NP News

(၂၀၂၆- ၂၀၂၇) ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အတွက် ပွဲကြိုသုံးသပ်ချက်များ (အားကစား ဆောင်းပါး)

ရဲထက် (NP News)
(၂၀၂၆-၂၀၂၇) ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ကိုရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ကြားမှာ အားပြိုင်မှုတွေဟာ အာ ဆင်နယ်အသင်းက ရမှတ်(၆)မှတ်အထိ ဖြတ်ထားနိုင်တာကိုတွေ့ရပါတယ်။ ဘရိုက်တန်အသင်းက တော့ ဒီရာသီမှာ မဖြစ်မနေစောင့်ကြည့်ရမည့် အသင်းကောင်းတစ်သင်းဖြစ်ပြီးတော့ ပရီးမီးယားလိဂ်ဆုဖလား ကို အာဆင်နယ်အသင်းနဲ့အပြိုင် ဖိအားပေးနိုင်မယ့်အသင်းတွေထဲမှာ ပါဝင်လာပါတယ်။ ဒါ့ပြင် ချဲလ်ဆီး အသင်းနဲ့လီဗာပူးလ်အသင်းကလည်း ခြေစွမ်းမတည်ငြိမ်မှုတွေရှိနေပေမယ့် လူမှန်နေရာမှန်သာဖြစ်သွား ခဲ့ရင် သတိထားစောင့်ကြည့်ချင်စရာကောင်းတဲ့အသင်းတွေအဖြစ်ရှိလာဖို့အလားအလာတွေကို မြင်တွေ့ နေရပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)ရဲ့ အကောင်းဆုံးသောပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါတယ်။

လီဗာပူးလ် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၃ - ၂ လီဗာပူးလ် (၃ - ၅ -၂၀၂၆)
လီဗာပူးလ် ၁ - ၂ မန်ယူ (၁၉ - ၁၀ -၂၀၂၅)
လီဗာပူးလ် ၂ - ၂ မန်ယူ (၅ - ၁ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ၂ မန်ယူ
လီဗာပူးလ် ၃ - ၂ မန်ယူ
လီဗာပူးလ်အသင်းက အခုနောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲတွေပြန်လည်ရရှိလာမှုနဲ့အတူ ယုံကြည် မှုတစ်ခုကို ရရှိလာပြီလို့ဆိုနိုင်ပါတယ်။ လီဗာပူးလ်အသင်းမှာ ကစားသမားအင်အားတောင့်တင်းပြီးသား အသင်းဖြစ်တဲ့အပြင် ကစားသမားကောင်းများစွာကို ခေါ်ယူအားဖြည့်ထားတဲ့အသင်းဖြစ်ပြီး ဒီရာသီမှာ နည်းပြသစ် အာရာအိုးလာနဲ့အတူ အထိုင်ကျဖို့ ပုံမှန်ခြေစွမ်းတွေရလာနေပြီလို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် လီ ဗာပူးလ်အသင်းရဲ့အားသာချက်က ကွင်းလယ်ပိုင်းမှာ မက်အလစ္စတာနဲ့ ဆဘိုးဆလိုင်းတို့ရှိနေတာက ကွင်းလယ်ပိုင်းတစ်နေရာမှာ အကောင်းဆုံးအတွဲအဖက်ဖြစ်လာပြီး ပုံမှန်ခြေစွမ်း ပြန်ရလာတဲ့အချက် ဖြစ် ပါတယ်။ ဒါ့ပြင် တိုက်စစ်ပိုင်းမှာ ဘာကိုလာ၊ ဗလောဒီယန်ဗစ်နဲ့ အီဆက်တို့အပြင် ဂတ်ပိုတို့လို ကစား သမားအစုအဖွဲ့ကလည်း တကယ်သာအလုပ်ဖြစ်လာရင် ပြိုင်ဘက်အသင်းတွေအတွက် စိုးရိမ်စရာ အနေ အထားမျိုးပါ။ ဒါကြောင့် လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းနဲ့ မန်စီးတီး အ သင်းတို့ကို ဖိအားပေးလာနိုင်ဖို့ရှိနေတဲ့အသင်းဖြစ်ပါတယ်။ မန်ယူအသင်းကတော့ ဒီရာသီမှာ ပရီးမီး ယားလိဂ် အမှတ်ပေးဇယားရဲ့တန်းဆင်းဇုန်ထဲကိုရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ပွဲစဉ်(၁၀)ပွဲမှာ ရမှတ် (၈) မှတ်သာ စုဆောင်းထားနိုင်ခဲ့ပြီး အခြေအနေဆိုးရွားတာထက်ကို ပိုနေတဲ့ခြေစွမ်းမျိုးဖြစ်ပါတယ်။ ဒါ့ ပြင် မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ မိုက်ကယ်ကားရစ်ရဲ့ နည်းပြထိုင်ခုံကလည်း စိတ်မချရတော့တဲ့ပုံစံမျိုး ဖြစ်လာသလို ပရိသတ်တွေအနေနဲ့လည်း သည်းခံနိုင်တဲ့အတိုင်းအတာကိုကျော်လွန်လာခဲ့ပြီလို့ ဆိုနိုင်ပါ တယ်။ အထူးသဖြင့် မန်ယူအသင်းရဲ့ ကစားသမားတော်တော်များများက အသင်းအတွက် ပေးဆပ်ကစား လိုစိတ်နည်းပါးသလို နည်းပြအပေါ်မှာလည်း လေးစားမှုကိုပြသတဲ့ အမူအရာနဲ့ ခြေစွမ်းတွေမှာလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အချို့ကစားသမားတွေဆိုရင် သက်သက်များ ရှုံးအောင်လုပ်ယူနေ သလားလို့တောင် ထင်ရပြီး ခြေစွမ်းပိုင်းက ကစားပုံကလည်း မနှစ်က ရာသီကထက် နှစ်ဆလောက်ကို ကျဆင်းသွားတာကိုတွေ့ရပါတယ်။ ဒါကြောင့် မန်ယူအသင်းနဲ့ ခြေစွမ်းပိုင်းကို အချိန်မီမထိန်းနိုင်ခဲ့ဘူး ဆို ရင်တော့ လာမယ့်ရာသီမှာ တန်းဆင်းမသွားရရေးကို ရာသီကုန်အထိ ရုန်းကန်သွားရဖို့ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ ပြန်ကြည့်ရင် ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှု (၂)ကြိမ်မှာ မန်ယူအသင်းက နှစ်ပွဲလုံးအနိုင်ရရှိထားတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ လီဗာပူးလ်အသင်းက တိုးတက် လာတဲ့ခြေစွမ်းပိုင်းနဲ့ မန်ယူအသင်းက ကျဆင်းလာတဲ့ခြေစွမ်းပိုင်းနှစ်ခုကြားမှာ မန်ယူအသင်းအနေနဲ့ နိုင် ပွဲရဖို့ခက်ခဲနိုင်ပါတယ်။ ဒါ ပေမဲ့ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာဆိုရင် အနည်းငယ် ရလဒ်မကောင်း တတ်တာကြောင့် ဒီပွဲစဉ်က လီဗာပူးလ်အသင်းက အဘက်ဘက်က သာလွန်တဲ့အချက်တွေရှိပေမယ့် အခန့်မသင့်ရင် သရေကျသွားနိုင်ဖို့ ရှိနေပါတယ်။ နိုင်ပွဲအနေနဲ့ကတော့ လီဗာပူးလ်အသင်းဘက်ကနေ ချင်ပါတယ်။ ဂိုးတော့ အရမ်းမပြတ်ပါဘူး။

နယူးကာဆယ် Vs အာဆင်နယ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၁ - ဝ နယူးကာဆယ်(၂၅-၄ -၂၀၂၆)
နယူးကာဆယ် ၁ - ၂ အာဆင်နယ်(၂၈-၉ -၂၀၂၅)
အာဆင်နယ် ၃-၂ နယူးကာဆယ် (၂၇-၇ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် ဝ - ၁ အာဆင်နယ်
နယူးကာဆယ် ၁ - ၂ အာဆင်နယ်
