Myanmar Digital News

ရာသီဥတုဖောက်ပြန်မှုဒဏ်ခံနေရသည့် နိုင်ငံများကို နိုင်ငံတကာက ထောက်ပံ့မှုတိုးမြှင့်ရန် ကုလသမဂ္ဂတိုက်တွန်း

ဂျီနီဗာ နိုဝင်ဘာ ၁၉

 

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် ထိခိုက်လွယ်သော နိုင်ငံများအား နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ငွေကြေးထောက်ပံ့မှု ပိုမိုပေးအပ်ရန် ကုလသမဂ္ဂတာဝန်ရှိသူ တစ်ဦးက တိုက်တွန်းလိုက်သည်။

 

ယင်းတိုက်တွန်းချက်သည် ဩဂုတ်လအတွင်း ရေကြီးရေလျှံမှုများကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နီပေါနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇ ဘီလီယံ ကုန်ကျမည်ဟု နီပေါအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

၂၀၂၂ ခုနှစ် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများအတွက် ရန်ပုံငွေထူထောင်ရန် နိုင်ငံများ သဘောတူခဲ့ကြသည်။ အဆိုပါရန်ပုံငွေမှ နီပေါနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၆ သန်းကို ယာယီခွဲဝေ သတ်မှတ်ပေးထားသည်။

 

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News