Myanmar Digital News

မန်ယူနည်းပြသစ် ပိုချက်တီနို လာမည့် လီဗာပူးနှင့် ပွဲစဉ်ကို စတင်ကိုင်တွယ်မည်

မော်ရီစီယို ပိုချက်တီနိုသည် မိုက်ကယ်ကာရစ်၏နေရာကို အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် နိုဝင်ဘာ ၂၂ ရက်တွင် ယှဉ်ပြိုင်ကစားမည့် လီဗာပူးအသင်းနှင့် ပွဲစဉ်ကို မန်ယူအသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်သွား​မည်ဖြစ်ကြောင်း သိရသည်။

 

အသက် ၅၄ နှစ်အရွယ် အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုသည် မန်ယူအသင်းနှင့် နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိပြီးနောက် နိုဝင်ဘာ ၁၈ ရက်တွင် မန်ယူအသင်း နည်းပြ​ဖြစ်လာသည်။

 

ချယ်ဆီး၊ စပါး၊ ဆောက်သမ် တန်နည်းပြဟောင်း ပိုချက်တီနိုသည် အမေရိကန်က ဟေတီကို နှစ်ဂိုးပြတ်နိုင်ပွဲရရှိပြီးနောက်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် မန်ချက်စတာမြို့သို့ တိုက်ရိုက်ထွက်ခွာလာခဲ့ကြောင်း၊ ယင်းနောက် မန်ယူအသင်း၏ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ဆက်လက်သွားရောက်ခဲ့ကြောင်း သိရသည်။

 

မန်ယူအသင်းသည် ယခုနှစ် ရာသီပရီမီယာလိဂ် ၁၀ ပွဲကစားပြီးချိန်တွင် တစ်ပွဲသာနိုင်ပွဲရရှိထားပြီး ရမှတ် ၈ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ရပ်တည်နေသည်။၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်အသင်းနည်းပြဖြစ်လာသော ပိုချက်တီနိုသည် အမေရိကန်အသင်းကို ၂၀၂၅ ရွှေဖလားပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအထိ ရောက်ရှိအောင် ကူညီပေးထားနိုင်သည်။ ထို့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အမေရိကန်အသင်းကို ၁၆ သင်း အဆင့်အထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးထားနိုင်သည်။

 

အောင်ဇော်

မူရင်းသတင်း — Myanmar Digital News