ဒီပွဲစဉ်က အာဆင်နယ်အသင်းကို နောက်ထပ်စာမေးပွဲစစ်မယ့်ပွဲကောင်းတစ်ပွဲဖြစ်ပြီး နယူးကာ ဆယ်အသင်းရဲ့အိမ်ကွင်းမှာ အာဆင်နယ်အသင်း နိုင်ပွဲရပါ့မလားဆိုတဲ့မေးခွန်းကရှိနေပါတယ်။ အာဆင် နယ်အသင်းက ဘရိုက်တန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်ပိုင်းကတည်းက နိုင်ပွဲတွေ ဆက်တိုက်ရ နေပြီး မန်စီးတီးအသင်းကို အနီးကပ်ဖိအားပေးလာရာကနေ လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အပြီး မှာတော့ ရမှတ်(၆)မှတ်အထိ ဖြတ်ထားတာကိုတွေ့ရပါတယ်။ အာဆင်နယ်အသင်းဟာ အခြားသော အ သင်းတွေထက်ပိုပြီး နိုင်ပွဲရအောင်ကစားဖို့ခက်တဲ့အသင်းတစ်သင်းဖြစ်ပြီး ပြိုင်ဘက်အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတိုင်းမှာ အသေးစိတ်ကအစ လေ့လာအကဲဖြတ်ပြီးမှ ပွဲကို ပြင်ဆင်လာတတ်တဲ့ အာတီတာလို နည်းပြမျိုးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီအချက်ကပဲ အာဆင်နယ်အသင်းရဲ့ အဓိက အားသာ ချက်ဖြစ်ပြီး နိုင်ပွဲရဖို့လည်း ခက်ခဲစေတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့ ဒီရာသီမှာ ကစား သမားကောင်းတွေကို ဆက်တိုက်ဆုံးရှုံးထားရတဲ့အပြင် ကစားသမားသစ်တွေနဲ့ အသားမကျသေးဘဲ ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ရာသီကအတိုင်းပဲရှိနေတဲ့ အသင်းဖြစ်ပြီး ပိုပြီးတော့လည်း ကောင်းမလာတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ နယူးကာဆယ်အသင်းရဲ့ တူညီတဲ့အချက်ကတော့ အိမ်ကွင်းမှာဆိုရင် ဘယ်အသင်းကမှ အလွယ်တကူနိုင်ပွဲမရတဲ့အချက်ဖြစ်ပါ တယ်။ ဒီအချက်ကပဲ အာဆင်နယ်အသင်းကို နိုင်ပွဲရဖို့ခက်ခဲစေမှာဖြစ်ပြီး ကစားရလည်း ခက်ခဲသွားနိုင် ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာဆိုရင်လည်း နယူကားဆယ်အသင်းရဲ့အိမ်ကွင်းမှာဆိုရင် အာဆင် နယ်အသင်းအတွက် ကစားရခက်ခဲတတ်ပြီး နိုင်ပွဲတွေရခဲ့သည့်တိုင်အောင် ခက်ခက်ခဲခဲကစားခဲ့ရတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းရဲ့ အဝေးကွင်းဖြစ်တာကြောင့် အပြန်အလှန် သွင်းဂိုးနည်းနိုင်ပြီး အာဆင်နယ်အသင်းက ခက်ခက်ခဲခဲကစားပြီးမှ ကျဉ်းမြောင်းတဲ့ရလဒ် တစ်ခုနဲ့သာ နိုင်ပါမယ်။ ဂိုးမပြတ်ပါဘူး။

ချဲလ်ဆီး Vs လိဒ်ယူနိုက်တက်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၂ - ၂ လိဒ်ယူနိုက်တက် (၁၁ - ၂ -၂၀၂၆)
လိဒ်ယူနိုက်တက် ၃-၁ ချဲလ်ဆီး (၄ - ၁၂ -၂၀၂၅)
ချဲလ်ဆီး ၁ - ဝ လိဒ်ယူနိုက်တက် (၄- ၃ -၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၂ - ၁ လိဒ်ယူနိုက်တက်
ချဲလ်ဆီး ၃ - ၂ လိဒ်ယူနိုက်တက်
