Xinhua Myanmar

တရုတ်-အင်ဒိုနီးရှား ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှုဆိုင်ရာ ဆွေးနွေးပွဲများ စတင်ကြောင်း ရှီနှင့် ပရာဘိုဝို ကြေညာ

၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့သို့ ရောက်ရှိလာစဥ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို တို့သည် နှစ်နိုင်ငံ ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှုဆိုင်ရာ ဆွေးနွေးပွဲများကို စတင်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ သမ္မတ ရှီနှင့် သမ္မတ ပရာဘိုဝိုတို့ တွေ့ဆုံဆွေးနွေးအပြီး ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ ပရာဘိုဝိုသည် နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် ၃၃ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ဆက်သွယ်ပြောဆိုမှုများနှင့် စည်းလုံးညီညွတ်မှုကို အားကောင်းစေရန်၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်၊ နိုင်ငံရေးအရ ယုံကြည်မှု အခြေခံအုတ်မြစ်ကို ခိုင်မာစေရန်နှင့် ပြင်ပမှလာနိုင်သည့် အန္တရာယ်များကို အတူတကွ ကာကွယ်တားဆီးပြီး တုံ့ပြန်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း စသည့်အဓိက စီမံကိန်းများကို ရှေ့ဆက်တိုးမြှင့်ရန်၊ စွမ်းအင်နှင့် သတ္တုသယံဇာတများ၊ ဉာဏ်ရည်တု (AI)၊  ဒစ်ဂျစ်တယ်စီးပွားရေးနှင့် သန့်ရှင်းစွမ်းအင် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ဘက်စုံ၊ စံနှုန်းမြင့်မားသော စီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်တစ်ရပ်ကို အမြန်ဆုံး ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လည်း သမ္မတ ရှီက တိုက်တွန်းခဲ့သည်။ (Xinhua)

…………………

(English version)

Xi, Prabowo announce launch of China-Indonesia comprehensive economic partnership negotiations

SHENZHEN, Nov. 20 (Xinhua) -- Chinese President Xi Jinping and Indonesian President Prabowo Subianto on Friday announced the launch of negotiations for a bilateral comprehensive economic partnership.

The announcement was made during Xi's meeting with Prabowo in Shenzhen, south China's Guangdong Province.

Prabowo is in China for the 33rd APEC Economic Leaders' Meeting, held from Wednesday to Thursday.

Xi said the two countries should strengthen strategic communication and solidarity, deepen all-round strategic cooperation, consolidate the foundation of political trust, and jointly guard against and respond to external risks.

He called on both countries to expand mutually beneficial cooperation, advance major projects such as the Jakarta-Bandung High-Speed Railway, and deepen cooperation in energy and mineral resources, artificial intelligence, the digital economy, and clean energy.

Xi called for efforts to reach an all-round, high-standard comprehensive economic partnership agreement at an early date. ■

Photo caption: Indonesian President Prabowo Subianto arrives in Shenzhen, south China's Guangdong Province, Nov. 18, 2026, to attend the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting. (Xinhua/Xin Yuewei)

မူရင်းသတင်း — Xinhua Myanmar