Kanbawza Tai News

ယနေ့ တန်ဆောင်တိုင်ပွဲ ပဉ္စမညတွင် မီးပုံးပျံ ၁၄ လုံး လွှတ်တင်မည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ ပဉ္စမနေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၂၀ ရက်၊ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံ စုစုပေါင်း ၁၄ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက် ညပိုင်းတွင် ညမီးကြီးမီးပုံးပျံများဖြစ်သော လိုနုတ်မီး၊ ပေတလူ၊ လမင်းအိမ်၊ သွေးသစ်၊ ပေါကြွယ်၊ သုခဓနု (စော်ဘွား)၊ မုန်လာထုပ်၊ ပျံလွှားနှင့် အိုက်ခန့် မီးပုံးပျံများအပြင် စိန်နားပန်မီးပုံးပျံများဖြစ်သော လုံ့လ၊ သစ်ပင်ထောင်၊ တိမ်ဖြောင်၊ တော်ဝင်နှင့် မင်္ဂလာဂူ မီးပုံးပျံအဖွဲ့များ ယှဉ်ပြိုင်လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွဲတော် ဒုတိယညနှင့် စတုတ္ထညများက ညမီးကြီး မီးပုံးပျံ တစ်လုံးစီ လွှတ်တင်ရန် ကျန်ရှိနေပြီး ယနေ့ နိုဝင်ဘာ ၂၀ ရက်၊ ညပိုင်းတွင် လွှတ်တင်သွားဖွယ်ရှိနေကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News