Xinhua Myanmar

တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး အကြောင်းအရာများအား ဝမ်ရိ မိတ်ဆက်ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးနှင့် ဆက်စပ်လှုပ်ရှားမှု အစီအစဉ်များ၏ ရလဒ်များနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပ သတင်းထောက်များအား တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ မိတ်ဆက်ပြောကြား၍ မေးခွန်းများ ပြန်လည်ဖြေကြားနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြည်တွင်းပြည်ပ သတင်းထောက်များအား တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး အကြောင်းအရာများကို  တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ နိုဝင်ဘာ ၁၉ ရက်တွင် မိတ်ဆက်ပြောကြားခဲ့သည်။

ထိုသို့ မိတ်ဆက်ပြောကြားရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၊ သမ္မတ ပူတင်နှင့် သမ္မတ ထရမ့်တို့သည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့နှင့် သက်ဆိုင်သည့် အရေးကြီးကိစ္စရပ်များအပေါ်  နက်နက်ရှိုင်းရှိုင်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲ၏ အငွေ့အသက်မှာ ရင်းနှီးပွင့်လင်းပြီး အပြုသဘောဆောင်ကာ သဘောတူညီချက် အများအပြား ရရှိခဲ့သည့်အပြင် တစ်ကမ္ဘာလုံးကို မျက်နှာမူသည့် “ငြိမ်းချမ်းရေး ကြေညာစာတမ်း” ကိုလည်း ထုတ်ပြန်နိုင်ခဲ့ရာ ယင်း၏ အဓိက အနှစ်သာရမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန်နှင့် အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေး မဟာဗျူဟာမြောက် တည်ငြိမ်မှုကို မြှင့်တင်ရန်ပင် ဖြစ်ကြောင်း၊ ယခုအစည်းအဝေးသည် ကြီးမားသောအဓိပ္ပာယ်နှင့် နက်ရှိုင်းသော သက်ရောက်မှုရှိသည့် “ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး” တစ်ရပ် ဖြစ်သကဲ့သို့ သမိုင်းတင်မည့် အထင်ကရကိစ္စရပ်တစ်ခုလည်း ဖြစ်ပြီး ကမ္ဘာကြီးထံသို့ အပြုသဘောဆောင်သော သတင်းစကားပါးပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပထမအချက်အနေဖြင့် ယခုအစည်းအဝေးသည် စွန့်ဦးဖန်တီးသည့် သမိုင်းဝင်တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးသည် နိုင်ငံတကာအခင်းအကျင်း ဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် သက်ရောက်မှုရှိပြီး ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် တည်ငြိမ်ရေးနှင့်လည်း ဆက်စပ်နေကြောင်း၊ သုံးနိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့မှုသည် သုံးနိုင်ငံ ထိပ်တန်းခေါင်းဆောင်များ ကူးလူးဆက်ဆံမှု၏ စံချိန်သစ်တစ်ရပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ခေတ်သစ်ကာလ အင်အားကြီးနိုင်ငံများ ညှိနှိုင်းဆောင်ရွက်၍ အပြန်အလှန် လှုပ်ရှားဆက်ဆံမှုအတွက် စံနမူနာပုံစံသစ်ကို တည်ဆောက်ပေးနိုင်ခဲ့သလို နိုင်ငံကြီးချင်းဆက်ဆံရေးပုံစံသစ်ကို တွန်းအားပေးသည့် လက်တွေ့လုပ်ဆောင်မှုအသစ်လည်းဖြစ်သဖြင့် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင် ကြီးမားသော ရှေ့ဆောင်လမ်းပြမှုကြီး တစ်ရပ်အဖြစ် ခေါ်ဆိုထိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအချက်အနေဖြင့် ယခုအစည်းအဝေးသည် အင်အားကြီးနိုင်ငံများ၏ တာဝန်ယူမှုကို ဖော်ပြသည့် အထင်ကရ တွေ့ဆုံဆွေးနွေးမှု ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