ချဲလ်ဆီးအသင်းက ဒီရာသီမှာ အကောင်းဆုံးပုံစံတစ်ခုနဲ့ ရာသီအစပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲတွေ ရခဲ့ ပေမယ့်လည်း ခြေစွမ်းပိုင်း တည်ငြိမ်မှုမရှိသေးတဲ့အသင်းဖြစ်ပါတယ်။ နည်းပြသစ် ဇာဗီအလွန်ဆိုလက် ထက်မှာ ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းက ပိုကောင်းလာတယ်ဆိုပေမယ့်လည်း ခံစစ်ပိုင်းမှာတော့ လို အပ်ချက်တွေ များနေဆဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့အဓိကလိုအပ်ချက်က ခြေစွမ်းကို တစ်သမတ် တည်းခန့်မှန်းလို့မရတဲ့ပြဿနာဖြစ်ပြီး ခြေစွမ်းကောင်းချင်တဲ့ပွဲဆိုရင် အသင်းကြီးဆိုလည်း နိုင်ပွဲရတတ် ပေမယ့် ခြေစွမ်းညံ့တဲ့ပွဲတွေဆိုရင် အသင်းငယ်လေးတွေကိုတောင် ရှုံးအောင်ကစားတတ်တာပဲဖြစ်ပါ တယ်။ ဒါ့ပြင် တိုက်စစ်မှူး ဂျာအိုပတ်ထရိုနဲ့ ခံစစ်ပိုင်းက လခွားလိုကစားသမားမျိုးတွေ ဒဏ်ရာရနေတာ ကြောင့်လည်း ချဲလ်ဆီးအသင်းက ပုံမှန်စွမ်းဆောင်ရည်အောက်ကိုရောက်ရှိနေတယ်လို့လည်းဆိုနိုင်ပါ တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်နဲ့ အခြားသော ဥရောပပြိုင်ပွဲတွေမရှိတာက ချဲလ်ဆီးအသင်းအတွက် အား သာချက်တစ်ခုဖြစ်လာနိုင်ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် မျှော်လင့်လို့ ရနေ တဲ့အနေအထားမျိုးဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်ကတော့ ဒီရာသီမှာ ပွဲစဉ်(၁၀)ပွဲကစားပြီချိန်မှာ ရမှတ် (၁၄)မှတ်နဲ့အတူ အဆင့်(၉)နေရာမှာရပ်တည်နေတဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးတွေကို ပြသထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာလည်း ပြီးခဲ့တဲ့ရာသီက ထိပ်တိုက်တွေ့ဆုံမှုနှစ်ကြိမ်လုံးမှာ လိဒ်ယူနိုက်တက်က တစ်ကြိမ်မှ ရှုံးမထားတာကို တွေ့ရပြီး ခြေစွမ်းပိုင်းကလည်း ပိုကောင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်ကိုခန့်မှန်းရရင် ဒီရာသီမှာ ချဲလ်ဆီးအသင်းရဲ့ လူစာရင်းစုဖွဲ့မှုက တိုက်စစ်ပိုင်းက ပိုကောင်းလာတာမှန်ပေမယ့် လိဒ် အ သင်းကလည်း ချဲလ်ဆီးအသင်းနဲ့တွေ့တိုင်းမှာ တစ်ခုခုလုပ်ပြတတ်တဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းက အိမ်ကွင်းအားသာချက်နဲ့နိုင်ပွဲရခဲ့‌မယ်ဆိုရင်တောင် အပြန်အလှန် သွင်းဂိုးတွေကို ခွင့် ပြုပြီးမှသာ (၁) ဂိုး လောက်အကွာနဲ့ကပ်နိုင်ပါမယ်။ နှစ်သင်းပေါင်း သွင်းဂိုးလည်းများပါမယ်။

မန်စီးတီး Vs ဖူဟမ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၃ - ဝ ဖူဟမ် (၁၂ - ၂ -၂၀၂၆)
ဖူဟမ် ၄ - ၅ မန်စီးတီး (၃ - ၁၂ -၂၀၂၅)
ဖူဟမ် ဝ - ၂ မန်စီးတီး (၂၅- ၅ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ဝ ဖူဟမ်
