Xinhua Myanmar

အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်မှုက ဆန်းကျန့်မြို့မှ အမှန်တကယ် စတင်လိုက်ပြီဖြစ်ကြောင်း ဝမ်ရိ ဆို

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ချန်ဟိုင်အထူးဇုန် ပြခန်းရင်ပြင်ရှိ “စိမ်းစိုနေသည့်လှိုင်းတံပိုးများထက်ဝယ် အရှိန်အဟုန်ဖြင့် အတောင်ဖြန့် ပျံသန်းခြင်း” အဓိကအကြောင်းအရာဖြင့် အလှဆင်ထားပုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုဝင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ မီဒီယာသတင်းထောက်များထံသို့ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ရလဒ်များကို မိတ်ဆက်ပြောကြားခဲ့သည်။

ဝမ်ရိက အာရှ-ပစိဖိတ် အသိုက်အဝန်း အယူအဆသည် APEC လုပ်ငန်းစဉ်အတွင်း ပျိုးထောင်၍ ပုံပေါ်လာခြင်းဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် အသိုက်အဝန်းကို ရည်မှန်းချက်မှ လှုပ်ရှားမှုအဖြစ်သို့၊ မျှော်မှန်းချက်မှ လက်တွေ့အဖြစ်သို့ မည်ကဲ့သို့ ဖော်ဆောင်မည်နည်းမှာ အာရှ-ပစိဖိတ်မိသားစုကြီးက သဘောတူညီချက်အသစ် ရရှိပြီး ရှင်းလင်းတိကျသောအဖြေပေးရန် လိုအပ်ကြောင်း၊ ယခုအကြိမ် ဆန်းကျန့်အစည်းအဝေးတွင် အာရှ-ပစိဖိတ် အသိုက်အဝန်း၏ “ထောက်တိုင်လေးခု မဏ္ဍိုင်ရှစ်ရပ်” ကို တည်ဆောက်ခဲ့ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရေး လမ်းပြမြေပုံ ရေးဆွဲခဲ့နိုင်မှုသည် အချိန်သင့် အခါသင့်ဖြစ်သလို လေးနက်သော အနက်အဓိပ္ပာယ်ရှိကြောင်း၊ အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်မှုမှာ ဆန်းကျန့်မြို့မှ အမှန်တကယ်စတင်လိုက်ပြီကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

王毅:亚太共同体建设从深圳真正启航

新华社深圳11月19日电(记者黄扬、赵瀚泽)11月19日,中共中央政治局委员、外交部长王毅在深圳向中外记者介绍亚太经合组织领导人非正式会议成果。  

王毅说,亚太共同体的构想在APEC进程中培育形成。如何使亚太共同体从目标转为行动、从愿景成为现实,需要亚太大家庭形成新的共识,作出鲜明回答。此次深圳会议搭建起了亚太共同体的“四梁八柱”,绘就了实施路线图,正当其时、意义重大。亚太共同体建设从深圳真正启航。(完)

图说:这是深圳前海特区馆广场上的“鹏翔碧浪”主题景观(11月5日摄)。新华社记者 梁旭 摄

မူရင်းသတင်း — Xinhua Myanmar