အဆောက်အအုံ(၈၆) ရာခိုင်နှုန်းမှာ အခြေခံအုတ်မြစ်များပျက်စီးနေပြီး အချိန်မရွေး ပြိုကျသွားနိုင် သည့်အခြေအနေတွင် ရှိနေကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် (၂၀ဝ၈)ခုနှစ်မေလတွင် အင်အား ပြင်းလေဆင်နှာမောင်းတစ်ခုဝင်ရောက်တိုက်ခတ်မှုကြောင့် ပစ်ချာမြို့ရှိ နေအိမ် ပေါင်း(၁၅၀)ခန့် ပျက်စီး သွားခဲ့ပြီး အဆိုပါဖြစ်ရပ်ကပင် မြို့တွင်း၌ကျန်ရှိနေသေးသောလူဦးရေများကို မြို့တွင်းမှထွက်ခွာရန် တွန်းအားပေးသလိုဖြစ်သွားခဲ့သည်။
(၂၀ဝ၉)ခုနှစ် စက်တင်ဘာလ(၁)ရက်တွင် အိုကလာဟိုးမားပြည်နယ်အစိုးရက ပစ်ချာမြို့၏ မြို့ အဆင့်သတ်မှတ်ချက်ကို တရားဝင်ရုပ်သိမ်းလိုက်ပြီး ယင်းနေ့မှစတင်ကာ မြို့အုပ်ချုပ်ရေးဆိုင်ရာ လုပ် ငန်းများလည်းရပ်ဆိုင်းသွားခဲ့ရသည်။ ပစ်ချာမြို့တွင် (၂၀ဝဝ)ပြည့်နှစ်သန်းခေါင်စာရင်းအရ နေထိုင်သူ (၁၆၄၀)ဦးရှိခဲ့သော်လည်း (၂၀၁၀)ပြည့်နှစ်တွင် လူဦးရေမှာ(၂၀)ဦးအထိ သိသိသာသာလျော့ကျသွားခဲ့ သည်။ ထို့ပြင် ပစ်ချာမြို့သည် လူသားများ၏ သတ္တုတူးဖော်မှုကြောင့်ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာထိခိုက်ပျက်စီးမှုများကြောင့် လူများစွန့်ခွာသွားခဲ့ရပြီး လူနေထိုင်ရန်မသင့်တော် ကြောင်း ကြေညာခံထားရသည့် ကမ္ဘာပေါ်ရှိနေရာ အနည်းငယ်အနက်မှ တစ်ခုလည်းဖြစ်သည်။

သတ္တုတူးဖော်ရေးလုပ်ငန်းများစတင်ခြင်း
(၁၉၁၃)ခုနှစ်တွင် Tri-State Mining District (ပြည်နယ်သုံးခုပါဝင်သော သတ္တုတူးဖော်ရေး ဒေသ) တိုးချဲ့လာသည်နှင့်အမျှ Quapaw အင်ဒီးယန်းလူမျိုးစုဝင်တစ်ဦးဖြစ်သော Harry Crawfish ၏ လုပ်ကွက်နယ်မြေအတွင်း ခဲနှင့်သွပ်များကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သတ္တုတူးဖော်ရေးလုပ်ငန်းများ စတင်ခဲ့သည်။ ထို့နောက် သတ္တုတွင်းလုပ်ငန်းသစ်များ ပတ်ပတ်လည်တွင် မြို့သစ်တစ်မြို့ပေါ်ပေါက် လာခဲ့ပြီး icher Lead Company ၏ပိုင်ရှင်ဖြစ်သူ O. S.Picher ကိုအစွဲပြုကာ ပစ်ချာမြို့ဟုအမည်ပေးခဲ့ သည်။ (၁၉၁၈)ခုနှစ်တွင် ပစ်ချာမြို့အဖြစ်တရားဝင် ဖွဲ့စည်းခဲ့ပြီး (၁၉၂၀) ပြည့်နှစ်တွင် လူဦးရေစုစုပေါင်း (၉၇၂၆)ဦးရှိခဲ့ကာ (၁၉၂၆)ခုနှစ်တွင် လူဦးရေစုစု ပေါင်းမှာ(၁၄၂၅၂)ဦးအထိရှိလာခဲ့သည်။ ပစ်ချာမြို့သည် Tri-State Mining District (ပြည်နယ်သုံးခုပါဝင်သော သတ္တုတူးဖော်ရေးဒေသ)တွင် ခဲနှင့်သွပ် အထွက် နှုန်းအကောင်းဆုံးနေရာတစ်ခုဖြစ်လာခဲ့ပြီး (၁၉၁၇)ခုနှစ်မှ (၁၉၄၇)ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၂၀) ဘီလျံကျော်တန်ဖိုးရှိသတ္တုရိုင်းများကိုထုတ်လုပ်နိုင်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းအသုံးပြုခဲ့သော