အင်္ဂပူ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးမြို့ ပြည်သူ့အားကစားကွင်း၌ ယနေ့မွန်းလွဲပိုင်းတွင် ထူးကြီးအသင်း (ရန်ကုန်) နာယကဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ဦးစွာ အထက(ထူးကြီး) ကျောင်းသူများ၏ ပန်းဖွားအကဖြင့် အခမ်းအနားဖွင့်လှစ်ပြီး အားကစားသမားများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးနေဇော်နှင့် ထူးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုးတို့က အမှာစကားများ ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင်များက အားကစားအဓိဋ္ဌာန်ရွတ်ဆို၍ အထက(ထူးကြီး)မှ ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေပြီး ထူးကြီး(က)အသင်းနှင့် ဘုရားငုတ္တိုအသင်းတို့ ယှဉ်ပြိုင်မှုကို တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)