မန်စီးတီး ၂ - ၁ ဖူဟမ်
မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ပွဲစဉ်(၁၀) မှာ နော်တင်ဖောရက်စ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲဆက်တိုက်ရှုံး နိမ့်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ရမှတ်(၆)မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ သတိထားစရာအချက်က မန်စီးတီးအသင်း (၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ အ သင်းတွေက ပရီးမီးယားလိဂ်ရဲ့အသင်းကြီးတွေ မပါဝင် တာဖြစ်ပြီး အသင်းငယ်လေးတွေကိုသာ ရှုံးနိမ့်ခဲ့ တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ နည်းပြ ဂွာဒီယိုလာ လက်ထက်ကအတိုင်း ဘောလုံးပိုင်ဆိုင်မှုကို ဦးစား ပေးကစားပြီး ပြိုင်ဘက်အသင်းကို ဖိအားပေးကစား ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေကို ပြန် ကြည့်ရင် နည်းပြ ဂွာဒီယိုလာအနေနဲ့လည်း ထွက်ခွာခဲ့တဲ့နောက်ဆုံးရာသီတွေမှာ အောင်မြင်မှုမရခဲ့သလို နည်းပြ အန် ဇိုမာရက်စကာအနေနဲ့လည်း ချဲလ်ဆီးအသင်းမှာ အောင်မြင်မှုကြီးကြီးမားမားမရခဲ့တာကို မြင်တွေ့ရမှာပါ။ ပြောရရင် ဒီဘက်ခေတ်သစ်ဘောလုံးလောကမှာ ဘောလုံးပိုင်ဆိုင်မှုကိုဦးစားပေးကစား တိုင်း ပွဲကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီလို့ တစ်ထစ်ချတွေးထားလို့ မရတော့တဲ့အချက်ကို သတိပြုရမှာဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ပြိုင်ဘက်အသင်းကို ဘောလုံးပိုင်ဆိုင်မှုနဲ့ ဖိအားပေးကစားချိန်မှာ ဘောလုံး ဆုံးရှုံးသွားတဲ့အချိန်ကျရင် တန်ပြန်တိုက်စစ်ကနေ ဂိုးတွေကို လွယ်လွယ်ကူကူခွင့်ပြုရနိုင်တဲ့အချက်တစ် ခုကို ကျိန်းသေပေါက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီအချက်တွေကို မပြောင်းလဲနိုင်ဘူးဆိုရင်တော့ မန်စီး တီးအသင်းအနေနဲ့ နိုင်ပွဲရဖို့ ခက်ခဲနေဦးမှာဖြစ်ပြီး နိုင်ပွဲတွေအတွက်လည်း ရုန်းကန်လာရနိုင်ပါတယ်။ ဖူဟမ်အသင်းကတော့ ဒီရာသီမှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့အသင်းဖြစ်တဲ့အပြင် ခြေစွမ်းပိုင်း က လည်း ကျဆင်းနေပြီဖြစ်တာကြောင့် ဒီပွဲစဉ်က မန်စီးတီးအသင်းအနေနဲ့ အိမ်ကွင်းမှာ ကျိန်းသေပေါက် နိုင်ပွဲပြန်ရှာလာနိုင်ဖို့ရှိနေပြီး အနည်းဆုံး (၂)ဂိုးလောက်နဲ့နိုင်ပါမယ်။
၂၁ - ၁၁ - ၂၀၂၆ (စနေနေ့ )
ည (၇ : ဝဝ) မန်စီးတီး Vs ဖူဟမ်
ည (၉ : ၃၀) ချဲလ်ဆီး Vs လိဒ်ယူနိုက်တက်
ည (၁၂ : ဝဝ) နယူးကာဆယ် Vs အာဆင်နယ်
၂၂ - ၁၁ - ၂၀၂၆ (တနင်္ဂနွေနေ့ )
ည (၁၁ : ဝဝ) လီဗာပူးလ် Vs မန်ယူ

မူရင်းသတင်း — NP News