ခဲနှင့်သွပ်သတ္တုပမာဏ၏ (၅၀)ရာခိုင်နှုန်းကျော်ကို ပစ်ချာမြို့မှတူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းလည် ပတ်မှုအမြင့်ဆုံးအချိန်တွင် သတ္တုတွင်းလုပ်သား(၁၄၀ဝဝ)ကျော်နှင့် သတ္တုတူးဖော်ရေးဆိုင်ရာ ဝန် ဆောင်မှုလုပ်ငန်းများတွင်လုပ်ကိုင်သူ (၄၀ဝဝ)ဦးကျော်အထိရှိခဲ့သည်။ ထို့ပြင် အလုပ်သမားအများစုမှာ မစ်ဆူရီပြည်နယ်ရှိ Joplin နှင့် Carthage မြို့များကဲ့သို့သော ဝေးလံသောနေရာများမှ မြို့အချင်းချင်း ဆက်သွယ်ပြေးဆွဲသည့် ရထားစနစ်များကိုအသုံးပြုကာ အလုပ်သို့ အသွားအပြန်လုပ်ခဲ့ကြသည်။
ယိုယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုဆိုင်ရာပြဿနာများ
(၁၉၂၆)ခုနှစ်တွင် ပစ်ချာမြို့မှာလူဦးရေအများဆုံးအဆင့်သို့ရောက်ရှိခဲ့သော်လည်း နောက်ပိုင်း တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ လျော့နည်းလာမှုနှင့်အတူ လူဦးရေမှာ ဖြည်းဖြည်းချင်းကျဆင်း လာခဲ့ပြီး (၁၉၆၀)ပြည့်နှစ်တွင် မြို့တွင်နေထိုင်သည့်လူဦးရေမှာ (၂၅၃၃)ဦးသာကျန်ရှိခဲ့သည်။ (၁၉၆၇) ခုနှစ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းများရပ်ဆိုင်းသွားခဲ့ပြီး သတ္တုတွင်းများမှ ရေစုပ်ထုတ်ခြင်းလုပ်ငန်း များလည်း ရပ်တန့်သွားခဲ့သည်။ ထို့နောက် စွန့်ပစ်ထားသော သတ္တုတွင်းပေါက်(၁၄၀ဝဝ)မှ ညစ်ညမ်းရေ များ၊ သတ္တုတူးဖော်ရေးစွန့်ပစ်ပစ္စည်းတန်ချိန် သန်း(၇၀)ကျော်နှင့် သတ္တုသန့်စင်ရာမှထွက်ပေါ်လာသော သဲ နှင့်ရွှံ့တန်ချိန်(၃၆)သန်းတို့မှာ ကြီးမားသောပတ်ဝန်းကျင်ဆိုင်ရာသန့်စင်ရေးပြဿနာတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။ (၁၉၉၄)ခုနှစ်တွင် ယင်းဒေသ၌နေထိုင်ကြသော အင်ဒီးယန်းကလေးငယ်များ၏ သွေး ထဲတွင် ခဲဓါတ်ပါဝင်မှုနှုန်းကို စစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ကလေးငယ်များအနက် (၃၅)ရာခိုင်နှုန်း ခန့် မှာ ခဲ ဆိပ်သင့်နေသည်ကိုတွေ့ရှိခဲ့ရသည်။ ထို့နောက် ကလေးငယ်များခဲဆိပ်သင့်နေမှုကို ကာကွယ်ရန် အတွက် အမေရိကန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီက (၁၉၉၄)ခုနှစ် ဩဂုတ်လတွင် ကလေးထိန်း ကျောင်းများ၊ ကျောင်းဝင်းများနှင့် အခြားစုဝေးရာနေရာများမှ မြေကြီးနမူနာများကို စတင်ကောက်ယူ စစ်ဆေးခဲ့သည်။
စစ်ဆေးမှုများအတွင်း ခဲနှင့်အခြားသတ္တုဓာတ်များမှာ မြေဆီလွှာထဲတွင် အများအပြားပါဝင်နေ ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မြို့နေလူထုအားလုံးကို မြို့တွင်းမှမဖြစ်မနေရွှေ့ပြောင်းရန် အမိန့် ထုတ်ခဲ့ရသည်။ (၂၅)နှစ်တာကာလအတွင်း ပတ်ဝန်းကျင် ပြန်လည်ကုစားရေးလုပ်ငန်းအချို့ကို လုပ် ဆောင်ခဲ့သော်လည်း ညစ်ညမ်းမှုနှင့် အခြားသော ပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များမှာ အလွန်ပြင်းထန် နေဆဲလည်းဖြစ်သည်။ ထို့ကြောင့် အစိုးရက ပစ်ချာမြို့ကိုပိတ်သိမ်းရန်နှင့် မြို့နေလူထုကို အခြားနေရာ သို့ ရွှေ့ပြောင်းချထားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် သတ္တုတူးဖော်ရေးလုပ်ငန်းများအတွင်း မြေအောက်မှသတ္တုပစ္စည်းများကို အကြီးအကျယ်တူးဖော်ယူခဲ့မှုကြောင့် မြို့တွင်းရှိအဆောက်အအုံများ စွာမှာ ပြိုကျပျက်စီးနိုင်ခြေအလွန်များပြားသည့်အန္တရာယ်ရှိသောအခြေအနေကိုရောက်ရှိနေခြင်းက လည်း ပစ်ချာမြို့ကို လူသူကင်းမဲ့နေသည့်တစ္ဆေမြို့အဖြစ် ဖြစ်လာစေခဲ့ခြင်းဖြစ်သည်။
ပစ်ချာမြို့ပိတ်သိမ်းခြင်း
ပစ်ချာမြို့ရှိစာတိုက်ကို (၂၀ဝ၉)ခုနှစ် ဇူလိုင်လတွင် ပိတ်သိမ်းရန်စီစဉ်ထားခဲ့ပြီး (၂၀ဝ၉)ခုနှစ် စက်တင်ဘာလ(၁)ရက်တွင် မြို့အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ် ရပ်တည်မှုအားလုံးကို ရပ်ဆိုင်းပစ်ခဲ့ သည်။ မြို့ကို ပိတ်သိမ်းချပစ်လိုက်သည့်နောက်ဆုံးနေ့တွင် နောက်ဆုံးကျန်ရှိနေသောဒေသခံများ အား လုံးမှာ ကျောင်းခန်းမဆောင်၌စုဝေးပြီး နှုတ်ဆက်စကားပြောကြားခဲ့ပြီးနောက် အစိုးရထံမှ ငွေကြေး ထောက်ပံ့မှုချက်လက်မှတ်များကိုယူကာ ထွက်ခွာသွားခဲ့ကြသည်။ ပစ်ချာမြို့အုပ်ချုပ်ရေး အဖွဲ့အစည်းကို (၂၀၁၃)ခုနှစ် နိုဝင်ဘာလ(၂၆) ရက်တွင် တရားဝင်ဖျက်သိမ်းခဲ့ပြီး Picher Mi­ning Field Museum (သတ္တုတူးဖော်ရေးနယ် မြေပြတိုက်)ကိုလည်း (၂၀၁၅)ခုနှစ် ဧပြီလတွင် မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် လည်း ပြတိုက် တွင်းရှိမှတ်တမ်းများနှင့် ရှေးဟောင်းပစ္စည်းများကို မူ အမေရိကန်နိုင်ငံတွင်းရှိ အခြား ပြ တိုက်များသို့ ရွှေ့ပြောင်းခဲ့ပြီးမှသာ Picher Mining Field Museum ကို မီးရှို့ဖျက် ဆီးခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။ (၂၀၁၉)ခုနှစ် စက်တင်ဘာလ (၁၇)ရက်တွင် အမေရိကန်ပတ် ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီက အိုကလာဟိုးမားပြည်နယ်အစိုးရနှင့်ပူးပေါင်းကာ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်သည့်စီမံကိန်းကို အပြီးသတ် သည့်မူကိုထုတ်ပြန်ခဲ့ပြီးနောက် တစ်ချိန်က တစ်ထောင့် တစ် နေရာမှ အလွန်အရေးပါခဲ့သည့် ပစ်ချာ မြို့မှာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်နေသည့်တစ္ဆေမြို့ ကြီးအဖြစ်သာ ကျန်ရှိနေခဲ့သည်။

မူရင်းသတင်း — NP News