
ဝါရှင်တန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်က နှစ်သစ်မတိုင်မီ အီရန်အရေးနှင့် စပ်လျဉ်း၍ နောက်တစ်ဆင့်လှုပ်ရှားမှုအတွက် "အလျင်စလို" ဆုံးဖြတ်မည်မဟုတ်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့တွင် အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဖုန်းဖြင့် မေးမြန်းမှုကို ဖြေကြားရာ၌ ၎င်းအနေဖြင့် အီရန်အရေးနှင့် စပ်လျဉ်း၍ မည်သည့်ဆုံးဖြတ်ချက်မျှ "အလျင်စလို" ချမှတ်မည် မဟုတ်ကြောင်း၊ "နှစ်သစ်ပြီးရင် အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမယ်" ဟု ပြောကြားခဲ့သည်။
ထရမ့် ရည်ညွှန်းသောအချိန်သည် ၎င်းအနေဖြင့် အမေရိကန်က အီရန်အပေါ် ပင်လယ်ပြင်ပိတ်ဆို့မှုနှင့် စီးပွားရေးဖိအားပေးသည့် လှုပ်ရှားမှု အကျိုးသက်ရောက်ရန်အတွက် အချိန်ပိုရရှိစေလိုသည့် ဆန္ဒကို ဖော်ပြနေခြင်းဖြစ်နိုင်ကြောင်း၊ ယင်းသည် အီရန်က ယခုနှစ်ကုန်မတိုင်မီ အလျှော့မပေးပါက ထရမ့်အနေဖြင့် ဒီမိုကရက်များ ထိန်းချုပ်ထားသည့် အသစ်ဖွဲ့စည်းမည့်လွှတ်တော် တရားဝင် စတင်တာဝန်မထမ်းဆောင်မီ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ရန် လုံလောက်သော အချိန်ကို မိမိအတွက်ချန်ထားလိုသည့် ရည်ရွယ်ချက်ကို ဖော်ပြနေခြင်းလည်းဖြစ်နိုင်ကြောင်း Axios သတင်းဝက်ဘ်ဆိုက်က ခွဲခြမ်းစိတ်ဖြာထားသည်။
ထရမ့်သည် လက်ရှိတွင် အစ္စရေး အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် နေတန်ယာဟု၏ ပြင်းထန်သော ဖိအားပေးမှုကို ရင်ဆိုင်နေရပြီး အီရန်အပေါ် အဆုံးအဖြတ်ပေးမည့် ဗုံးကြဲလှုပ်ရှားမှု အမြန်ဆုံးစတင်ရန် နေတန်ယာဟုက ထရမ့်ကို တိုက်တွန်းနေကြောင်း သတင်းတွင် ဖော်ပြထားသည်။ သတင်းအရင်းအမြစ်ပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ အီရန်သည် အမေရိကန်စစ်တပ် ချမှတ်ထားသော တိုက်ခိုက်ရေးအစီအစဉ်များအား မည်သို့ တုံ့ပြန်မည်နည်းကို သုံးသပ်ရန် အိမ်ဖြူတော်က ပင်တဂွန်စစ်ဌာနချုပ်နှင့် ထောက်လှမ်းရေး ကျွမ်းကျင်သူများအား တာဝန်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
အစ္စရေး ထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးအေဂျင်စီ (Mossad) အကြီးအကဲ Roman Gofman သည် နိုဝင်ဘာ ၁၃ ရက်တွင် အမေရိကန်သို့ ခရီးစဉ်လာရောက်ကာ အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဥက္ကဋ္ဌ ဂျွန် ရက်တ်ကလစ်ဖ် နှင့် အမေရိကန် သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်တ်ကော့ဖ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အစ္စရေး သတင်းအရင်းအမြစ်များ၏ ထုတ်ဖော်ပြောကြားချက်အရ Roman Gofman ၏ ယခုအကြိမ် အမေရိကန်ခရီးစဉ်သည် အီရန်နှင့် စစ်ပွဲ ပြန်လည်စတင်မှုကို တွန်းအားပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
特朗普表示不会在新年前“仓促”决定对伊行动
新华社华盛顿11月19日电(记者黄强 徐剑梅)美国总统特朗普19日表示,在新年到来之前,他不会就伊朗问题的下一步行动“仓促”作出决定。
特朗普当天接受美国阿克西奥斯新闻网站电话采访时说,他不会就伊朗问题“仓促”作出任何决定,“我们要看看新年之后局势如何发展”。
据阿克西奥斯新闻网站分析,特朗普所提及的时间节点可能意味着,他希望为美国对伊朗实施的海上封锁和经济施压行动留出更多时间以发挥作用。这也可能表明,如果伊朗今年年底前不让步,特朗普希望在由民主党掌控的新一届国会正式履职前,为自己留出足够的时间来采取军事行动。
报道还说,特朗普当前面临来自以色列看守政府总理内塔尼亚胡的巨大压力,后者敦促他尽快对伊朗发动一场决定性的轰炸行动。据知情人士透露,白宫已要求五角大楼和情报专家评估伊朗将如何应对美军制定的各项打击方案。
据报道,以色列情报和特勤局(摩萨德)局长戈夫曼13日访问美国,与美中央情报局局长拉特克利夫和美总统特使威特科夫进行会谈。据以色列消息人士透露,戈夫曼此次访美旨在推动重启对伊朗的战事。(完)
图说:9月22日,在位于纽约的联合国总部,美国总统特朗普在第81届联合国大会一般性辩论上发言。新华社记者 吴晓凌 摄