
ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုဝင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ မီဒီယာသတင်းထောက်များထံသို့ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ရလဒ်များကို မိတ်ဆက်ပြောကြားခဲ့သည်။
ဝမ်ရိက APEC “တရုတ်နှစ်” ၏ အထွတ်အထိပ်သည် မကြာသေးမီက အောင်မြင်စွာ ကျင်းပခဲ့သည့် ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးပင် ဖြစ်ကြောင်း၊ ယင်းသည် ယခုနှစ် တရုတ်နိုင်ငံ၏ အရေးကြီးဆုံး အိမ်ရှင်အဖြစ် ကျင်းပသည့် သံတမန်ဆက်ဆံရေး အခမ်းအနား ဖြစ်သလို အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ထားသည့် အထွတ်အထိပ် အသစ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာအခင်းအကျင်းသည် မတည်မငြိမ် လှုပ်ခတ်လျက်ရှိပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအပေါ် ဖိအားသက်ရောက်နေပြီး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုခေတ်ရေစီးကြောင်း နောက်ပြန်နေမှုသည်လည်း ပြန်လည်ဦးမော့လာလျက်ရှိကြောင်း၊ APEC စီးပွားရေးအစုအဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် ဆန်းကျန့်မြို့၌ စုစည်းကာ ကိုင်တွယ်ဖြေရှင်းရေးနည်းလမ်းများကို အတူတကွဆွေးနွေး၊ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကြီးများ အတူညှိနှိုင်းခဲ့ကြကြောင်း၊ ယင်းသည် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းအသစ်အတွက် အရေးကြီးကာ၊ အဓိပ္ပာယ်ရှိရုံသာမက ကမ္ဘာကြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုကိုကာကွယ်ထိန်းသိမ်းရန်လည်း လေးနက်သောသက်ရောက်မှုရှိကြောင်း၊ ယခုအခိုက်အတန့်တွင် ကမ္ဘာကြီး၏အကြည့်များက တရုတ်နိုင်ငံဆီဦးတည်လာပြီး ဆန်းကျန့်မြို့ကို အာရုံစိုက်လာကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
王毅:世界的目光投向中国、聚焦深圳
新华社深圳11月19日电(记者温馨、曹嘉玥)11月19日,中共中央政治局委员、外交部长王毅在深圳向中外记者介绍亚太经合组织领导人非正式会议成果。
王毅表示,APEC“中国年”的高潮就是刚刚成功举行的领导人非正式会议,这是中国今年最重要的主场外交,也是亚太经济合作铸就的一座新高峰。当今国际局势动荡不安、世界经济增长承压、逆全球化不断抬头,21个APEC经济体的领导人和代表齐聚深圳,共同探讨应对之策,共同协商合作大计,不仅对开创亚太合作新局具有重大意义,也将为维护世界和平发展产生深远影响。这一刻,世界的目光投向中国、聚焦深圳。(完)
图说:这是深圳滨河大道上的APEC“中国年”旗帜(11月3日摄)。新华社记者 梁旭 摄