ရန်ကုန် နိုဝင်ဘာ ၁၉
အာရှဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၆ ခုနှစ် အကောင်းဆုံးဘောလုံး ဆုပေးပွဲအခမ်းအနား (AFC Awards Bangkok 2026) ကို နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် အခြေခံလူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် (AFC President's Recognition Award for Grassroots Football - Bronze) ကို ဆွတ်ခူးရရှိခဲ့သည်။
AFC President's Recognition Award for Grassroots Football 2026 Awards ၏ Gold Medal ကို ဂျပန်နိုင်ငံ၊ Silver Medal ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bronze Medal ကို မြန်မာနိုင်ငံတို့က ရရှိသည်။ အခြေခံလူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် (AFC President's Recognition Award for Grassroots Football - Bronze) ဆုကို အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်လက်ခံ ရယူခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အမျိုးသား၊ အမျိုးသမီး ဘောလုံးအကယ်ဒမီများ၊ ဒေသအလိုက် ဘောလုံးလေ့ကျင့်ရေးစင်တာများ၊ သင်တန်းသား ၁၇၀၀ တက်ရောက်ခဲ့သည့် ဒေသအလိုက် နွေရာသီအခမဲ့ ဘောလုံးသင်တန်းများ၊ လူငယ်မျိုးဆက်သစ်ရွေးချယ်ရေးနှင့် လူငယ်ဘောလုံးပွဲတော်များကို ၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးသာမက အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆောင်ရွက်ခဲ့သည်။ အလားတူ ကျောင်းအခြေပြု Football For Schools လှုပ်ရှားမှုများသာမက FIFA Arena ကဲ့သို့ ကစားကွင်းသစ် ဖော်ထုတ်မှုများ၊ ယူ-၁၂ အဆင့်မှ ယူ-၁၅ အဆင့်ထိ မျိုးဆက်သစ်ရှာဖွေဖော်ထုတ်ရေး စီမံကိန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းများကြောင့် ယခုကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်သည်။
သတင်း - ညီမြတ်သော်တာ၊
ဓာတ်ပုံ-AFC