Xinhua Myanmar

တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ဖော်ဆောင်ရန် သမ္မတရှီ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်နှင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ဖော်ဆောင်သွားရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၂၀ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် မြှင့်တင်သွားရမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်နှင့် တွေ့ဆုံစဉ် ရှီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် အစိုးရချင်း၊ နိုင်ငံရေးပါတီချင်း၊ ဥပဒေပြုအဖွဲ့ချင်းဖြစ်စေ၊ အခြားအဆင့်အသီးသီး၌ဖြစ်စေ အပြန်အလှန် ကူးလူးဆက်ဆံမှုများ အရှိန်မြှင့်တင်သွားရမည်ဖြစ်ပြီး နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် ဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ရှီက အလေးအနက်ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ကုန်သွယ်စီးပွား၊ သိပ္ပံနှင့်နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို ကောင်းစွာအသုံးချရန်၊ စိုက်ပျိုးရေးနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ အစဉ်အဆက်ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့၍ ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန်နှင့် ဉာဏ်ရည်တုနည်းပညာ၊ စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ၊ လေကြောင်းနှင့် အာကာသနည်းပညာ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လျော့ပါးသက်သာစေရေးနှင့် ကူညီကယ်ဆယ်ရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး စသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကိုလည်း ဖော်ထုတ်ကာ ပိုမိုအားကောင်းအောင်လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

ထို့ပြင် ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတို့တွင်လည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းအောင် လုပ်ဆောင်သင့်ကြောင်း ရှီက ဖြည့်စွက်ပြောကြားသည်။

အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု စသည့် တရားမဝင် ဒုစရိုက်လှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရေးအတွက် အရှိန်မြှင့်ကြိုးပမ်းသွားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

နှစ်ဖက်အနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းအောင် လုပ်ဆောင်သင့်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အတူတကွ လက်တွဲဆောင်ရွက်သင့်ကြောင်း ရှီက ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် အသင့်ရှိသည်ဟုလည်း ရှီက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်ကလည်း ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အဆင့်မြင့် အပြန်အလှန် ကူးလူးဆက်ဆံမှုများ ဆက်လက်ခိုင်မာစေရန်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာ၊ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ၊ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန်လည်း ကြိုဆိုပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အနူတင်သည် ဆန်းကျန့်မြို့တွင် နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ (Xinhua)

..................................

(English Version)

Xi calls for promoting building of a China-Thailand community with a shared future to higher level

SHENZHEN, Nov. 20 (Xinhua) -- Chinese President Xi Jinping on Friday called for promoting the building of a China-Thailand community with a shared future to a higher level.

China and Thailand should continuously enhance political mutual trust and strengthen solidarity and coordination, Xi said when meeting with Thai Prime Minister Anutin Charnvirakul in Shenzhen, south China's Guangdong Province.

The two countries should step up exchanges between governments, political parties, legislatures and at other levels, and safeguard their common strategic interests, Xi stressed.

He called on the two sides to make good use of cooperation mechanisms in economy and trade, science and technology, and the digital economy, expand and strengthen traditional cooperation in agriculture and connectivity, and cultivate and strengthen new growth areas of cooperation such as artificial intelligence, new energy vehicles, aviation and aerospace, disaster prevention, mitigation and relief, and water resources management.

The two sides should strengthen cooperation in culture, education, and tourism, Xi added.

He also urged intensifying efforts to crack down on illegal and criminal activities such as online gambling and telecom fraud.

The two sides should strengthen multilateral coordination and work together to safeguard the common interests of the Global South, Xi said.

China is ready to play a positive role in bringing about an early turnaround in Thailand-Cambodia relations, Xi said.

For his part, Anutin said Thailand is ready to continue to strengthen high-level exchanges with China and enhance cooperation in areas such as trade, investment, science and technology, industrial and supply chains, and connectivity.

Thailand will resolutely crack down on cross-border crimes including online gambling and telecom fraud, and protect the safety of Chinese citizens in Thailand, he said, adding that the country welcomes more Chinese visitors.

Anutin attended the 33rd APEC Economic Leaders' Meeting in Shenzhen, held from Wednesday to Thursday.

Photo caption: Chinese President Xi Jinping meets with Thai Prime Minister Anutin Charnvirakul in Shenzhen, south China's Guangdong Province, Nov. 20, 2026. (Xinhua/Li Xiang)

မူရင်းသတင်း — Xinhua Myanmar