Pika (NP News) - နိုဝင်ဘာ ၂ဝ
(၂၀၁၇)ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးကိစ္စမှာ မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တဲ့ နိုင်ငံတကာတရားရုံး (ICJ)ရဲ့ဆုံးဖြတ်ချက်က တရားစီရင်ရေးဆိုင်ရာလုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်လုပ်ဆောင်ပြီး ဥပဒေအဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ချဲ့ကားအသုံးပြုနေတာဖြစ်တယ်လို့ တရုတ်အစိုးရက ဝေဖန်ပြောဆိုလိုက်ပါတယ်။
(ICJ) ရဲ့အဲဒီလိုမျိုးလုပ်ဆောင်ချက်တွေက ဆုံးဖြတ်ချက်တွေအပြီး အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ အဟန့်အတားမျိုးဖြစ်စေတယ်လို့လည်း တရုတ်အစိုးရက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် တရားသူကြီး ရွှယ်ဟန်ကွင်းရဲ့ဘက်လိုက်မှုမရှိတဲ့သဘောထားကိုလည်း တရုတ်အစိုးရက ကာကွယ်ပြောဆိုခဲ့ပြီး တရားသူကြီးတွေက ၎င်းတို့ရဲ့တာဝန်တွေကိုလွတ်လပ်စွာထမ်းဆောင်နေကြတာဖြစ်တယ်လို့ တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူ ကွေ့ကျားကိုက ပြောကြားခဲ့သလို တရုတ်က မြန်မာနိုင်ငံရဲ့အဓိကမိတ်ဖက်နိုင်ငံတစ်ဦးအဖြစ် ရှိနေဆဲဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံက ဘင်္ဂါလီအရေးကိစ္စမှာ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တဲ့ (ICJ)ရဲ့တရားစီရင်ရေးလုပ်ပိုင်ခွင့်အာဏာ ကျော်လွန်ဆောင်ရွက်တာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို တရုတ်အစိုးရက ဖော်ပြပြောဆိုခဲ့ပါတယ်။
တရုတ်အစိုးရက "အဲဒီလိုလုပ်ဆောင်ချက်တွေက ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေမှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
(၂၀၂၁)ခုနှစ် အရေးအခင်းအပြီးမှာ အနောက်အုပ်စုနိုင်ငံတွေက မြန်မာအစိုးရနဲ့ဆက်ဆံရေးတွေကို ဖြတ်တောက်ခဲ့ပေမယ့်လည်း တရုတ်အစိုးရကတော့ မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေကို ဆက်လက်ထိန်းသိမ်းထားပြီး အဓိကမိတ်ဖက်အဖြစ် ဆက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
ကွေ့ကျားကိုက "တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ ကျော်လွန်အသုံးပြုတာနဲ့ ဥပဒေအဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ချဲ့ကားအသုံးပြုတာတွေနဲ့ပတ်သက်ပြီး တရုတ်ဘက်က စိုးရိမ်ပူပန်မိပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ချက်တွေက အငြင်းပွားမှုတွေကိုဖြေရှင်းရာမှာ အထောက်အကူဖြစ်စေမှာမဟုတ်ပါဘူး။ ကိစ္စတွေကို ပိုမိုရှုပ်ထွေးလာတာကို ရှောင်ရှားနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလမ်းကြောင်းအတိုင်း ပူးပေါင်းကြိုးပမ်းသင့်ပါတယ်။ပြီးတော့ တရုတ်တရားသူကြီးရွှယ်ဟန်ကွင်းရဲ့လုပ်ဆောင်ချက်တွေကလည်း တရုတ်အစိုးရရဲ့ညွှန်ကြားချက်တွေအတိုင်းလုပ်ဆောင်ခဲ့တာမဟုတ်ဘဲ ၎င်းရဲ့တာဝန်တွေကို လွတ်လပ်စွာ ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။