လက်ရှိတွင် ရာစုနှစ်ကြာမကြုံစဖူး ကမ္ဘာ့အပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိပြီး အန္တရာယ်နှင့်စိန်ခေါ်မှု အမျိုးမျိုးမှာ အဆက်မပြတ် ပေါ်ပေါက်နေကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် မျှော်လင့်တောင့်တမှုမှာ နေ့စဉ်နှင့်အမျှ ပြင်းပြလျက်ရှိသလို နိုင်ငံကြီးများအနေဖြင့် ဆက်သွယ်ညှိနှိုင်းမှုမြှင့်တင်ရန် တောင်းဆိုသံများမှာလည်း တစ်နေ့တခြား မြင့်တက်လာလျက်ရှိကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲသည် ခေတ်ရေစီးကြောင်းနှင့် လျော်ညီပြီး ကမ္ဘာကြီး၏ မျှော်လင့်ချက်နှင့် ကိုက်ညီမှု ရှိကြောင်း၊ နိုင်ငံကြီးများ သင့်မြတ်လျှင် ကမ္ဘာကြီး ငြိမ်းချမ်းပြီး နိုင်ငံကြီးများအားပြိုင်ပါက ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမည်ဟု သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သုံးနိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် မိမိတို့၏ မဟာဗျူဟာမြောက် ရည်ရွယ်ချက်များကို မျက်နှာချင်းဆိုင် ရှင်းလင်းပြောကြားခဲ့ကြပြီး ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ မဖြစ်ပွားစေရန် တားဆီးလိုကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံစည်းမျဉ်းကို စောင့်ထိန်းလိုကြောင်း ဖော်ပြခဲ့ကြကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ယေဘုယျအားဖြင့် တည်ငြိမ်ခြင်းနှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ခြင်း ဟူသည့် နိုင်ငံကြီးချင်းဆက်ဆံရေး အခင်းအကျင်း ဖြစ်ပေါ်လာရန် မျှော်လင့်ကြသဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေရုံသာမက ကမ္ဘာကြီးကိုလည်း ကောင်းကျိုးပြုစေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအချက်အနေဖြင့် ယခုအစည်းအဝေးသည် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ညှိနှိုင်း၍ အပြန်အလှန်တုံ့ပြန်ပေးသည့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံကြီးငယ်မဟူ တန်းတူညီမျှဖြစ်ရမည်ဟု အစဉ်တစိုက် အဆိုပြုလျက်ရှိပြီး နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖော်ဆောင်ရန်နှင့် တန်းတူညီမျှပြီးစနစ်တကျရှိသော ဗဟုဝင်ရိုးစနစ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  နိုင်ငံကြီးများသည် အရင်းအမြစ်ပိုမိုကြွယ်ဝပြီး စွမ်းဆောင်ရည်ပိုမိုကြီးမားသဖြင့် နိုင်ငံကြီး၏ သဘောထားကြီးမြတ်မှုနှင့် တာဝန်ယူမှုတို့ကို ပြသသင့်ပြီး နိုင်ငံတကာတွင် တန်းတူညီမျှမှုကို အလေးထားခြင်း၊ ကတိသစ္စာ စောင့်ထိန်းခြင်း၊ ကျင့်ဝတ်နှင့် တရားမျှတမှုကို လေးစားခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားခြင်းနှင့် စံနမူနာပြ လုပ်ဆောင်ခြင်းတို့တွင် ဦးဆောင်သင့်သည်ဟု မိမိတို့အနေဖြင့် ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့် “ငြိမ်းချမ်းရေး ကြေညာစာတမ်း” သည် သုံးဘက်စလုံး၏ သဘောတူညီချက်များကို စုစည်းထားခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုထိရောက်စွာ ရင်ဆိုင်ဖြေရှင်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းရန်အတွက် ကြီးမားသော အပြုသဘောဆောင်သည့် အနက်အဓိပ္ပာယ်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ပြောကြားခဲ့သကဲ့သို့ပင် ယနေ့ စိုက်ပျိုးလိုက်သော မျိုးစေ့များသည် အမြစ်တွယ်အညွန့်ထွက်ကာ အပွင့်ပွင့်အသီးသီးလာမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှား၊ အမေရိကန်တို့နှင့်အတူ သုံးနိုင်ငံ ထိပ်သီးအစည်းအဝေး သဘောတူညီချက်များကို ဘက်စုံထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းအဆင့်များမှတစ်ဆင့် ဆက်သွယ်ညှိနှိုင်းမှုများကို ထိန်းသိမ်းကာ ပိုမိုလှပကောင်းမွန်သော ကမ္ဘာကြီး တည်ဆောက်ရေးဆီသို့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

王毅介绍中俄美元首会晤情况

新华社深圳11月19日电(记者温馨、吴梦桐)11月19日,中共中央政治局委员、外交部长王毅在深圳向中外记者介绍了中俄美元首会晤情况。   

王毅表示,习近平主席、普京总统、特朗普总统就事关全球和平安全与稳定的重要问题深入交换了意见。会晤气氛坦诚、友好,富有建设性,取得了一系列共识,发表了面向世界的《和平宣言》,核心就是共同维护世界和平,促进大国关系战略稳定。这是一次“和平峰会”,意义重大,影响深远,是载入史册的标志性事件,向世界发出了积极信号。   

首先,这是一次具有开创意义的历史性会晤。大国关系牵动国际格局演变,事关全球战略稳定。三国元首历史上首次举行面对面会晤,开创了三国最高领导人交往的新纪录,为新时期大国协调互动构建了新范式,也是推进新型大国关系的新实践,堪称国际关系史上的重大创举。   

其次,这是一次体现大国担当的标志性会晤。当前,世界百年变局加速演进,各种风险挑战层出不穷,国际社会对和平与稳定的期盼日益强烈,对大国加强沟通协调的呼声日益高涨。会晤顺应时代潮流,符合世界期待。习近平主席强调,大国和则世界安,大国斗则世界乱。三国元首面对面阐明了各自战略意图,愿意防止发生冲突对抗,守住和平共处底线,期待形成和平共处、总体稳定、均衡发展的大国关系格局,既惠及彼此,又造福世界。   

第三,这是一次深入沟通互动的建设性会晤。中方一贯主张大小国家一律平等,致力于实现国际关系的民主化,构建平等有序的多极化。我们认为,大国拥有更多资源、更大能力,应展现大国胸怀、大国担当,在国际上带头讲平等、守诚信、尊道义、重合作、作表率。会晤发布的《和平宣言》凝聚了三方共识,对更有效应对全球性挑战,维护好世界和平稳定具有重大积极意义。正像习近平主席所说,今天播下的种子必将生根发芽、开花结果。中方将同俄美全面高效落实三国元首会晤共识,并通过工作层保持沟通协调,朝着建设一个更美好的世界作出不懈努力。(完)

图说:11月19日,中共中央政治局委员、外交部长王毅在深圳向中外记者介绍亚太经合组织第三十三次领导人非正式会议及相关活动成果,并回答记者提问。 新华社记者 邓华 摄

မူရင်းသတင်း — Xinhua Myanmar