Xinhua Myanmar

တရုတ်-ရုရှား-အမေရိကန် သုံးနိုင်ငံ အဆင့်မြင့်အကြီးအကဲများ သမိုင်းဝင် ပထမဆုံးအကြိမ် တွေ့ဆုံမှု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ပူတင်၊ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့နှင့် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ပူတင်၊ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့နှင့် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်။

ဆင်ဟွာသတင်းထောက်ကလည်း အဆိုပါ သမိုင်းဝင်အခိုက်အတန့်ကို ကင်မရာဖြင့် ရိုက်ကူးနိုင်ခဲ့သည်။

တရုတ်-ရုရှား-အမေရိကန် သုံးနိုင်ငံအကြီးအကဲများသည် ပခုံးချင်းယှဉ်၍ ရှေ့သို့လျှောက်လှမ်းလာခဲ့သည်။ ယင်းသည် သုံးနိုင်ငံမှ အဆင့်မြင့်အကြီးအကဲများ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံတကာသမိုင်းတွင် အထင်ကရအကြောင်းအရာအဖြစ် ကျန်ရှိခဲ့မည်ပင်ဖြစ်သည်။

ဤသမိုင်းဝင်ကဏ္ဍသစ်တစ်ရပ်အသွင်တွေ့ဆုံမှုသည် အင်အားကြီးနိုင်ငံများအကြား အပြုသဘောဆောင်သော အပြန်အလှန်ဆက်ဆံရေး စာမျက်နှာသစ်တစ်ရပ်ကို ဖွင့်လှစ်လိုက်သည်။

အဆိုပါတွေ့ဆုံမှုတွင် သမ္မတ ရှီကျင့်ဖိန်က “အင်အားကြီးနိုင်ငံတွေ သင့်မြတ်မှသာ ကမ္ဘာကြီး ငြိမ်းချမ်းပြီး အင်အားကြီးနိုင်ငံတွေ အားပြိုင်ကြတဲ့အခါ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်” ၊ “အင်အားကြီးနိုင်ငံတွေ ကောင်းမွန်စွာ အပြန်အလှန်ဆက်ဆံမှုက ရွေးချယ်ရမယ့်ကိစ္စမဟုတ်ဘဲ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပါတယ်” ဟု အလေးအနက် ထောက်ပြခဲ့သည်။

တရုတ်-ရုရှား-အမေရိကန် သုံးနိုင်ငံအကြား ဆက်ဆံရေးသည် သုံးနိုင်ငံမှ ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် သက်ဆိုင်နေသလို ကမ္ဘာကြီး ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလေးအနက်သက်ရောက်မှုရှိနေသည်။ လက်ရှိတွင် နိုင်ငံတကာအခြေအနေသည် ရှုပ်ထွေး၍ ပြောင်းလဲမှုများလျက်ရှိရာ အင်အားကြီးနိုင်ငံများဆက်ဆံရေးသည် ကမ္ဘာ့အခင်းအကျင်းအပေါ် သက်ရောက်မှုရှိနေသည်။ သုံးနိုင်ငံမှ အဆင့်မြင့်အကြီးအကဲများ ပထမဆုံးအကြိမ် တွေ့ဆုံကာ “ကမ္ဘာ့ငြိမ်းချမ်းရေးအား ကာကွယ်ထိန်းသိမ်းပြီး အင်အားကြီးနိုင်ငံများဆက်ဆံရေး မဟာဗျူဟာမြောက် တည်ငြိမ်မှု မြှင့်တင်ရေး” အကြောင်းအရာနှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ရာ ဤအင်အားကြီးနိုင်ငံများက တွေ့ဆုံဆွေးနွေးမှုဖြင့် သဘောတူညီချက်များ စုစည်းလိုသော တက်ကြွသည့်ဆန္ဒကို ပေါ်လွင်စေပေသည်။

ဤသမိုင်းဝင် တွေ့ဆုံမှုသည် ကမ္ဘာကြီးငြိမ်းချမ်းမှုကို ကာကွယ်စောင့်ရှောက်ခြင်း ဟူသည့် ခေတ်ကာလ အရေးကြီးတာဝန်ကို ပေါ်လွင်စေပေသည်။

တရုတ်၊ ရုရှား၊ အမေရိကန်တို့သည် ဒုတိယကမ္ဘာစစ်တွင် အဓိကစစ်အောင်နိုင်သည့်နိုင်ငံများ၊ ကုလသမဂ္ဂ၏ ဖွဲ့စည်းတည်ထောင်မှု အဖွဲ့ဝင်နိုင်ငံနှင့် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်က သုံးနိုင်ငံသည် ပခုံးချင်းယှဉ် တိုက်ပွဲဝင်၍ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်မှုကို ဆွတ်ခူးရရှိခဲ့သည်။ ယနေ့တွင် အဆက်မပြတ်ဖြစ်ပွားနေသည့် ဒေသတွင်းပဋိပက္ခနှင့် မပြီးဆုံးနိုင်သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ သုံးနိုင်ငံသည် နိုင်ငံတကာငြိမ်းချမ်းမှုနှင့်လုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရေး ဟူသည့် အရေးကြီးတာဝန်အား ပခုံးထက်တွင် ထမ်းရွက်ထားရပေသည်။

ပူးပေါင်းဆောင်ရွက်မှု၏အင်အားကို သမိုင်းကဖော်ပြနေသလို လက်တွေ့အခြေအနေကလည်း အင်အားကြီးနိုင်ငံများ တာဝန်ယူမှုကို တိုက်တွန်းလျက်ရှိသည်။ တရုတ်-ရုရှား-အမေရိကန် တို့သည် စံပြနမူနာအနေဖြင့် ကောင်းမွန်စွာ ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ပူးပေါင်းကိုင်တွယ်စီမံကာ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုကို အတူတကွ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် လူသားမျိုးနွယ် တိုးတက်မှုအတွက် ပိုမိုကြီးမားသော တာဝန်များကို တစ်တပ်တစ်အား ထမ်းဆောင်မှုများ လုပ်ဆောင်သင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။

ထိပ်သီးအစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် “တရုတ်-ရုရှား-အမေရိကန် အကြီးအကဲများ ငြိမ်းချမ်းရေး ကြေညာချက်” သည် သုံးနိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ချိတ်ဆက်မှုကိုတိုးမြှင့်ခြင်း၊ အပြန်အလှန်နှင့်ဆက်ဆံရေးအား တည်ငြိမ်စေခြင်းသည် ကိုယ်စီ၏ အကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက ကမ္ဘာကြီးအတွက် ပိုမိုများပြားသော သေချာရေရာမှုများ ဖြည့်တင်းပေးမည်ဟု ဖော်ပြနေသည်။

ဤသမိုင်းဝင် တွေ့ဆုံမှုသည် ခေတ်သစ်တွင် တရုတ်ဝိသေသလက္ခဏာဆောင်သော အင်အားကြီးနိုင်ငံ သံတမန်ဆက်ဆံရေး၏ အားကောင်းသော ဆွဲဆောင်မှုကို ဖော်ပြလျက်ရှိသည်။

ကမ္ဘာကြီးက မတည်မငြိမ် လှုပ်ခတ်ပြောင်းလဲမှု ကာလအသစ်သို့ ဝင်ရောက်လျက်ရှိမှု၊ နိုင်ငံတကာအခြေအနေ ပြောင်းလဲရှုပ်ထွေးလျက်ရှိမှု ဟူသော နောက်ခံအခြေအနေအောက်တွင် အဆိုပါ သမိုင်းဝင် တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ များစွာအာရုံစိုက်ခြင်းခံနေရသည်။ အိမ်ရှင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အင်အားကြီးနိုင်ငံဆက်ဆံရေး တည်ငြိမ်ကြာရှည်စွာရှေ့ဆက်ရန် တွန်းအားပေးသော၊ လူသားမျိုးနွယ်တိုးတက်မှုအတွက် ဖော်ဆောင်လျက်ရှိသော အင်အားကြီးနိုင်ငံတစ်ခု၏ အနေအထားကို ဖော်ပြလျက်ရှိသည်။

နွေဦးရာသီစတင်ချိန်မှစ၍ သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ ပူတင်နှင့် ဗီဒီယိုဖြင့် တွေ့ဆုံခြင်း၊ သမ္မတ ထရမ့်နှင့် ဖုန်းဖြင့် ဆက်သွယ်ခြင်းတို့ ပြုလုပ်ခဲ့သည်မှ မေလတွင် တရုတ်-အမေရိကန်၊ တရုတ်-ရုရှား အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုကို ပေကျင်းမြို့၌ သီးခြားစီ ကျင်းပခဲ့ခြင်းအထိ ထိုမှတစ်ဆင့် ယခုအကြိမ် သုံးနိုင်ငံ အဆင့်မြင့်အကြီးအကဲများ၏ သမိုင်းဝင်တွေ့ဆုံမှုအထိ သမ္မတ ရှီကျင့်ဖိန်၏ နိုင်ငံအကြီးအကဲများ သံတမန်ဆက်ဆံရေး ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံက အစဉ်အမြဲ လူသားတို့ ရှေ့ရေးအတွက် နှလုံးသွင်းပြီး ပြည်သူ့အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားကာ အင်အားကြီးနိုင်ငံများ ကောင်းမွန်စွာ အပြန်အလှန် ဆက်ဆံမှုကို တက်ကြွစွာ တွန်းအားပေးခြင်းဖြင့် လူသားမျိုးနွယ် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဟူသည့် မွန်မြတ်သောလုပ်ငန်းအတွက် တရုတ်ဉာဏ်ပညာ၊ တရုတ်အင်အားများဖြင့် အဆက်မပြတ် အကျိုးထမ်းဆောင်ပေးလျက်ရှိသည်။

၂၁ ရာစုနှစ် ယနေ့တွင် ကမ္ဘာကြီးက ယခုအကြိမ် တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးကို စမှတ်အသစ်အဖြစ် ထားရှိကာ အပြန်အလှန်လေးစားသော၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းသော အင်အားကြီးနိုင်ငံဆက်ဆံရေး စံနမူနာပုံစံအသစ်ကို ဖွင့်လှစ်ကာ လူသားမျိုးနွယ်၏ တူညီသော အနာဂတ်အတွက် ပိုမိုထွန်းလင်းတောက်ပသော ရှေ့ရေးလမ်းကြောင်းကို ဖွင့်လှစ်ပေးရန် အပြည့်အဝ မျှော်လင့်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ပူတင်၊ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့နှင့် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် တရုတ်-ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

第一观察·瞬间|中俄美三国最高领导人有史以来首次聚首

新华社深圳11月19日电 题:中俄美三国最高领导人有史以来首次聚首  新华社记者邵艺博、温馨  

11月19日下午,深圳,国家主席习近平同俄罗斯总统普京、美国总统特朗普举行中俄美元首会晤。  

新华社记者的镜头定格下历史性一刻——  

中俄美三国元首并肩前行。这是三国最高领导人首次聚首,在国际关系史上留下浓墨重彩的一笔。  

开创性的会晤,开启大国良性互动的新篇章。  

习近平主席在会晤中深刻指出:“大国和则世界安,大国斗则世界乱。”“大国良性互动不是选择题,而是必答题。”  

中俄美三国之间的关系攸关三国人民根本利益,也深刻影响世界和平与发展。当前,国际形势复杂多变,大国关系牵动世界格局。三国最高领导人首次聚首,围绕“维护世界和平,促进大国关系战略稳定”主题深入讨论,彰显主要大国愿以对话聚共识的积极意愿。  

开创性的会晤,凸显维护世界和平的时代重任。  

中俄美都是第二次世界大战主要战胜国、联合国创始会员国和安理会常任理事国。80多年前,三国曾并肩奋战赢得世界反法西斯战争胜利。今天,面对延宕不止的地区冲突和层出不穷的全球性挑战,三国更肩负着维护国际和平与安全的重要责任。  

历史昭示合作的力量,现实呼唤大国的担当。习近平主席指出,中俄美应该当好表率,合作应对全球性挑战,共同维护世界和平稳定,为人类进步作出更大贡献。  

会晤后发表的《中俄美元首和平宣言》表明,三国加强战略沟通、稳定相互关系,不仅符合各自利益,也将为世界注入更多确定性。  

开创性的会晤,展现新时代中国特色大国外交的强大感召力。  

在世界进入新的动荡变革期、国际形势变乱交织的背景下,这场历史性的中俄美元首会晤受到国际社会高度关注。作为东道主的中国,展现出推动大国关系行稳致远、为人类谋进步的大国风范。  

从立春之日习近平主席分别同普京总统视频会晤、同特朗普总统通电话,到5月中美、中俄元首会晤分别在北京举行,再到此次三国最高领导人历史性会晤,在习近平主席元首外交引领下,中国始终以人类前途为怀、以人民福祉为念,积极推动大国良性互动,不断为人类和平与发展的崇高事业贡献中国智慧、中国力量。  

21世纪的今天,世界满怀期待:以此次中俄美元首会晤为新起点,开启相互尊重、和平共处、合作共赢、对话协商的大国关系新范式,为人类共同的未来开辟更加光明的前路。(完)图说:11月19日下午,国家主席习近平在深圳同俄罗斯总统普京、美国总统特朗普举行中俄美元首会晤。新华社记者 申宏 摄

မူရင်းသတင်း — Xinhua Myanmar