Xinhua Myanmar

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့ တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ တွေ့ဆုံနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်အား ဆန်းကျန့်မြို့တွင် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ အန်ဝါသည် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့်နှစ် ဧပြီလတွင် မိမိနှင့် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့သည် တရုတ်-မလေးရှား ဆက်ဆံရေး၏ “ရွှေရတု နှစ် ၅၀”ကို ဂုဏ်ပြုကြိုဆိုလျက် အဆင့်မြင့် မဟာဗျူဟာမြောက် တရုတ်-မလေးရှား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးသော ဘုံသဘောတူညီချက်ရရှိခဲ့ကြကြောင်း ပြောကြားခဲ့သည်။

တစ်နှစ်ကျော်ကာလအတွင်း တရုတ်-မလေးရှား ဆက်ဆံရေးသည် အဆင့်မြင့်မားစွာဆက်လက်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်ဖက်ရေးဆွဲထားသည့် ပူးပေါင်းဆောင်ရွက်ရေးအနာဂတ်မျှော်မှန်းချက်သည် လက်တွေ့အဖြစ်သို့ တစ်နေ့တခြားလှပစွာ ပုံပေါ်လာလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အပြောင်းအလဲများနှင့် မတည်ငြိမ်မှုများ ရောယှက်နေသည့် ကမ္ဘာကြီးတွင် တရုတ်နိုင်ငံအနေဖြင့် မလေးရှားနိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် မူလရည်ရွယ်ချက်ကိုစွဲကိုင်ထားပြီး ပူးပေါင်းဆောင်ရွက်မှု၏အင်အားကိုစုစည်းကာ တရုတ်-မလေးရှား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို ပိုမိုနက်ရှိုင်းပြီး လက်တွေ့ကျစွာ ရှေ့ဆက်ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-မလေးရှား ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အားသာချက်များ ထင်ရှားပေါ်လွင်ကာ ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ ကျယ်ပြန့်ကောင်းမွန်ကြောင်း အလေးပေးပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်ဆောင်ရွက်ပြီး အဆင့်မြင့်ခေါင်းဆောင်များအကြား မဟာဗျူဟာမြောက် ဆက်သွယ်ပြောဆိုမှုကို ဆက်လက်ထိန်းသိမ်းကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ကာကွယ်ရာတွင် အပြန်အလှန် ထောက်ခံအားပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများအကြား ချိတ်ဆက်ညှိနှိုင်းမှုကို အားကောင်းစေပြီး ထွန်းသစ်စပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်ကာ အဓိကစီမံကိန်းများကို အရည်အသွေးမြင့် တည်ဆောက်ပြီး ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်ရန်နှင့် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုကို ပိုမိုကြီးမားကျယ်ပြန့်ပြီး ပိုမိုကောင်းမွန်အောင် ဖော်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ယဉ်ကျေးမှုများအကြား ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန်လေ့လာသင်ယူမှုကို ဦးဆောင်လမ်းပြသွားပြီး တရုတ်-မလေးရှား “ကွန်ဖြူးရှပ်ဝါဒနှင့် အစ္စလာမ်ယဉ်ကျေးမှုများအကြား ဆွေးနွေးဖလှယ်မှု” ကို အရှိန်အဟုန်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်ကာ ကောင်းမွန်စွာ ဆောင်ရွက်သွားရန်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးစသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ပြီး ပြည်သူများနှင့် ဒေသများအကြား ကူးလူးဆက်ဆံမှုများကို ပိုမိုနီးကပ်စွာ ဆောင်ရွက်သင့်ကြောင်း ရှီကျင့်ဖိန်က ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကို ပူးပေါင်းညှိနှိုင်း၍ ရှေ့ဆက်မြှင့်တင်ကာ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အပါအဝင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွ လက်တွေ့ကျင့်သုံးကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို ကာကွယ်သင့်ကြောင်း ရှီကျင့်ဖိန်က အလေးပေးပြောကြားခဲ့သည်။

အန်ဝါ အီဘရာဟင်က သမ္မတ ရှီကျင့်ဖိန်၏ အမြော်အမြင်ကြီးမားသောဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ထူးထူးကဲကဲ ဖွံ့ဖြိုးတိုးတက်၍ အောင်မြင်မှုများ ရရှိခဲ့ကြောင်း  ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးနှင့် တရုတ်-ရုရှား-အမေရိကန် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် စိတ်ရင်းမှန်ဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယင်းက နိုင်ငံတကာရေးရာကိစ္စရပ်များတွင် သမ္မတရှီကျင့်ဖိန်၏ သာလွန်သော ဩဇာလွှမ်းမိုးမှုနှင့် ဦးဆောင်နိုင်စွမ်းကို အပြည့်အဝ ထင်ဟပ်ပြသနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-ရုရှား-အမေရိကန် သုံးနိုင်ငံထိပ်သီးခေါင်းဆောင်များက “ငြိမ်းချမ်းရေး ကြေညာစာတမ်း” ထုတ်ပြန်ခဲ့ခြင်းသည် လက်ရှိနိုင်ငံတကာ အခြေအနေအောက်တွင် အရေးပါသောမဟာဗျူဟာမြောက် အနှစ်သာရရှိကြောင်း အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စဖြစ်ပြီး မလေးရှားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ လက်ကိုင်ကျင့်သုံးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင်လုပ်ဆောင်လိုပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို ကောင်းမွန်စွာအသုံးချကာ အဓိကအခြေခံအဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ စီမံကိန်းများကို ကောင်းမွန်စွာ စီမံလည်ပတ်ရန်၊ ဉာဏ်ရည်တု (AI) အပါအဝင် ထွန်းသစ်စကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင်လုပ်ဆောင်ရန်၊ ယဉ်ကျေးမှုများအကြား ကူးလူးဆက်ဆံမှုနှင့် ဆွေးနွေးဖလှယ်မှုကို မြှင့်တင်ရန်၊ နိုင်ငံတကာရေးရာများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းအောင်ဆောင်ရွက်ရန်နှင့် မလေးရှား-တရုတ် ဆက်ဆံရေးအဆင့်အတန်းကို အစဉ်မပြတ် မြှင့်တင်ရန် ဆန္ဒရှိကြောင်း အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။

ချိုက်ချီ၊ ဝမ်ရိ၊ ဟွမ်ခွန်းမင်၊ ဝမ်ရှောင်ဟုန်တို့ အပါအဝင် တာဝန်ရှိသူများလည်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့ တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ တွေ့ဆုံနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(Chinese Version)

习近平会见马来西亚总理安瓦尔

新华社深圳11月20日电(记者董雪、白瑜)11月20日中午,国家主席习近平在深圳会见来华出席亚太经合组织领导人非正式会议的马来西亚总理安瓦尔。

习近平指出,去年4月,我同安瓦尔总理就构建高水平战略性中马命运共同体达成重要共识,开启中马关系新的“黄金50年”。一年多来,中马关系持续高水平发展,双方擘画的合作蓝图日益变成美好现实。面对变乱交织的世界,中方愿同马方秉持建交初心,汇聚合作动能,推动中马命运共同体建设走深走实,为两国人民带来更多福祉。

习近平强调,中马关系政治根基牢固,合作优势突出,发展前景广阔。双方要深化高水平战略协作,保持高层战略沟通,相互支持彼此维护国家主权、安全、发展利益;要加强发展战略对接,挖掘新兴合作潜力,高质量建设和运营好重点项目,做大做优农产品贸易;要引领文明交流互鉴,再接再厉办好中马“儒伊文明对话”,扩大旅游、教育等合作,进一步密切民间和地方交流;要协同推进全球治理改革,加强在亚太经合组织等多边框架内协调和配合,携手践行真正的多边主义,维护广大发展中国家共同利益。

安瓦尔表示,在习近平主席英明领导下,中国取得非凡发展成就。衷心祝贺中国成功举办亚太经合组织领导人非正式会议和中俄美三国元首会晤,这充分彰显习近平主席在国际事务中的卓越影响力和领导力,中俄美三国元首发表《和平宣言》,在当前国际形势下具有重大战略意义。台湾问题是中国内政,马方坚定恪守一个中国政策。马方愿同中方加强战略协作,发挥好两国合作机制作用,运营好基础设施建设重点项目,加强人工智能等新兴领域合作,促进文明交流对话,加强在国际事务中的协调和配合,不断提升马中关系水平。

蔡奇、王毅、黄坤明、王小洪等参加会见。

图说 :11月20日,国家主席习近平在深圳会见马来西亚总理安瓦尔。摄影:李响 申宏

မူရင်းသတင်း — Xinhua Myanmar