
တနင်္သာရီ ၊ နို၀င်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မြို့ဦးပရိယတ္တိစာသင်တိုက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ မြို့တွင်းလှည့်လည်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဘုံကထိန်ပွဲတော်လှည့်လည်ရာတွင် မြို့ဦးအရပ်သူအရပ်သားများနှင့် စေတနာရှင်အလှူရှင်များက ပစ္စည်းပဒေသာပင်နှင့် ငွေပဒေသာပင်များကို မြို့တွင်းလမ်းတစ်လျှောက် စည်ကားစွာ လှည့်လည်ခဲ့ကြသည်။
မဟာဘုံကထိန် အနုမောဒနာတရားတော်နာယူခြင်းအခမ်းအနားကို နို၀င်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် မြို့ဦးပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost